Connect with us

Europe

တူရကီ နိုင်ငံ တွင် အချိန် ၂ နှစ်ကြာ ကြာမြင့် ခဲ့သည့် အရေးပေါ် အခြေအနေ အား ပြန်လည် ရုပ်သိမ်း

တူရကီ နိုင်ငံ သမ္မတ နှင့် အရာရှိ များ က အစည်းအဝေး ကျင်းပ နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

အန်ကာရာ ၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)

တူရကီ နိုင်ငံ တွင် ဇူလိုင်လ ၁၈ ရက် ညပိုင်း အချိန် ထိ အရေးပေါ် အခြေအနေ အား တိုးမြှင့်ခြင်း ဆိုင်ရာ ကြေညာချက် ထွက်ပေါ်လာခြင်း မရှိဘဲ အချိန် ၂ နှစ် ကြာမြင့် ခဲ့သည့် အရေးပေါ် အခြေအနေ မှာ ဇူလိုင်လ ၁၉ ရက် နံနက်ပိုင်း အချိန် တွင် ကုန်ဆုံး သွားပြီ ဖြစ်ကြောင်း သိရှိရသည်။

တူရကီ နိုင်ငံ သမ္မတ နှင့် အဓိက နိုင်ငံရေး ပုဂ္ဂိုလ် များ က အရေးပေါ် အခြေအနေ ထပ်မံ တိုးမြှင့်ခြင်း ကို ဆောင်ရွက်မည် မဟုတ်ကြောင်း လတ်တလောရက်ပိုင်း တွင် ပြောကြား ခဲ့ကြသည်။ တူရကီ နိုင်ငံ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ က ဇူလိုင်လ ၁၃ ရက် ၌ အရေးပေါ် အခြေအနေ ရုပ်သိမ်းခြင်း ဟာ အကြမ်းဖက် သမား များအား အခွင့်အရေး ဖြစ်ပေါ်စေနိုင်မည် မဟုတ်ကြောင်း ၊ တူရကီ နိုင်ငံ အမျိုးသား လုံခြုံရေး ခြိမ်းခြောက်မှု ခံခဲ့ရပါက အရေးပေါ် အခြေအနေ ပြန်လည် ကြေညာ သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

၂၀၁၆ ခုနှစ် ဇူလိုင် ၁၅ ရက် ၌ တူရကီ နိုင်ငံ တွင် စစ်အာဏာ သိမ်းရန် ကြံစည်မှု ဖြစ်ပွား ခဲ့ပြီး လူပေါင်း ၂၅၀ သေဆုံး ခဲ့ရသည်။ ဇူလိုင်လ ၂၀ ရက် ၌ တူရကီ နိုင်ငံ အစိုးရ မှ အရေးပေါ် အခြေအနေ အဖြစ် ကြေညာချက် ထုတ်ပြန် ခဲ့ပြီး ၇ ကြိမ် တိုင်တိုင် ထပ်မံ အချိန်ကာလ တိုးမြှင့်မှု ကို ဆောင်ရွက် ခဲ့သည်။ နောက်ဆုံးအကြိမ် အရေးပေါ် အခြေအနေ အချိန်ကာလ တိုးမြှင့်မှု ဧပြီလ ၁၉ ရက် တွင် ပြုလုပ် ခဲ့ပြီး အချိန် ၃ လ ထပ်မံ တိုးမြှင့်မှု ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.