Connect with us

Asia

ကမ္ဘာ့အထင်ကရ ၁၀၀ စာရင်းတွင် ပါဝင်လာသော ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းရှိ ရွှေတံတား

ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့ Ba Na တောင်တန်းပေါ်တွင် တည်ဆောက်ထားသော ရွှေတံတား (Goldern Bridge) အား တွေ့ရစဉ် (ဆင်ဟွာ)

ဟနွိုင်း၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း ဒါနန်းမြို့ရှိ ရွှေတံတား (Goldern Bridge) သည် ကမ္ဘာ့ လည်ပတ်ရန် အထင်ကရနေရာ ၁၀၀ စာရင်း၌ တစ်ခု အပါအဝင်ဖြစ်လာကြောင်း အမေရိကန်နိုင်ငံ အပတ်စဉ်ထုတ် Time မဂ္ဂဇင်းက ရေးသားထားကြောင်း Vietnam News Agency က သြဂုတ်လ ၂၇ ရက်တွင် သတင်းဖော်ပြထားသည်။

“ဗီယက်နမ်အလယ်ပိုင်း တောင်တန်းပေါ်က လက်နှစ်ဘက်ပုံစံ ကျောက်တုံးကြီး နှစ်တုံးပေါ်ထွက်လာပြီး ရေညှိတက်ကာ ကွဲအက်နေတဲ့ပုံဟာ ရှေးဟောင်းအပျက်အစီးတွေနဲ့ တူနေတယ်။ တကယ်တော့ အဲဒါတွေက လူကူးတံတားအတွက် ဝါယာပိုက်ကွက်အသစ်တွေနဲ့ ဖိုင်ဘာမှန်သားပြင်တွေနဲ့ ထောက်ပံ့ပေးထားတာဖြစ်ပြီး တံတားကို ဇွန်လက ဖွင့်ခဲ့ပါတယ်” ဟု Time မဂ္ဂဇင်းက ဆိုသည်။အရှည် ၅၀၀ ပေရှိသော ရွှေတံတားသည် Ba Na တောင်တန်းပေါ်တွင်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၃၂၈၀ ပေ (၁၀၀၀ မီတာနီးပါး) ရှိကာ အနီးဝန်းကျင်ရှိ နာမည်ကျော်ဥယျာဉ်များသို့ ရောက်ရှိရန် ကေဘယ်ကားဖြင့် ချိတ်ဆက်ထားသည်။ (Xinhua)