Connect with us

Asia

တရုတ်-စင်ကာပူ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့က ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု နှင့် လွတ်လပ်သောကုန်သွယ်မှုကို ဆုပ်ကိုင်ထားရန် သဘောတူ

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဝမ်ရိ(ဝဲ)နှင့် စင်ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာခရစ်ရှနန်(ယာ) တို့ လက်ဆွဲနှုတ်ဆက်စဉ်(ဆင်ဟွာ)

စင်ကာပူ ၊ သြဂုတ်၂ရက်(ဆင်ဟွာ)

စင်ကာပူနိုင်ငံသို့အလည်အပတ်ရောက်ရှိနေသော တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိက တရုတ်နိုင်ငံအနေဖြင့် ကုန်သွယ်ရေးကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ နှင့် တစ်ဖက်သတ်ကျင့်သုံးဆောင်ရွက်မှုဝါဒကို တိုက်ဖျက်ရေး နှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို စွဲမြဲစွာလက်ခံကျင့်သုံးရေး ရှင်းလင်းသည့် သဘောထားအမြင်ကို စင်ကာပူနိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း သြဂုတ် ၁ ရက်တွင် ပြောကြားခဲ့သည်။

ဝမ်ရိသည် တရုတ်-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး နှင့် အရှေ့အာရှထိပ်သီး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ခရီးစဉ်အတွင်း စင်ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဗီဗီယန်ဘာလာခရစ်ရှနန် (Vivian Balakrishnan) နှင့်တွေ့ဆုံပြီး အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သော သုံးနှစ်တကာလအတွက် တရုတ်-အာဆီယံ ဆက်ဆံရေးအတွက် တရုတ် နှင့် အာဆီယံအကြား နှစ်ဖက်ဆက်ဆံရေးများ တိုးတက်ခိုင်မာအောင် စင်ကာပူနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုအပေါ် တရုတ်နိုင်ငံက တရားဝင်ချီးကျူးဂုဏ်ပြုပါကြောင်း နှင့် တရုတ်နိုင်ငံအနေဖြင့် အာဆီယံနှင့်အတူ အရှေ့အာရှဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို အစဉ်တစိုက်အားပေးထောက်ခံခဲ့ကြောင်း ဝမ်ရိက ဆိုသည်။

“ ကမ္ဘာကြီးမှာ မရေရာမှု နဲ့မတည်ငြိမ်မှုတွေကြီးထားလာနေခြင်းနဲ့အတူ ကျွန်တော်တို့အနေနဲ့အရှေ့အာရှဒေသမှာ လက်ရှိသွားနေတဲ့ တည်ငြိမ်အေးချမ်းမှု အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းသွားရမှာဖြစ်ပါတယ် ” ဟု ဝမ်ရိက ပြောသည်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်က ဒေသတွင်းစီးပွားရေးတိုးချဲ့မှု နှင့်လွတ်လပ်သောကုန်သွယ်မှုအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုကို ဆုပ်ကိုင်သွားရေး နှင့် တစ်ဖက်သတ်ကျင့်သုံးဆောင်ရွက်မှုဝါဒ နှင့် ကုန်သွယ်ရေးကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒကို တိုက်ဖျက်သွားရေးတွင် နှစ်နိုင်ငံအတူတကွရပ်တည်သွားရန် သဘောတူညီခဲ့သည်။

အာဆီယံ-တရုတ် ဆက်ဆံရေးများတွင် ဖွံ့ဖြိုးတိုးတက်မှုဆီသို့ဦးတည်နေသည့် အပြုသဘောဆောင်သည့်မှတ်ချက် နှင့် အာဆီယံ-တရုတ် နိုင်ငံများအကြားဆက်ဆံရေးတိုးတက်အောင် စင်ကာပူနိုင်ငံ၏ အခန်းကဏ္ဍအပေါ် တရုတ်နိုင်ငံ၏ ချီးကျူးထောက်ခံမှုအတွက်လည်း ဝမ်းမြောက်ဂုဏ်ယူကြောင်း ၎င်းက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.