ကုလသမဂ္ဂ၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) လွန်ခဲ့သော ငါးလအတွင်း ဘိုကိုဟာရမ် အဖွဲ့၏ တိုက်ခိုက်မှု မြင့်မားလာသောကြောင့် ကလေးသူငယ် ဦးရေ သန်းဝက်ခန့်သည် နေရပ်များမှ စွန်ခွာခဲ့ရကြောင်း ကုလသမဂ္ဂ ပြောရေး ဆိုခွင့်ရှိသူက သတင်းထောက်များနှင့် တွေ့ဆုံစဉ်တွင် ပြောကြားခဲ့သည်။
တိုကျို ၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) ရှင်ဇိုအာဘေး အစိုးရ၏ လုံခြုံရေး ဥပဒေ မူကြမ်းအား ဖိအားပေး အတည်ပြု လိုက်ခြင်းသည် ဂျပန် နိုင်ငံ၏ စစ်ပွဲပြီးဆုံးပြီး နောက်ပိုင်းကာလ တစ်လျှောက်လုံး ကျင့်သုံးနေသည့် ကာကွယ်ရေးတပ် မူဝါဒ ကို ရပ်ဆိုင်း ပစ်လိုက်ပြီး ဂျပန်...
ဖိုင်ဇာဘတ်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) အာဖဂန် အမျိုးသား လုံခြုံရေး တပ်ဖွဲ့မှ ဒေသဆိုင်ရာ တာလီဘန် ခေါင်းဆောင် တစ်ဦးအား ဘဒက်ရှန် ပြည်နယ် မြောက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း ပြည်နယ်ဆိုင်ရာ အစိုးရ ပြောရေးဆိုခွင့်ရှိသူက စနေနေ့က ပြောကြားခဲ့သည်။
ပေကျင်း၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး အစိုးရမှ အဆိုပြုထားသော အငြင်ပွားဖွယ် လုံခြုံရေး ဥပဒေအား အထက်လွှတ်တော်မှ စနေနေ့ အစောပိုင်းက အတည်ပြုလိုက်ပြီးနောက် ယင်းဥပဒေကို ဂျပန်နိုင်ငံအနေဖြင့် နှိုင်းနှိုင်းချိန်ချိန် ကျင့်သုံးသင့်ကြောင်း တရုတ်နိုင်ငံက တိုက်တွန်းလိုက်ပါသည်။
ဝါရှင်တန် ၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) ကမ္ဘာ့စီးပွားရေး အားလျော့လာမှုနှင့် အမေရိကန် နိုင်ငံ၏ ငွေကြေးဖောင်းပွမှု ကို အနိမ့်ဆုံး အခြေအနေတွင် ထိန်းသိမ်း ထားနိုင် ခဲ့သဖြင့် အတိုးနှုန်း တိုးမြှင့်ခြင်းကို ယာယီရွေ့ဆိုင်း လိုက်ကြောင်း အမေရိကန် နိုင်ငံ ဗဟိုဘဏ် ၏ Federal...
ဇာဂရတ်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) ရွှေ့ပြောင်း နေထိုင်သူ ဦးရေ ၁,၀၀၀ကျော် ခရိုအေးရှားသို့ ဝင်ရောက်လာပြီးနောက် ခရိုအေးရှားသည် ထောင်ပေါင်းများစွာသော ရွေ့ပြောင်း သွားလာသူ အရေးကို မကိုင်တွယ်နိုင်ကြောင်း ခရိုအေးရှား နိုင်ငံခြားရေး ဝန်ကြီး ဗက်စ်နာ ပူစစ် က ပြောကြားခဲ့သည်။
မဲလ်ဘုန်း၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) သြစတေးလျ သုတေသန ပညာရှင်များသည် ကမ္ဘာပေါ်တွင် အရှည်ဆုံးသော မီးတောင် ကွင်းဆက်တစ်ခုကို သြစတေးလျနိုင်ငံ၏ အရှေ့ဘက်ရှိ ကမ်းရိုးတန်း တစ်လျောက်တွင် တွေ့ရှိခဲ့သည်။
စင်ကာပူ၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) စင်ကာပူနိုင်ငံ၏ နာမည်ကြီး တက္ကသိုလ် နှစ်ခုဖြစ်သော National University of Singapore(NUS) နှင့် နန်ယန်း နည်းပညာတက္ကသိုလ်(Nanyang Technological University= NTU) တို့သည် ပထမဆုံး အကြိမ်အဖြစ် ကမ္ဘာ့ ထိပ်တန်း တက္ကသိုလ် ၁၅...
ပြုံယမ်း ၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) မြောက်ကိုးရီးယား နိုင်ငံ (DPRK) နျူကလီးယား သုသေတန ဌာနမှ Yongbyon နျူကလီးယား သုသေတနစင်တာ ရှိ လုပ်ငန်း များအား ပြန်လည်၍ ပုံမှန် လည်ပတ်နေပြီ ဖြစ်ကြောင်း ယနေ့တွင် တရားဝင် ထုတ်ပြန် ကြေညာခဲ့သည်။
တိုကျို ၊ စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ) ဂျပန် နိုင်ငံ သတင်းဌာန တစ်ခုမှ စက်တင်ဘာ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် စာရင်းပြုစုမှု အရ ဂျပန် နိုင်ငံ ၏ ပြည်သူလူထု ၇၀ ရာခိုင်နှုန်းခန့်သည် ရှင်ဇိုအာဘေး အစိုးရ တင်သွင်းသည့် လုံခြုံရေး ဥပဒေ...