နယူးဒေလီ၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီတွင် ဇူလိုင်လ ၃ ရက် နံနက် အစောပိုင်းက ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ရာဘတ် ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ) မော်ရိုကို ဗဟိုတရားစီရင်ရေးနှင့်စုံံစမ်းစစ်ဆေးရေးဌာနက ဇူလိုင် ၂ ရက်တွင် IS အစွန်းရောက်အဖွဲ့ နှင့် အဆက်အသွယ်ရှိသူ ၄ ဦးအား ဖမ်းဆီးခဲ့ကြောင်း မော်ရိုကိုနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက ယင်း နေ့တွင် သတင်းထုတ်ပြန်ထားကြောင်းသိရသည်။
ကုလသမဂ္ဂ ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ) အနည်းဆုံး အရပ်သား ၁၉ ဦး သေဆုံးခဲ့ရသည့် အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း၌ ဖြစ်ပွားခဲ့သော အသေခံဗုံးခွဲမှုကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် က ဇူလိုင် ၂ ရက်တွင် ပြစ်တင်ရှုတ်ချလိုက်သည်။
၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်များ ၂.၇.၂၀၁၈. ဒုတိယပွဲ- ပွဲပြီးရလဒ်
တိုကျို ၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) ဂျပန် နိုင်ငံ Fukui စီရင်စု အတွင်းရှိ ဓာတုဗေဒ ပစ္စည်း ထုတ်လုပ်သည့် စက်ရုံ တစ်ခု က ဇူလိုင် ၂ ရက် ညနေပိုင်း အချိန်တွင် ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ရာ ၁...
နယူးဒေလီ ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttarakhand ပြည်နယ်၌ ဖြစ်ပွားခဲ့သော လူပေါင်း ၄၈ ဦး သေဆုံးခဲ့ရသည့် ဘတ်စ်ကားတိမ်းမှောက်မှုဖြစ်စဉ်အတွက် ထိပ်တန်းရဲအရာရှိတစ်ဦးကို ရာထူးမှ ဖယ်ရှားလိုက်ကြောင်း အစိုးရအရာရှိများက ယနေ့ ဇူလိုင် ၃ ရက်တွင်ပြောကြားလိုက်သည်။
ချင်းရိုင်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ဂူတစ်ခု အတွင်း ၉ရက်ကြာ ပိတ်မိနေသော လူငယ်ဘောလုံးသမား ၁၂ဦး နှင့် ၎င်းတို့၏ဘောလုံး အသင်းခေါင်းဆောင်တစ်ဦး တို့အား ဇူလိုင် ၂ရက် ညပိုင်းတွင် အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း ချင်းရိုင်ပြည်နယ်အုပ်ချုပ်ရေးမှူး Narongsak Osottanakorn ကပြောကြားခဲ့သည်။
၁၆ သင်းရှုံးထွက်အဆင့် ပွဲစဉ်များ ၂.၇.၂၀၁၈. ပထမပွဲ- ပွဲပြီးရလဒ် ဘရာဇီးလ် ၂ – ဝ မက္ကဆီကို (၅၁’,၈၈’) ပွဲစသည်မှစ၍ မက္ကဆီကိုက တိုက်စစ်ဆင်ကစားမှုများပြုလုပ်ကာ ဂိုးသွင်းခွင့်များရခဲ့သည်။ပထမပိုင်း ၂၅ မိနစ်နောက်ပိုင်းတွင်မူ မက္ကဆီကို ကစားအားကျသွားကာ ဘရာဇီးလ်က ပထမပိုင်းတွင် ဂိုးသွင်းခွင့် ၁၁ ကြိမ်အထိရခဲ့သည်။သို့သော် မက္ကဆီကို...
အာရူရှာ၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) တန်ဇန်းနီးယားနိုင်ငံ အနောက်တောင်ပိုင်း Mbeya ဒေသ တွင် ဇူလိုင် ၁ ရက် က ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ အယောက် ၂၀ သေဆုံးပြီး ၄၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
၁.၇.၂၀၁၈. ဒုတိယပွဲ- ပွဲပြီးရလဒ် ခရိုအေးရှား ၁ – ၁ ဒိန်းမတ် (၄’) (၁’) ၃ – ၂ (ပယ်နယ်တီ) အုပ်စုပွဲများ၌ခြေစွမ်းပြလာသော ခရိုအေးရှားမှာ ယခုပွဲတွင်မူ ဒိန်းမတ်အားအချိန်ပိုအထိအနိုင်မကစားနိုင်ဘဲတစ်ဂိုးစီသရေဖြစ်နေ၍ ပယ်နယ်တီဖြင့်ဆုံးဖြတ်ခဲ့ကြရသည်။ ပယ်နယ်တီ ငါးလုံးစီသွင်းရာ၌ ခရိုအေးရှားက သုံးဂိုးဝင်ကာ ဒိန်းမတ်ကနှစ်လုံးသာဝင်၍ ခရိုအေးရှား ကွာတားဖိုင်နယ်သို့တက်သွားနိုင်ခဲ့သည်။ခရိုအေးရှားမှာ...