ဒမတ်စကပ်စ်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း Deir al-Zour ပြည်နယ် ရှိ ဆီးရီးယားစစ်တပ်စခန်းတစ်ခုအား ပစ်မှတ်ထား၍ ဇွန် ၁၇ ရက်တွင် အမေရိကန်နိုင်ငံမှ ဦးဆောင်၍ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး လူသေဆုံးမှုများရှိခဲ့ကြောင်း ပြည်တွင်းသတင်းတစ်ခုကဖော်ပြခဲ့သည်။
နယူးဒေလီ ၊ ဇွန် ၁၈ ရက်(ဆင်ဟွာ) ယခုရက်ပိုင်းများတွင် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ Assamပြည်နယ် ၊ Tripuraပြည်နယ်၊ Manipurပြည်နယ်များတွင် မိုးသက်မုန်တိုင်းတိုက်ခတ်မှုများ ၊ရေကြီးရေလျှံမှုများ ဖြစ်ပွားခြင်းကြောင့် သေဆုံးသူ အနည်းဆုံး ၂၃ ဦး ရှိပြီး လူသိန်းပေါင်းများစွာ ရေဘေးသင့်ခဲ့သည်ဟု အိန္ဒိယ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဌာန အရာရှိတစ်ဦးက ဇွန်...
၁၇.၆.၂၀၁၈. တတိယပွဲ – ပွဲပြီးရလဒ် အုပ်စု E ဘရာဇီးလ် ၁-၁ ဆွစ်ဇာလန် ( ၂၀’) (၅၀’)
အန်ကာရာ၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ စစ်တပ်က အီရတ်နိုင်ငံမြောက်ပိုင်း တွင် ကာဒစ်စတန် အလုပ်သမားများပါတီ (PKK) စစ်သွေးကြွ ၃၅ဦးကို ဂျက်လေယာဉ်များဖြင့် ပစ်သတ်နိုင်ခဲ့ကြောင်း ဇွန် ၁၇ ရက်တွင်ပြောကြားခဲ့သည်။
နိုင်ရိုဘီ ၊ ဇွန် ၁၈ ရက်(ဆင်ဟွာ) ဆိုမာလီယာ နယ်စပ်နှင့်ထိစပ်နေသည့် ကင်ညာနိုင်ငံ အရှေ့မြောက်ပိုင်း Wajir Countyတွင် ဇွန် ၁၇ ရက် က လမ်းဘေး ဗုံးခွဲ တိုက်ခိုက်ခံရခြင်းကြောင့် လုံခြုံရေးရဲကားတစ်စီးပေါ်လိုက်ပါလာသည့် လုံခြုံရေးဝန်ထမ်း ၈ ဦး သေဆုံးခဲ့ကြောင်း ဒေသခံအရာရှိတစ်ဦးက ယင်းနေ့တွင် ပြောကြားခဲ့သည်။...
မော်စကို၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ကမ္ဘာ့ဖလားဘောလုံးပွဲ ပထမ ၄ရက် အတွင်း ဘောလုံးပွဲလက်ခံကျင်းပရာ ရုရှားမြို့ ၁၁မြို့ တွင်ပြုလုပ်သော ၂၀၁၈ ဖီဖာကမ္ဘာ့ဖလားဘောလုံးပွဲ အားပေးသူများပွဲတော် သို့ လူ တစ်သန်းကျော် တက်ရောက်ခဲ့ကြောင်း ဇွန် ၁၇ ရက်တွင်...
အဘူဂျာ၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဒန်ဘိုအာမြို့ တွင် ဗုံး၂လုံးဆက်တိုက်ပေါက်ကွဲမှု တစ်ခုကြောင့် အနည်းဆုံး လူ ၃၄ဦးသေဆုံးပြီး အခြားလူ ၁၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတာဝန်ရှိသူများက ဇွန် ၁၇ ရက်တွင်ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဇွန် ၁၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ် Trenton မြို့တွင် ဇွန် ၁၇ ရက် နံနက်ပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ သေနတ်သမား ၁ ဦး သေဆုံးပြီး အခြားလူ ၂၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဂျေရုစလင် ၊ ဇွန် ၁၈ ရက်(ဆင်ဟွာ) အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု(Benjamin Netanyahu) က အစ္စရေးနိုင်ငံ မြောက်ပိုင်းနယ်စပ်နှင့်ထိစပ်နေသည့် ဆီးရီးယားနိုင်ငံအတွင်း အီရန်နိုင်ငံ နှင့် ၎င်း၏ အပေါင်းအပါများက စစ်ဘက်ဆိုင် ခြေကုပ်စခန်းများ တည်ဆောက်နေမှုကို တားဆီးရန်အတွက် အစ္စရေးက တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဇွန် ၁၇...
တိုကျို ၊ ဇွန် ၁၈ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ အနောက်ပိုင်း အိုဆာကာပြည်နယ်၌ ယနေ့(ဇွန် ၁၈) ရက် နံနက်ပိုင်းတွင် အင်အားပြင်းထန်သော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ အသက် ၉ နှစ်အရွယ် မိန်းကလေးတစ်ဦးအပါအဝင် လူ သုံးဦးသေဆုံးပြီး အခြားလူ ၁ဝ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက အတည်ပြုပြောကြားခဲ့သည်။