ဗီယင်ကျန်း၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) လာအိုနိုင်ငံအစိုးရသည် ဇီကာဗိုင်းရပ်စ် ကူးစက်မှုနှင့် ပတ်သက်၍ ကမ္ဘာအရပ်ရပ် နှင့် ဒေသတွင်း အခြေအနေများအား စောင့်ကြည့်သွားရန် အာဆီယံနိုင်ငံများနှင့် ပူးပေါင်းကာ ရှေ့ဆက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း လာအိုနိုင်ငံပိုင် Vientiane Times က စက်တင်ဘာ ၂၁ရက်တွင် ဖော်ပြခဲ့သည်။
ပါရီ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ တရားရေးရာဝန်ကြီး Jean-Jacques Urvoas က အကျဉ်းထောင်များအတွင်း အကျဉ်းသားဦးရေ ပြည့်ကျပ်လာခြင်းအား ကိုင်တွယ်ဖြေရှင်းရန်အတွက် ၂၀၂၅ခုနှစ် မတိုင်မီ အကျဉ်းထောင်ခန်း ၁၆,၀၀၀ခန်း တိုးချဲ့တည်ဆောက်သွားမည့် အစီအစဉ်တစ်ခုအား စက်တင်ဘာ ၂၀ ရက် က ကြေညာခဲ့သည်။
ဝါရှင်တန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) ရီပက်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရန့် က ၎င်းအနေဖြင့် အမေရိကန်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရပါက ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ၂၀၁၅ခုနှစ် ပါရီ သဘောတူညီချက်မှ အမေရိကန်နိုင်ငံ နှုတ်ထွက်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မဲဆွယ်စည်းရုံးခဲ့ခြင်းအပေါ် ရာပေါင်းများစွာသော ထိပ်တန်း သိပ္ပံပညာရှင်များက သတိပေးကန့်ကွက်သည့် အိတ်ဖွင့်ပေးစာတစ်စောင်အား စက်တင်ဘာ...
ဂျကာတာ ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းရှိ အနောက်ဂျာဗားပြည်နယ်၌ စက်တင်ဘာလ ၂ဝ ရက် ညပိုင်း နှင့် စက်တင်ဘာလ ၂၁ ရက် နံနက်ပိုင်းအတွင်း ရေကြီးမြေပြိုမှုများ ဖြစ်ပွားခဲ့ရာ လူ ၁ဝ ဦးသေဆုံးပြီး ၃ဝ ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း...
လောစ့်အိန်ဂျလိစ် ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) ကမ္ဘာကျော် အော်စကာဆုရှင် ဟောလိဝုတ်မင်းသမီး အင်ဂျလီနာဂျိုလီသည် စက်တင်ဘာလ ၁၉ ရက်တွင် ခင်ပွန်းဖြစ်သူ မင်းသား ဘရက်ထံ ကွာရှင်းခွင့်တောင်းလိုက်ပြီဖြစ်ရာ ဟောလီဝုဒ်ရုပ်ရှင်လောက၏ အကျော်ကြားဆုံး လင်မယားစုံတွဲသည် လမ်းခွဲကြရန် အကြောင်းဖန်လာပြီဖြစ်သည်။
ဟာဗားနား၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) ကျူးဘားနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် အီရန် သမ္မတ ဟတ်ဆန် ရောဟာနီနှင့် ကျူးဘား သမ္မတ ရော ကက်စထရိုသည် စက်တင်ဘာလ ၁၉ ရက်က တွေ့ဆုံခဲ့ကာ နှစ်နိုင်ငံအကြား စီးပွားရေး နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်နှင့်အတူ အရေးပါသည့် နိုင်ငံတကာ...
ဘန်ကောက်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) စက်တင်ဘာ ၁၈ရက်တွင် ဖြစ်ပွားခဲ့သည့် သင်္ဘောတိမ်းမှောက်မှု အတွင်း သေဆုံးသူ ဦးရေသည် စက်တင်ဘာလ ၂၀ရက်တွင် ၂၇ဦးရှိလာပြီး အခြားလူ၂ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားခဲ့ကြောင်း ပြည်တွင်းမီဒီယာ ကဖော်ပြခဲ့သည်။
မဲလ်ဘုန်း၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) သြစတြေးလျသိပ္ပံပညာရှင်များက တီထွင်ဖန်တီးခဲ့သည့် ဖောက်ခွဲရေးပစ္စည်းများအား စစ်ဆေးထောက်လှမ်းနိုင်သည့် နည်းပညာသစ်အား လေဆိပ်များ၌ မကြာမီ ဖြန့်ကျက်ထားရှိနိုင်တော့မည်ဖြစ်ကြောင်းသိရသည်။
ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သည် ကုလသမဂ္ဂအဖွဲ့အစည်းများ၏ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များအတွက် နှစ်စဉ်စုစုပေါင်းလှူဒါန်းမှုသည် ၂၀၂၀ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း၁၀၀ ရှိလာမည်ဖြစ်ပြီး ၂၀၁၅ခုနှစ် တွင် လှူဒါန်းခဲ့သည့် ပမာဏ နှင့် နှိုင်းယှဉ်ပါက ပိုမိုများပြားကြောင်း တရုတ်ဝန်ကြီးချုပ် လီခဲ့ချန်က စက်တင်ဘာ ၁၉...
ဟနွိုင်း ၊ စက်တင်ဘာ ၂ဝ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံရှိ မူလတန်းကျောင်းများတွင် ၂ဝ၁၇ ခုနှစ်မှ စတင်ကာ တရုတ်ဘာသာစကားကို စတင်သင်ကြားပေးသွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၁၉ ရက်က ထုတ်ပြန်သည့် ဗီယက်နမ်နိုင်ငံပညာရေး နှင့်လေ့ကျင့်ရေး ဝန်ကြီးဌာန(MoET) ၏ ထုတ်ပြန်ချက်ကို ကိုးကားပြီးသတင်းများက ဖော်ပြသည်။