Connect with us

North America

အီရန် နျူကလီးယား သဘောတူညီမှု သို့ ပြန်လည် ပါဝင်ရန် ဒေါ်နယ်ထရမ့် ပြောကြား

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် အား အိမ်ဖြူတော် တွင် ကျင်းပ သည့် သတင်းစာ ရှင်းလင်းပွဲ တွင် မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က ဇူလိုင်လ ၃၀ ရက် ၌ မိမိ အနေဖြင့် အီရန် နိုင်ငံ ခေါင်းဆောင် နှင့် မည်သည့် တောင်းဆိုမှု မှ သတ်မှတ်ထားခြင်း မရှိသည့် အခြေအနေ အောက်တွင် တွေ့ဆုံ သွားလိုကြောင်း သဘောထားအား ထုတ်ပြန် ကြေညာခဲ့သည်။ ဒေါ်နယ်ထရမ့် ၏ သဘောထား နှင့် ပတ်သက်၍ အီရန် နိုင်ငံ က အမေရိကန် နိုင်ငံ အနေဖြင့် အီရန် နျူကလီးယား သဘောတူညီမှု စာချုပ် သို့ ပြန်လည် ပါဝင်လာပါက တွေ့ဆုံ ဆွေးနွေးမှု အတွက် လမ်းခင်းပေးသွား နိုင်ကြောင်း ပြန်လည် ထုတ်ပြန် ခဲ့သည်။

လေ့လာသုံးသပ်သူ များက အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် သမ္မတ တာဝန် စတင် ထမ်းဆောင်ချိန် မှ စ၍ အီရန် နိုင်ငံ အပေါ် ပြင်းထန်စွာ ဖိအားပေးမှုများ ဆောင်ရွက်ခဲ့ပြီး ယခု အကြိမ် သဘောထား ထုတ်ပြန်ချက် အား သဘောထား ရုတ်တရက် ပြောင်းလဲခြင်း ဟု ဆိုရမည့် အစား ဒေါ်နယ်ထရမ့် မှ ဆွေးနွေးမှု နည်းဗျူဟာ ဖြင့် တစ်ဖက်သား ၏ နောက်ဆုံး စည်းမျဉ်း ကို သိရှိလို၍ စမ်းသပ်ခြင်း ဖြစ်ကာ အကျိုးကျေးဇူးအား အကြီးမားဆုံး ဖြစ်အောင် ရှာဖွေ နေခြင်း ဖြစ်ကြောင်း ၊ အီရန် နျူကလီးယား အရေး နှင့် ပတ်သက်သည့် အငြင်းပွားမှုများ က ဒေသတွင်း တင်းမာမှု အခြေအနေ များကို အဆက်မပြတ် မြင့်တက်လာစေခဲ့ပြီး သက်ဆိုင်ရာ နိုင်ငံ များအနေဖြင့် ဆွေးနွေးမှု မှ တစ်ဆင့် ရန်လိုမှုများကို လျှော့ချ ကာ အငြင်းပွားမှုများကို ဖြေရှင်းသွားသင့်ကြောင်း သုံးသပ် ခဲ့ကြသည်။

ဒေါ်နယ်ထရမ့် က ဇူလိုင်လ ၃၀ ရက် ၌ အိမ်ဖြူတော် တွင် လည်ပတ်ရေး ခရီးဖြင့် ရောက်ရှိလာသည့် အီတလီ နိုင်ငံ ဝန်ကြီးချုပ် နှင့် အတူတကွ သတင်းမီဒီယာ များအား တွေ့ဆုံမှု တစ်ရပ် ပြုလုပ် ခဲ့သည်။ သတင်းစာ ရှင်းလင်းပွဲ အတွင်း သတင်းထောက် ၏ အီရန် နိုင်ငံ သမ္မတ Hassan Rouhani နှင့် တွေ့ဆုံ လိုခြင်း ရှိမရှိ အား မေးမြန်းခဲ့ရာ တွင် ဒေါ်နယ်ထရမ့် က ” ၎င်းတို့ဖက် (အီရန် နိုင်ငံဖက်) က တွေ့ဆုံ လိုလျင် ၊ ကျွန်တော် တို့ တွေ့ဆုံကြမည် ” ဟု ပြန်လည် ဖြေကြား ခဲ့သည်။ ဒေါ်နယ်ထရမ့် က အမေရိကန်-အီရန် နှစ်နိုင်ငံ ခေါင်းဆောင် တွေ့ဆုံမှု အတွက် မည်သည့် တောင်းဆိုမှု မှ ပြုလုပ်ထားခြင်း ရှိမည်မဟုတ်ဘဲ တွေ့ဆုံမှု အား မည်သည့် အချိန်တွင် မဆို ပြုလုပ်သွား နိုင်ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ အမျိုးသား လုံခြုံရေး ကော်မတီ ပြောရေးဆိုခွင့်ရှိ သူ Garrett Marquis မှလည်း ဒေါ်နယ်ထရမ့် သဘောထား အမြင် ထုတ်ပြန် လိုက်ပြီးနောက်တွင် အီရန် နိုင်ငံ အစိုးရ မှ တိကျ၍ ရေရှည်နိုင်သည့် ပြောင်းလဲမှု မျိုး ပြုလုပ်ခြင်း မရှိဘဲ အမေရိကန် နိုင်ငံ အနေဖြင့် အီရန် နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှု များအား ဖယ်ရှားခြင်း သို့မဟုတ် အီရန် နိုင်ငံ နှင့် သံတမန် ဆက်ဆံရေး နှင့် ကုန်သွယ်မှု ဆက်ဆံရေး အား ပြန်လည် တည်ဆောက်မည် မဟုတ်ကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။

ဒေါ်နယ်ထရမ့် ၏ သဘောထား ထုတ်ပြန်ချက် နှင့် ပတ်သက်၍ အီရန် နိုင်ငံ သမ္မတ အကြံပေး ပုဂ္ဂိုလ် Hamid Abu Talibi က အမေရိကန် နိုင်ငံ အနေဖြင့် အီရန် နိုင်ငံ နှင့် တွေ့ဆုံမှု ပြုလုပ်လိုပါက အီရန် နိုင်ငံ ၏ အမျိုးသား အကျိုးစီးပွား ကို လေးစားမှု ထားရှိရမည် ဖြစ်ကြောင်း ၊ အီရန် နိုင်ငံ အပေါ် ရန်လိုမှု များကို လျှော့ချပြီး အီရန် နိုင်ငံ နျူကလီးယား သဘောတူညီမှု စာချုပ် သို့ ပြန်လည် ပါဝင် လာရမည် ဖြစ်ကြောင်း ၊ အမေရိကန် နိုင်ငံ အနေဖြင့် ယင်း အပြုအမူ များကို လိုက်နာလာပါက နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးမှု အတွက် ဖော်ဆောင်ပေးသွား နိုင်ကြောင်း ပြန်လည် ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ သည် ယခု နှစ် မေလ တွင် အီရန် နျူကလီးယားအရေး ဘက်စုံ သဘောတူညီမှု စာချုပ် မှ နုတ်ထွက် ခဲ့ပြီး အီရန် နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှု များ ပြန်လည် ဆောင်ရွက်ကာ နိုင်ငံ အသီးသီး အား နိုဝင်ဘာလ မှ စတင်၍ အီရန် နိုင်ငံ မှ ရေနံ တင်တွင်းမှု အား ရပ်ဆိုင်းကြရန် တောင်းဆိုခဲ့သည်။ အမေရိကန် နိုင်ငံ ၏ ယင်း ဆောင်ရွက်မှု ပြုလုပ်ပြီးနောက်ပိုင်း တွင် နှစ်နိုင်ငံ အနေဖြင့် အပြန်အလှန် ပြင်းထန်စွာ ဝေဖန် ပြောဆိုမှုများ ပြုလုပ်ခဲ့ကြပြီး နှစ်နိုင်ငံ အကြား တင်းမာမှု မှာ လွန်စွာ ကြီးမား လာကြောင်း တွေ့ရှိ ခဲ့ရသည်။

လေ့လာသုံးသပ်သူ များက ဒေါ်နယ်ထရမ့် အနေဖြင့် လက်ရှိချိန် တွင် ပျော့ပြောင်းသော နည်းလမ်း နှင့် တင်းမားသည့် နည်းလမ်း နှစ်မျိုးဖြင့် ဟာကွက်မရှိ အပြောင်းအလဲ ဆောင်ရွက်နေခြင်း ဖြစ်ပြီး ဆွေးနွေးမှု ဗျူဟာ ဖြင့် အကြီးမားဆုံး သော အကျိုးကျေးဇူး ရရှိစေရန် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သုံးသပ် ခဲ့ကြသည်။

အီရန် နိုင်ငံ ၏ တုံ့ပြန်မှု ကို ကြည့်ရမည် ဆိုလျှင် အီရန် နိုင်ငံ မှ ချက်ခြင်း အမေရိကန် နိုင်ငံ နှင့် တွေ့ဆုံမှု ပြုလုပ်ခြင်း ကို ငြင်းဆန်ခြင်း မပြုခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။ အမေရိကန် နိုင်ငံ ၏ ပိတ်ဆို့အရေးယူမှု များ စတင်ဆောင်ရွက်လာသည် နှင့်အမျှ အီရန် နိုင်ငံ ၏ စီးပွားရေး မှာလည်း ကြီးမားသည့် ထိခိုက်မှုများ ဖြစ်ပေါ်လာ ခဲ့သည်။ အနောက်နိုင်ငံ သတင်း မီဒီယာ များ က အမေရိကန် နိုင်ငံ ၏ အရေးယူ ပိတ်ဆို့မှု များကြောင့် အီရန် နိုင်ငံ ၏ ယခု နှစ် ရေနံ ထုတ်လုပ်မှု မှာ ယခင် နှစ်ထက် သုံးပုံ နှစ်ပုံ ခန့် ကျဆင်းသွား နိုင်ကြောင်း ခန့်မန်း ခဲ့ကြသည်။

နှစ်နိုင်ငံ အနေဖြင့် ဆွေးနွေးမှု ပြန်လည် ပြုလုပ်ရန် မှာ အခက်အခဲ နှင့် အတားအဆီး များစွာ တည်ရှိနေဆဲ ဖြစ်သည်။ ပထမ ဦးဆုံး အချက် အနေဖြင့် နှစ်နိုင်ငံ နိုင်ငံရေး ရပ်ဝန်း က ဆွေးနွေးမှု လျင်မြန်စွာ ဖြစ်ပေါ်လာရန် အတွက် ထောက်ခံကြရန် လွန်စွာ ခက်ခဲကြောင်း တွေ့ရှိရမည် ဖြစ်သည်။ Carnegie နိုင်ငံတကာ ငြိမ်းချမ်းရေး ဖောင်ဒေးရှင် အဆင့်မြင့် သုတေတီ Jarrett Blanc က လက်ရှိချိန် တွင် အီရန် နိုင်ငံ အစိုးရ အဖွဲ့အတွင်း မှ မည်သည့် တစ်ဦးတစ်ယောက် မဆို ဒေါ်နယ်ထရမ့် နှင့် ဆက်သွယ်မှု ပြုလုပ်ရန် ကြိုးစား ပါက ပြင်းထန်စွာ ဝေဖန် ခံရမည် ဖြစ်ကြောင်း ၊ အမေရိကန် နိုင်ငံဖက် မှလည်း ဒေါ်နယ်ထရမ့် နှင့် အီရန် နိုင်ငံ သမ္မတ တွေ့ဆုံ ခဲ့ပါက နိုင်ငံတွင်း သဘောထား တင်းမာသူများ ၊ ဆော်ဒီအာရေဗျ နှင့် အစ္စရေး စသည့် မဟာမိတ် နိုင်ငံများ ၏ ဝေဖန်မှု ကို ခံရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အီရန် နျူကလီးယား အရေး နှင့် ပတ်သက်၍ လတ်တလော ကာလ အတွင်း အမေရိကန် နှင့် အီရန် နိုင်ငံ အကြား သဘောထား ကွဲလွဲမှု များ အဆက်မပြတ် မြင့်တက် လာခဲ့ပြီး လွန်စွာရှုပ်ထွေးပြီး တိုက်ပွဲများ ရပ်ဆိုင်းရန် လွန်စွာ ခက်ခဲသည့် အရှေ့အလယ်ပိုင်း အခြေအနေ အား ပိုမို ဆိုးရွား လာစေခဲ့ကြောင်း တွေ့ရှိရမည် ဖြစ်သည်။

ထို့ပြင် အီရန် နျူကလီးယား အရေး က အရှေ့အလယ်ပိုင်း နိုင်ငံများ အုပ်စုခွဲ ရပ်တည်မှု ကို ပိုမို ပြင်းထန်လာစေခဲ့ပြီး အီရန် နှင့် ဆော်ဒီအာရေဗျ နိုင်ငံ တို့မှ ဦးဆောင် သည့် အုပ်စု နှစ်စု အဖြစ် ကွဲထွက်သွားစေခဲ့သည်။

ယင်း အုပ်စု နှစ်ခု မှ ထိန်းချုပ်မှု မရှိတော့သည့် အချိန်တွင် နှစ်ဦးနှစ်ဖက်လုံး မှ ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပွား စေမည် ဖြစ်ပြီး ယင်းအခြေအနေ မျိုး ဖြစ်ပေါ်လာရန် မည်သည့်ဖက် မှ လိုလားမည် မဟုတ်ကြောင်း တွေ့ရှိနိုင်မည် ဖြစ်သည်။ ထို့ကြောင့် အီရန် နျူကလီးယား အရေး ဖြေရှင်းရန် နိုင်ငံခြားရေး နှင့် ဆွေးနွေးမှု လမ်းကြောင်း သို့ ပြန်လည် ရောက်ရှိအောင် ဆောင်ရွက်ရမည် ဖြစ်ပြီး တစ်ဖက်သက် ဖိအားပေး ဆောင်ရွက်မှု မပြုလုပ် သင့်ကြောင်း တွေ့ရှိရမည် ဖြစ်သည်။

အီရန် နျူကလီးယား အရေး ဘက်စုံ သဘောတူညီမှု စာချုပ် အား ၂၀၁၅ ခုနှစ် ဇူလိုင်လ တွင် အီရန် နိုင်ငံ နှင့် အီရန် နျူကလီးယား အရေး နိုင်ငံ ၆ နိုင်ငံ ဖြစ်ကြသည့် အမေရိကန် ၊ ဗြိတိန် ၊ ပြင်သစ် ၊ ရုရှား ၊ တရုတ် နှင့် ဂျာမနီ နိုင်ငံ တို့ မှ အတူတကွ ရေးထိုး ခဲ့ကြခြင်း ဖြစ်သည်။ သဘောတူညီချက် အရ အီရန် နိုင်ငံ အနေဖြင့် ၎င်း ၏ နျူကလီးယား အစီအစဉ် များကို ထိန်းချုပ်ပေးသွားရမည် ဖြစ်ပြီး ငြိမ်းချမ်းစွာ ဖြင့် နျူကလီးယား စွမ်းအင်အား အသုံးပြုနိုင်ကာ နိုင်ငံတကာ အနေဖြင့်လည်း အီရန် နိုင်ငံ အပေါ် ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားပေးကြရမည် ဖြစ်သည်။

အမေရိကန် နိုင်ငံ အနေဖြင့် ယခုနှစ် မေလ တွင် သဘောတူညီချက် မှ နုတ်ထွက်ကာ အီရန် နိုင်ငံ အပေါ် ပိတ်ဆို့အရေးယူမှုများ ပြန်လည် ဆောင်ရွက်ခဲ့သော်လည်း လက်ရှိချိန်ထိ အီရန် နိုင်ငံ က သဘောတူညီချက် တွင် ပါဝင်နေဆဲဖြစ်သည်။ သို့သော် အီရန် နိုင်ငံ အစိုးရ က အီရန် နျူကလီးယား သဘောတူညီမှု စာချုပ်တွင် ပါဝင်သည့် အကျိုးရလဒ် များ ထိန်းသိမ်းမှု မရရှိတော့ချိန်တွင် သဘောတူညီချက် မှ နုတ်ထွက်မည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.