နန်နင်း၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံအတွင်း ဘန်ကောက်နှင့် နာခွန် ရတ်ချာစီမာမြို့တို့အကြား ချိတ်ဆက်မည့် ရထားလမ်း တည်ဆောက်ခြင်းအား ယခုနှစ်အတွင်း စတင်မည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ပရာဂျင် ဂျန်တုန်က စက်တင်ဘာလ ၁၁ ရက်က ပြောကြားခဲ့သည်။
မနီလာ၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ၉/၁၁ အကြမ်းဖက်မှုအပြီးတွင် ဖိလစ်ပိုင်အစွန်းရောက်အဖွဲ့ဖြစ်သော အဘူဆာရက်ဖ်အကြမ်းဖက်အဖွဲ့ ပိုမိုအားကောင်းလာခဲ့ကြောင်း အစိုးရ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
နယူးယောက်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် စက်တင်ဘာ ၁၁ ရက်က ၉/၁၁ အကြမ်းဖက်မှု ၁၅နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား အား ကျင်းပခဲ့ကြောင်း သိရသည်။
ဒူဘိုင်း ၊ စက်တင်ဘာလ ၁၂ ရက် (ဆင်ဟွာ) အာရပ်စောဘွားများပြည်ထောင်စု(ယူအေအီး) နိုင်ငံ စီးပွားရေးဝန်ကြီးဌာန ဝန်ကြီးက ၂ဝ၁၆ ခုနှစ်တွင် နိုင်ငံ၏ ပို့ကုန်တန်ဖိုးသည် ယူအေအီးငွေ ဒိုင်ယာဟမ်းစ် ၁.၃ ထရီလီယံ ( အမေရိကန်ဒေါ်လာ ၃၅၄.၂၂ သန်း) အထိ ရှိကြောင်း နှင့် ယခင်နှစ်ကထက်...
နယူးယောက် ၊ စက်တင်ဘာလ ၁၂ ရက် (ဆင်ဟွာ) အမေရိကန် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဟီလာရီကလင်တန်သည် တနင်္ဂနွေနေ့က ကျင်းပသည့် (9/11) စက်တင်ဘာ၁၁ တိုက်ခိုက်မှု ၁၅ နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနားတက်ရောက်အပြီးတွင် အဆုပ်ရောင် ရောဂါခံစားနေရသဖြင့် နေ အိမ်၌ အနားယူနေရကြောင်း သိရသည်။
ဘန်ဒါ ဆရီ ဘီဂါဝမ်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) Samsung Galaxy Note 7 ၏ ဘက်ထရီချို့ယွင်းချက်ကြောင့် ကမ္ဘာ့အနှံ့တွင်ပြန်လည်သိမ်းဆည်းနေသည့် ဖြစ်ရပ်ဖြစ်ပွားပြီးနောက် ဘရူနိုင်းနိုင်ငံ လေကြောင်းလိုင်း Royal Brunei (RB) က ၎င်း၏ လေယာဉ်များပေါ်တွင် မီးလောင်မှု ဖြစ်ပွားတတ်သည့် Samsung...
ဒမတ်စကပ်စ် ၊ စက်တင်ဘာလ ၁၁ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ Idlib ပြည်နယ်၌ စက်တင်ဘာလ ၁ဝ ရက်တွင် ဆီးရီးယားတပ်ဖွဲ့ဝင်များ၏ လေကြောင်း တိုက်ခိုက်မှုဖြင့် သူပုန်တပ်သား ၂၄ ဦး သေဆုံးသွားကြောင်း စောင့်ကြည့်အကဲခတ်ရေးအဖွဲ့က ဆိုသည်။
ဘဂ္ဂဒက်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်မြို့ ရှိ လူစည်ကားရာအရပ်တစ်ခုတွင် ဗုံးဖောက်ခွဲရန်ကြိုးစားခဲ့သည့် အသေခံဗုံးခွဲသမားတစ်ဦးအား အီရတ်လုံခြုံရေးတပ်ဖွဲ့များက စက်တင်ဘာ ၁၀ ရက်တွင် အသေပစ်ခတ်နိုင်ခဲ့သော်လည်း ဗုံးပေါက်ကွဲခဲ့၍ ပြည်သူ တစ်ဦး နှင့် အခြား ကိုးဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့သတင်းရင်းမြစ်တစ်ခု ကပြောကြားခဲ့သည်။
တန်ဇန်းနီးယား၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) တန်ဇန်းနီးယားနိုင်ငံ အနောက်မြောက်ဘက်တွင် စက်တင်ဘာ ၁၀ ရက်က အင်အား ၅.၇ မဂ္ဂနီကျု ရှိသည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူ၁၁ဦး ထက်မနည်းသေဆုံးပြီး လူ၂၀၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
ဒမတ်စကပ်စ် ၊ စက်တင်ဘာလ ၁၁ ရက် (ဆင်ဟွာ) အမေရိကန် နှင့် ရုရှား နိုင်ငံတို့က စက်တင်ဘာလ ၁ဝ ရက်တွင် အဆိုပြုခဲ့သည့် အပစ်အခတ်ရပ်စဲရေးကို ဆီးရီးယား နိုင်ငံအစိုးရက သဘောတူလက်ခံလိုက်ကြောင်း ဆီးရီးယားနိုင်ငံပိုင်း SANA သတင်းဌာနက ဖော်ပြလိုက်သည်။