ဟနွိုင်း၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း ဒါနန်းမြို့ရှိ ရွှေတံတား (Goldern Bridge) သည် ကမ္ဘာ့ လည်ပတ်ရန် အထင်ကရနေရာ ၁၀၀ စာရင်း၌ တစ်ခု အပါအဝင်ဖြစ်လာကြောင်း အမေရိကန်နိုင်ငံ အပတ်စဉ်ထုတ် Time မဂ္ဂဇင်းက ရေးသားထားကြောင်း Vietnam News...
ပြုံယမ်း၊ သြဂုတ် ၂၇ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ Mount Kumgangတွင် သြဂုတ် ၂၀ရက်က စတင်ကျင်းပခဲ့သည့် တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံ ကွဲကွာနေသော မိသားစုဝင်များတွေ့ဆုံပွဲကို နှစ်ကြိမ်ခွဲကျင်းပခဲ့ရာ သြဂုတ် ၂၆ရက် တွင် ပြီးဆုံးသွားပြီဖြစ်ကြောင်း မြောက်ကိုရီးယား ဗဟို သတင်း(KCNA)၏ သတင်းများအရ သိရသည်။
ချီကာဂို ၊ သြဂုတ် ၂၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ချီကာဂိုမြို့အနောက်တောင်ပိုင်းရှိ လူနေတိုက်ခန်းတစ်ခုတွင် သြဂုတ် ၂၆ ရက် နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားရာ ကလေးငယ် ၆ ဦး နှင့် လူကြီး ၂ ဦး သေဆုံးသွားကြောင်း ၊ မီးညွန့်များမှာ မွန်းလွဲပိုင်းအထိ ကျန်နေကြောင်း သိရသည်။
ဝါရှင်တန် ၊ သြဂုတ် ၂၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် Jacksonville မြို့ရှိ ဂိမ်းအရက်ဘားတစ်ခုတွင် ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ သေနတ်သမားအပါအဝင် လူသုံးဦးသေဆုံးသွားကြောင်း ဒေသခံရဲတပ်ဖွဲ့က သြဂုတ် ၂၆ ရက်တွင်ပြောကြားခဲ့သည်။
FAIZABAD ၊ အာဖဂန်နစ္စတန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Basakhshan ပြည်နယ် Nasai ခရိုင်ရှိ အစိုးရအရာရှိတစ်ဦးအား တာလီဘန် စစ်သွေးကြွများက ပြန်ပေးဆွဲခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Sanaullah Rohani က သြဂုတ်လ ၂၆ ရက်က ပြောကြားခဲ့သည်။
ဘန်ကောက်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံရှိ အရှေ့စီးပွားရေးစြင်္ကံ (Eastern Economic Corridor= EEC) စီမံကိန်းကို ပတ္တယားမြို့ရှိ တရုတ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များထံ မိတ်ဆက်ခဲ့ပြီး စက်မှုလုပ်ငန်းဆိုင်ရာ စီမံကိန်းအသစ်များ၏ အခြေခံအဆောက်အအုံကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့ကြောင်း EEC ရုံး အထွေထွေအတွင်းရေးမှူး Kanit Sangsubhan...
ရီယိုဒီဂျနေးရိုး၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ ပြည်နယ်များစွာ၌ လူသတ်မှုနှင့် လူမှုရေးအကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ စစ်ဆင်ရေးများ လုပ်ဆောင်ခဲ့ရာ အရွယ်ရောက်ပြီးသူ ၂,၆၀၀ ကျော်နှင့် အရွယ်မရောက်သေးသူ ၃၄၀ ဦးခန့်တို့အား ထိန်းသိမ်းခဲ့ကြောင်း ရဲတပ်ဖွဲ့က သြဂုတ်လ ၂၅ ရက်တွင် ပြောကြားလိုက်သည်။
ဆိုဖီယာ ၊ သြဂုတ် ၂၆ ရက်(ဆင်ဟွာ) ဘူဂေးရီးယားနိုင်ငံ မြို့တော် ဆိုဖီယာမြို့ အနီးတွင် သြဂုတ် ၂၅ ရက် က ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ပြီးချောက်ထဲ ပြုတ်ကျမှုကြောင့် အနည်းဆုံး လူ ၁၆ ဦး သေဆုံးပြီး ၂၇ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
ဟူစတန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံတောင်ပိုင်း တက္ကဆက်ပြည်နယ်တွင် သြဂုတ်လ ၂၅ ရက် နေ့လယ်ပိုင်းက ရထားတစ်စင်းအား ထရပ်ကားငယ်တစ်စီးက ဝင်တိုက်ခဲ့ရာ လူ ၂ ဦးသေဆုံးခဲ့ပြီး အခြားသူများစွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဘဂ္ဂဒက် ၊ သြဂုတ် ၂၆ ရက်(ဆင်ဟွာ) အီရတ်လုံခြုံရေးတပ်ဖွဲ့က သြဂုတ် ၂၅ ရက်တွင် အီရတ်နိုင်ငံ ဒုတိယအကြီးဆုံးမြို့ Mosul မြို့အနီးတွင် စစ်ရေး လှုပ်ရှားမှုများပြုလုပ်ခဲ့ရာ IS အစွန်းရောက်လက်နက်ကိုင် ၁၀ ဦး အား သုတ်သင်ရှင်းလင်း ခဲ့ကြောင်း အီရတ်နိုင်ငံ စစ်ဘက်ဆိုင်ရာက ယင်းနေ့ပြောကြားခဲ့သည်။