Connect with us

Asia

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုးတွင် အစိုးရအရာရှိတစ်ဦးအား တာလီဘန် ပြန်ပေးဆွဲ

အာဖဂန်နစ္စတန်နိုင်ငံရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

FAIZABAD ၊ အာဖဂန်နစ္စတန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Basakhshan ပြည်နယ် Nasai ခရိုင်ရှိ အစိုးရအရာရှိတစ်ဦးအား တာလီဘန် စစ်သွေးကြွများက ပြန်ပေးဆွဲခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Sanaullah Rohani က သြဂုတ်လ ၂၆ ရက်က ပြောကြားခဲ့သည်။

အဆိုပါ ပြောခွင့်ရပုဂ္ဂိုလ်၏ ပြောကြားချက်အရ စစ်သွေးကြွအဖွဲ့တစ်ဖွဲ့သည် Nasai ခရိုင် Zaghar တောင်ကြားအား သြဂုတ်လ ၂၅ ရက်က ရုတ်တရက် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ခရိုင်ရှေ့နေ Ahmad Khan အား ပြန်ပေးဆွဲခဲ့ပြီး မည်သည့်နေရာခေါ်ဆောင်သွားကြောင်း မသိရပေ။သို့သော် ထို အရာရှိ ဘေးကင်းစွာ လွတ်မြောက်ရေးအတွက် အနီးဝန်းကျင်ရှိ Shakai နှင့် Maimai ခရိုင်များမှ စစ်ကူများ ယင်းနယ်မြေသို့ စေလွှတ်ထားပြီးဖြစ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်၍ Badakhshan ပြည်နယ်အား ထိန်းချုပ်ထားသော တာလီဘန်စစ်သွေးကြွများက မှတ်ချက်ပြုထားခြင်း မရှိသေးပေ။ (Xinhua)