Connect with us

Asia

ကုလသမဂ္ဂ အရာရှိ က မြောက်ကိုရီးယား နိုင်ငံ အပေါ် လူသားချင်း စာနာထောက်ထားမှု အကူအညီများ တိုးမြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား

ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းဆိုင်ရာ ဒုတိယ အတွင်းရေးမှူး Mark Lowcock က ဗြုံယမ်း မြို့ ၌ သတင်းစာ ရှင်းလင်းပွဲ ကျင်းပ နေစဉ်(ဆင်ဟွာ)

ပြုံယမ်း ၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယား နိုင်ငံ သို့ အလည်အပတ် ခရီး ရောက်ရှိနေသည် ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းဆိုင်ရာ ဒုတိယ အတွင်းရေးမှူး Mark Lowcock က မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် လူသားချင်း စာနာထောက်ထားမှု ကဏ္ဍ တွင် တိုးတက်မှုများစွာ ရှိလာသော်လည်း စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရဆဲ ဖြစ်သောကြောင့် ကုလသမဂ္ဂ အနေဖြင့် မြောက်ကိုရီးယား နိုင်ငံ အပေါ် လူသားချင်း စာနာထောက်ထားမှု အကူအညီများ တိုးမြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဇူလိုင်လ ၁၁ ရက် ၌ ပြောကြား ခဲ့သည်။

Mark Lowcock က ပြုံယမ်း မြို့ ၌ ကျင်းပ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တွင် ကုလသမဂ္ဂ အနေဖြင့် လက်ရှိချိန်တွင် မြောက်ကိုရီးယား နိုင်ငံ ၌ အဓိက ဆောင်ရွက်နေသည့် ကူညီထောက်ပံ့မှု မှာ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံ များ မှ မြောက်ကိုရီးယား နိုင်ငံ အား အမေရိကန် ဒေါ်လာ သန်း ၁၁၀ တန်ဖိုးရှိ လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးအပ်ရန် ဖြစ်ကြောင်း ၊ ယင်း ကူညီထောက်ပံ့ငွေဖြင့် မြောက်ကိုရီးယား နိုင်ငံ ရှိ ကလေးငယ်များ အဟာရ ချို့တဲ့မှု ၊ သန့်ရှင်းသည့် သောက်သုံးရေး နှင့် ဆေးဝါးများ လိုအပ်မှု စသည့် ကိစ္စရပ်များ ဖြေရှင်းသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Mark Lowcock ဇူလိုင်လ ၉ ရက် ၌ မြောက်ကိုရီးယား နိုင်ငံ သို့ ရောက်ရှိ ခဲ့ခြင်း ဖြစ်ပြီး ၄ ရက် ကြာ လည်ပတ်ရေး ခရီး အား စတင် ခဲ့ခြင်း ဖြစ်သည်။ ယင်း လည်ပတ်ရေး ခရီးစဉ် မှာလည်း အချိန် ၇ နှစ်ကြာ ဝေးကွာ ပြီးနောက် ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းဆိုင်ရာ ဒုတိယ အတွင်းရေးမှူး မှ မြောက်ကိုရီးယား နိုင်ငံ သို့ ပြန်လည် လာရောက် လည်ပတ်ခြင်း ဖြစ်သည်။ ယခင် အကြိမ် မှာ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၌ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းဆိုင်ရာ ဒုတိယ အတွင်းရေးမှူး က လာရောက် လည်ပတ် ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.