Connect with us

Europe

ဖင်လန်နိုင်ငံတွင် တံတားပေါ်မှ ဘတ်စ်ကားပြုတ်ကျရာ လူ ၄ဦး သေဆုံး

ဖင်လန်နိုင်ငံတွင် တံတားပေါ်မှ ပြုတ်ကျခဲ့သည့် ဘတ်စ်ကားအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဟယ်ဆင်ကီ၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

ဖင်လန်နိုင်ငံ အရှေ့ပိုင်း Kuopio မြို့တွင် သြဂုတ် ၂၄ ရက် က ရထားလမ်းကျော် တံတားတစ်စင်းပေါ်မှ ဘတ်စ်ကားတစ်စီး ပြုတ်ကျခဲ့ရာ အနည်းဆုံး လူ ၄ဦး သေဆုံးခဲ့ကြောင်း နိုင်ငံပိုင် ရုပ်သံလိုင်း Yle က ထုတ်လွှင့်ခဲ့သည်။

Yle က အခြားလူ ၆ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး မတော်တဆမှုဖြစ်ပွားခဲ့သော နေ့လည်ပိုင်းတွင် အဆိုပါ ဘတ်စ်ကားပေါ်၌ စုစုပေါင်း လူ ၂၀ဦး လိုက်ပါလာကြောင်း သိရသည်။

မျက်မြင်တွေ့ကြုံခဲ့သူများ၏ ပြောကြားချက်အရ ဘတ်စ်ကားသည် အမျိုးသား အဝေးပြေးလမ်းမ အမှတ် ၅ မှ တစ်ဆင့် တောင်ပိုင်းသို့ အမြန်နှုန်းဖြင့် မောင်းနှင်လာခြင်းဖြစ်ကြောင်း၊ ထို့နောက်တံတားပေါ်မှ ရထားသံလမ်းများပေါ်သို့ ပြုတ်ကျခဲ့ကြောင်း နှင့် တံတားသည် အဝေးပြေးလမ်း နှင့် ရထားလမ်း နှစ်ခုစလုံးကို ကန့်လန့်ဖြတ်ထားကြောင်း သိရသည်။

ပြုတ်ကျလာသော ဘတ်စ်ကားသည် ရထား နှင့် တိုက်မိခဲ့ခြင်းမရှိသော်လည်း မီးပွိုင့်တွင် စောင့်ဆိုင်းနေသည့် ကားများစွာ ပျက်စီးခဲ့ကြောင်းသိရသည်။ Yle သတင်းက ဘတ်စ်ကား၏ ဘရိတ်စနစ်များ ချို့ယွင်းခဲ့၍ဖြစ်နိုင်ကြောင်း ဖော်ပြခဲ့သည်။

Kuopio နှင့် Suonenjoki မြို့အကြားရှိ ရထားပြေးဆွဲမှုအား ရပ်ဆိုင်းခဲ့ပြီး ရထားသံလမ်းများအား ပြန်လည်ပြင်ဆင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.