ဟမ်းစ်စတိတ်၊ အမေရိကန်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ) ဒီမိုကရက်တစ် ပါတီ သမ္မတလောင်း ဟီလာရီ ကလင်တန်နှင့် ရီပက်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ် ထရမ့် တို့သည် ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲအတွက် ပထမဆုံးအကြိမ် စကားစစ်ထိုးပွဲ၌ ကလင်တန်က ထရမ့်အား အခွန်ပြန်တမ်း မထုတ်ပြန်ပေးသူနှင့် လိမ်ညာ...
ဟူစတန် ၊ စက်တင်ဘာ ၂၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဟူစတန်မြို့အနောက်တောင်ပိုင်း၌ စက်တင်ဘာ ၂၆ ရက် နံနက်အစောပိုင်းတွင် မော်တော်ယာဉ်များအား သေနတ်သမားတစ်ဦးက လက်နက်အမျိုးမျိုးဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ရာ လူ ၉ ဦးထိခိုက်ဒဏ်ရာရသွားကြောင်း သိရသည်။
ကိုလံဘီယာ၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ) ကိုလံဘီယာ သမ္မတ Juan Manuel Santos နှင့် FARC လက်နက်ကိုင်အဖွဲ့ ဦးစီးချုပ် Timoleon Jimenez တို့သည် စက်တင်ဘာ ၂၆ရက် နေ့လည်ပိုင်းက Cartagena မြို့တွင် ၅၂နှစ်ကြာ ဖြစ်ပွားခဲ့သည့် ပဋိပက္ခစစ်ပွဲများအား အဆုံးသတ်စေမည့်...
မနီလာ ၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတေးက“ကျွနု်ပ် နှင့် အမေရိကန်ကြားက နယ်နိမိတ်မျဉ်းကိုဖြတ်ကျော်၍” ဟူသော ကြွေးကြော်သံဖြင့် ဖိလစ်ပိုင်နိုင်ငံသည် ကုန်သွယ်ရေးလမ်းကြောင်းအားလုံးကို တံခါးဖွင့်ပြီး တရုတ် ၊ ရုရှားနိုင်ငံများနှင့် ကူးလူးဆက်ဆံမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၂၆ ရက်က ထုတ်ဖော်ပြောကြားလိုက်သည်။
မဲလ်ဘုန်း၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) အနောက် သြစတြေးလျနိုင်ငံ က အသက် ၁၃ နှစ်အရွယ် ရေလွှာလျှောစီးသမားတစ်ဦးသည် ရေလှိုင်းစီးနေစဉ် လင်းပိုင် တစ်ကောင်နှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။
ဂျကာတာ၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း ဂျာဗားကျွန်း အရှေ့ပိုင်းရှိ ဝေဟင်၌ ပေါက်ကွဲပြီး လူနေ ဧရိယာပေါ်သို့ ပြုတ်ကျခဲ့သည်မှာ လေယာဉ် မဟုတ်ဘဲ အရာဝတ္ထုများသာ ဖြစ်ကြောင်း၊ ယင်း အရာဝတ္ထုများအား အမျိုးအစား ခွဲခြားနေကြောင်း အင်ဒိုနီးရှားနိုင်ငံ ပို့ဆောင်ရေး ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူက...
ဟနွိုင်း၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းရှိ Thanh Hoa ပြည်နယ်ရှိ ထိန်းသိမ်းရေး စင်တာ တစ်ခုဖြစ်သော ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ် လုပ်ငန်းနေရာ တစ်ခု၌ သက်တမ်း နှစ်ပေါင်း ၂၀၀၀ မှ ၂၅၀၀ ခန့်ရှိ ဒေါင်ဆန်း မျိုးနွယ်စု၏...
ဟိုချီမင်း၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ အထည်ချုပ်စက်ရုံတစ်ခု တွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားစုစုပေါင်း ၁၁၇ဦး H1N1 ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသည်ကို အတည်ပြုနိုင်ခဲ့ကြောင်း ပြည်တွင်းမီဒီယာ တစ်ခု က စက်တင်ဘာ ၂၆ရက်တွင် ဖော်ပြခဲ့သည်။
အစ္စလမ္မာဘတ် ၊ စက်တင်ဘာ ၂၆ ရက်(ဆင်ဟွာ) ပါကစ္စတန်လူမျိုး တာလီဘန်အကြမ်းဖက်အဖွဲ့၏ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ အေဇမ်တာရစ် (Azam Tariq) သည် အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း Paktika ပြည်နယ်အတွင်း သေဆုံးသွားပြီဟု ယုံကြည်ရကြောင်း အကြမ်းဖက်အဖွဲ့နှင့်ဆက်နွယ်မှုရှိသည့် သတင်းအရင်းအမြစ်များက စက်တင်ဘာလ ၂၅ ရက်တွင် အတည်ပြုပြောကြားသည်။
ဆန်ဖရန်စစ္စကို ၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အနောက်မြောက်ဘက် ဝါရှင်တန်ပြည်နယ် ၊ ဆီတဲလ်မြို့ရှိ ကုန်တိုက်တစ်ခု၌ စက်တင်ဘာလ ၂၃ ရက် ညပိုင်းက သေနတ်သမား၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူ ၄ဦးသေဆုံးသွားကြောင်း သိရသည်။