Connect with us

Europe

ကမ္ဘာ့ဖလားပွဲ၏ အကောင်းဆုံးနှင့် အဆိုးဆုံး ကောက်နုတ်ချက်များ

ကမ္ဘာ့ဖလားဆု ဆွတ်ခူးနိုင်ခဲ့သည့် ပြင်သစ်နိုင်ငံအသင်း အောင်ပွဲခံနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ မြို့တော် မော်စကိုရှိ Luzhniki အားကစားရုံတွင် ဇူလိုင်လ ၁၅ ရက်က ကျင်းပပြီးစီးခဲ့သော ကမ္ဘာဖလားပြိုင်ပွဲ ဗိုလ်လုပွဲတွင် ပြင်သစ်နိုင်ငံက ခရိုအေးရှားနိုင်ငံအား ၄ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိ၍ ဗိုလ်စွဲသွားခဲ့သည်။ ရုရှားနိုင်ငံ မြို့ကြီးများတွင် ကျင်းပခဲ့သော အဆိုပါ ပြိုင်ပွဲတစ်လျှောက် ပြိုင်ပွဲဝင် ၃၂ သင်း၊ ကစားသမားများနှင့် ကစားပွဲများအနက် အဆိုးဆုံးနှင့် အကောင်းဆုံးဟု ယူဆရသည်များကို အောက်ပါအတိုင်း နှိုင်းယှဉ်တင်ပြလိုက်ပါသည်။

အကောင်းဆုံးဘောလုံးကစားသမား

ခရိုအေးရှားအသင်း တိုက်စစ်မှူး လူကာ မိုဒရစ် (Luka Modric) သည် ရွှေဘောလုံးဆုကို ထိုက်တန်စွာ ရရှိခဲ့ပြီး ကမ္ဘာ့ဖလား အကောင်းဆုံးကစားသမားအဖြစ် ဆုချီးမြှင့်ခြင်းခံခဲ့ရသည်။ ရီးယဲလ်မက်ဒရစ်ကလပ်အသင်း ကစားသမားလည်း ဖြစ်သူ အသက် ၃၂ နှစ်အရွယ် လူကာ မိုဒရစ်သည် အခြားကွင်းလယ်ကစားများထက် ကီလိုမီတာများစွာ ပိုပြေးနိုင်ပြီး ၎င်း၏ စွမ်းရည်မြှင့်ပြိုင်ဘက် နောက်တန်းကို ထိုးဖောက်နိုင်စွမ်းရှိကာ အာဂျင်တီးနားအသင်းနှင့် ပွဲစဉ်တွင် ကိုက် ၃၀ အကွာမှ ၎င်း၏ ကန်ချက်ဖြင့် ဂိုးသွင်းကာ ခြေစွမ်းပြနိုင်ခဲ့ပါသည်။

အကောင်းဆုံးဘောလုံးကစားသမား ရွှေဘောလုံးဆု ရရှိခဲ့သည့် ခရိုအေးရှားအသင်း တိုက်စစ်မှူး လူကာ မိုဒရစ်အား တွေ့ရစဉ် (ဆင်ဟွာ)

အကောင်းဆုံးဂိုး

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ၁၆ သင်းရှုံးထွက်အဆင့်တွင် အာဂျင်တီးနားနိုင်ငံနှင့် ယှဉ်ပြိုင်ကစားစဉ် ပြင်သစ်နိုင်ငံအသင်းမှ Benjamin Pavard ၏ အကောင်းဆုံးသွင်းဂိုးက ပြိုင်ပွဲ၏ အကောင်းဆုံးဂိုးဖြစ်ခဲ့သည်။ အသက် ၂၂ နှစ်အရွယ် Stuttgart ကလပ်အသင်း ခံစစ်ကစားသမားဖြစ်သူ Benjamin Pavard က ညာဘက်ထောင့်မှ အပြင်းကန်သွင်းခဲ့ရာ အာဂျင်တီးနား ဂိုးသမား Franco Armani က မဖမ်းနိုင်ဘဲ ဂိုးပေးခဲ့ရသည်။

အဆိုးဆုံးအသင်း

ကမ္ဘာ့ဖလားပွဲစဉ်တစ်လျှောက်တွင် ပနားမားအသင်းက ဘယ်လ်ဂျီယံအသင်း၊ အင်္ဂလန်အသင်းနှင့် တူနီရှားအသင်းတို့နှင့် ကစားခဲ့ရာ သုံးပွဲလုံးရှုံးခဲ့ပြီး ပေးဂိုး ၁၁ ဂိုးရှိခဲ့ကာ သွင်းဂိုး ၂ ဂိုးသာရှိခဲ့သည်။ ဇူလိုင်လ ၁၇ ရက်တွင်မူ အသင်းနည်းပြဖြစ်သူ ကိုလံဘီယာနိုင်ငံသား နည်းပြ Hernan Dario Gomez က “ကျွန်တော့် နှလုံးသားနဲ့ ရင်းထားရတဲ့ ဒီနေရာကနေ ထွက်ချိန်တန်ပါပြီ” ဟု မျှော်လင့်မထားဘဲ အသင်းနည်းပြရာထူးမှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။

အကောင်းဆုံး လူငယ်ကစားသမားဆု ချီးမြှင့်ခံရသည့် ပြင်သစ်အသင်းမှ Kylian Mbappe အား တွေ့ရစဉ် (ဆင်ဟွာ)

အကောင်းဆုံးပွဲ

ကမ္ဘာ့ဖလားတွင် အကောင်းဆုံးပွဲမှာ ရုရှားနိုင်ငံ ဆိုချီမြို့တွင် ပြုလုပ်သည့် ပွဲစဉ် အုပ်စု B ဒုတိယနေ့တွင် စပိန်အသင်းနှင့် ပေါ်တူဂီအသင်းတို့ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခဲ့ရသည့် ပွဲဖြစ်သည်။ စပိန်အသင်းမှာ ဦးဆောင်ဂိုးပေးထားရသည့် အခြေအနေနှစ်ကြိမ်တိုင် ဖြစ်ခဲ့ကာ နောက်မှ လိုက်ကစားခဲ့ရပြီး Nacho Fernandez ၏ သွင်းဂိုးဖြင့် သုံးဂိုးနှစ်ဂိုးဖြင့် ပြန်လည်ဦးဆောင်ခဲ့သည်။ ပေါ်တူဂီအသင်းမှ ခရစ္စတီယာနို ရော်နယ်ဒိုကလည်း တတိယဂိုးသွင်းယူကာ သွင်းဂိုး သုံးဂိုးဖြင့် ပေါ်တူဂီအသင်းအတွက် သရေကျကာ အမှတ်တစ်မှတ် ရစေခဲ့သည်။

အဆိုးဆုံးပွဲ

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ Luzhniki အားကစားရုံတွင် ကစားခဲ့သော ပြင်သစ်နှင့် ဒိန်းမတ်တို့၏ ပျင်းစရာအကောင်းဆုံး သရေပွဲက ပြိုင်ပွဲတွင် အဆိုးဆုံးပွဲ ဖြစ်ခဲ့သည်။ နှစ်သင်းလုံးက နောက်ဆုံး ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်မှ တက်ရန် သေချာနေသည့်အတွက် ထိုပွဲတွင် အနည်းငယ်သာ အားထုတ်ကစားခဲ့သည်ကို တွေ့မြင်ခဲ့ရသည်။

ရုရှားနိုင်ငံတွင် ဇူလိုင်လ ၁၅ ရက်က ကမ္ဘာ့ဖလား ဗိုလ်လုပွဲ၌ ပြင်သစ်အသင်းနှင့် ခရိုအေးရှားအသင်း ယှဉ်ပြိုင်ကစားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

အကြီးမားဆုံး ရှုံးနိမ့်မှု

ကမ္ဘာ့ဖလား ချန်ပီယံဖြစ်သူ ဂျာမနီအသင်းသည် ၁၆ သင်းရှုံးထွက်အဆင့်သို့ပင် တက်လှမ်းနိုင်ခြင်းမရှိဘဲ အုပ်စုအဆင့်၌ မက္ကဆီကိုအသင်းနှင့် တောင်ကိုရီးယားနိုင်ငံအသင်းတို့အား ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။ ကမ္ဘာ့ဖလား ပြိုင်ပွဲသက်တမ်းတစ်လျှောက်တွင် အုပ်စုအဆင့်မှာပင် ထွက်ခဲ့ရသော ချန်ပီယံအသင်းများမှာ အီတလီအသင်း၊ စပိန်အသင်းနှင့် ဂျာမနီအသင်း သုံးသင်းရှိလာပြီ ဖြစ်သည်။

အကြီးမားဆုံး အံ့အားသင့်မှု

ကမ္ဘာ့အဆင့်မီ ကစားသမားများ ပါဝင်ခြင်းမရှိသော်လည်း ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ မတိုင်မီက ခရိုအေးရှားနိုင်ငံအသင်းအား ချန်ပီယံဖြစ်ရန် အခွင့်အရေးအနည်းငယ်သာရှိကြောင်း ဘောလုံးပွဲကျွမ်းကျင်သူ အနည်းငယ်က ခန့်မှန်းခဲ့သည်။ သို့သော်လည်း အသင်း၏ ကွင်းလယ်ကစားသမား အကျော်အမော် မိုဒရစ်၏ ဦးဆောင်မှု၊ အသင်းနည်းပြ Zlako Dalic ၏ အသင်းသားများအား ဗိုလ်လုပွဲအထိ ကောင်းစွာ ကိုင်တွယ်နိုင်မှုကြောင့် လူဦးရေ လေးသန်းစွန်းစွန်းသာရှိသော နိုင်ငံတစ်ခုအတွက် အသိအမှတ်ပြုဖွယ် အောင်မြင်မှု ရရှိခဲ့သည်။

အကြီးမားဆုံး စိတ်ပျက်စရာကောင်းမှု

နေမာအနေဖြင့် ဘရာဇီးအသင်းအား ခြောက်ကြိမ်မြောက် ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်ရေး မျှော်မှန်းချက်၊ ၎င်းကိုယ်တိုင် ယခုနှစ်၏ အကောင်းဆုံးဘောလုံးသမားဆု (Ballon d’Or) ရရှိနိုင်ရေး ရည်ရွယ်ချက်များဖြင့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ကစားခဲ့သည်။ သို့သော်လည်း အဆိုပါ ရည်ရွယ်ချက် နှစ်ခုလုံးနှင့် ၎င်း၏ ဂုဏ်သတင်းမှာ ပျက်ယွင်းခဲ့ရသည်။ Paris Saint-German ကလပ်အသင်း ရှေ့တန်းတိုက်စစ်မှူးလည်း ဖြစ်သူ နေမာသည် ပွဲစဉ်တစ်လျှောက် နှစ်ဂိုးသာသွင်းယူနိုင်ခဲ့ပြီး ပွဲစဉ်တစ်ခု၌ ဟန်ဆောင်ကာ မြက်ခင်းပြင်ပေါ် လှိမ့်ချခြင်းနှင့် ဒိုင်ဗင်ထိုးချခဲ့သည့် အပြုအမူကြောင့် လူမှုမီဒီယာပေါ်တွင် လှောင်ပြောင်စရာဖြစ်ခဲ့သည်။

အကောင်းဆုံး လူငယ်ကစားသမား

ပြင်သစ်အသင်းမှ Kylian Mbappe က အထက်ပါ ဂုဏ်ထူးကို ရရှိခဲ့ခြင်းအတွက် သံသယရှိစရာမရှိပေ။ အသက် ၁၉ နှစ်သာရှိသေးသော ဘောလုံးသမားလေး၏ စွမ်းရည်အား ဘောလုံးပြိုင်ပွဲများ မစတင်မီ သံသယအနည်းငယ် ရှိခဲ့ကြသော်လည်း ပြင်သစ်အသင်း ရှေ့တန်းတိုက်စစ်မှူး အဖြစ်ကစားခဲ့ရာတွင်မူ ဘောလုံးလောက၏ သွေးသစ် စူပါစတားအဖြစ် ၎င်း၏ အဆင့်က အတည်ပြုပေးခဲ့သည်။ Mbappe သည် ရုရှားနိုင်ငံတွင် ကျင်းပခဲ့သည့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတစ်လျှောက် ဗိုလ်လုပွဲ၌ ကိုက် ၃၀ အကွာမှ သွင်းယူခဲ့သည့်ဂိုးအပါအဝင် စုစုပေါင်း လေးဂိုးသွင်းယူနိုင်ခဲ့သည်။ ထို့ပြင် Mbappe သည် ကမ္ဘာ့ဖလား ပွဲစဉ်တွင် ဒုတိယမြောက် ဆယ်ကျော်သက် ဂိုးသွင်းယူခဲ့သည့် ဘောလုံးသမားလည်း ဖြစ်လာခဲ့သည်။ ပထမဆုံးတစ်ဦးမှာ ၁၉၅၈ ခုနှစ်တွင် ပီလီက အသက် ၁၇ နှစ်အရွယ်တွင် ရရှိခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.