ဝါရှင်တန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁၅ဘီလီယံတန်ဖိုးရှိသည့် THAAD ဒုံးကျည်ကာကွယ်ရေး လက်နက်များ ရောင်းချမည့်အစီအစဉ်ကို အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက အောက်တိုဘာ ၆ရက်တွင် အတည်ပြုပေးခဲ့ကြောင်း ပင်တဂွန်စစ်ဋ္ဌာနချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။
ဝါရှင်တန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) အကြမ်းဖက်မှု တိုက်ဖျက်ရေး နှင့် လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းစဉ်များတွင် အပြုသဘောတိုးတက်လာသော ဆူဒန်နိုင်ငံ၏ ဆောင်ရွက်ချက်များကို အသိအမှတ်ပြုသည့်အနေဖြင့် အမေရိကန်အစိုးရ က ဆူဒန်နိုင်ငံအပေါ် ဆယ်စုနှစ် ၂ခုကြာ ပိတ်ဆို့တားမြစ်မှုများကို အောက်တိုဘာ ၆ရက် က ပြန်လည်ဖြေလျှော့ပေးခဲ့ကြောင်း သိရသည်။
တိုကျို၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ အရှေ့မြောက်ဘက်ရှိ ဖူကူရှီးမားစီရင်စု ကမ်းရိုးတန်းပြင်ပတွင် ကနဦး တိုင်းတာချက် ပြင်းအား ၆.၀ အင်အားရှိသော ငလျင် တစ်ခု ယနေ့ (အောက်တိုဘာလ ၆ ရက်) လှုပ်ခတ်ခဲ့ကြောင်း ရာသီဥတု လုပ်ငန်းက ပြောကြားခဲ့သည်။
မော်စကို၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ မြို့တော် မော်စကို အရှေ့ပိုင်းဒေသတွင် ခရီးသည်တင် ဘတ်စ်ကား တစ်စီး ပြင်းထန်စွာ တိုက်မိသဖြင့် လူ ၁၀ ဦးကျော် သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ ပြည်ထဲရေးဝန်ကြီး၏ ယနေ့ (အောက်တိုဘာလ ၆ ရက်) တွင် ပြောကြားချက်အား...
ရီယာ့ဒ်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံသည် ကာတာနိုင်ငံသားတစ်ဦးအပါအဝင် လူ ၄၆ဦးအား လူမှုကွန်ရက်ပေါ်တွင် လှုံ့ဆော်မှုများပြုလုပ်သည့် စွဲချက်များဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဆော်ဒီသတင်းဋ္ဌာနက အောက်တိုဘာ ၄ ရက်တွင်ဖော်ပြခဲ့သည်။
တန်ဇန်းနီးယား၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) တန်ဇန်းနီးယားနိုင်ငံ စီးပွားရေးမြို့တော် Dar es Salaam မြို့ တွင် အဆိပ်သင့်စေသည်ဟု ယူဆရသော ပြည်တွင်းဖြစ်ဘီယာများသောက်သုံးမှုကြောင့် လူ ၉ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းခေါင်းဆောင်တစ်ဦးက အောက်တိုဘာ ၄ရက်တွင်ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်(Donald Trump) အား ပုဂ္ဂိုလ်ရေး ဝေဖန်မှုပြုလုပ်ခဲ့ပြီး လာမည့်နွေရာသီတွင် ရာထူးမှ နုတ်ထွက်မည်ဟူသော ကောလာဟလများကို အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး တီလာဆန်က အောက်တိုဘာလ ၄ ရက်တွင် ငြင်းဆိုလိုက်သည်။
အဘူဂျာ ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ) နိုက်ဂျီးရီးယားနိုင်ငံ အလယ်ပိုင်း၌ စက်လှေတစ်စင်းတိမ်းမှောက်မှု ဖြစ်ပွားရာ လူပေါင်း ၂၂ ဦး သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု ဒေသတွင်း မီဒီယာက အောက်တိုဘာ ၄ ရက်တွင် ဖော်ပြခဲ့သည်။
ကဘူးလ် ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ၌ အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စစ်သွေးကြွနှိမ်နင်းရေး စစ်ဆင်ရေးများကြောင့် ၂၄ နာရီအတွင်း စစ်သွေးကြွ ၈၁ ဦးကို သုတ်သင်နိုင်ခဲ့ပြီး အခြား ၁၉ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာလ ၄ ရက်တွင် ပြောကြားခဲ့သည်။
ဘေရွတ်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) လက်ဘနွန်နိုင်ငံအတွင်း လုံခြုံရေး အခြေအနေ တည်ငြိမ်လာသည့်အတွက် ခရီးသွားလာရေး အကြောင်းကြားချက်အား ဗြိတိန်အစိုးရက အောက်တိုဘာလ ၂ ရက်တွင် ဖြေလျှော့ပေးလိုက်ကြောင်း သိရသည်။