Connect with us

Europe

ရုရှား ကမ္ဘာ့ဖလားအားပေးသူများပွဲတော်သို့ လူ ၁သန်းကျော်တက်ရောက်

ရုရှားနိုင်ငံတွင်ကျင်းပသော ၂၀၁၈ ဖီဖာကမ္ဘာ့ဖလားဘောလုံးပွဲ အား လာရောက်အားပေးသူများကို တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ကမ္ဘာ့ဖလားဘောလုံးပွဲ ပထမ ၄ရက် အတွင်း ဘောလုံးပွဲလက်ခံကျင်းပရာ ရုရှားမြို့ ၁၁မြို့ တွင်ပြုလုပ်သော ၂၀၁၈ ဖီဖာကမ္ဘာ့ဖလားဘောလုံးပွဲ အားပေးသူများပွဲတော် သို့ လူ တစ်သန်းကျော် တက်ရောက်ခဲ့ကြောင်း ဇွန် ၁၇ ရက်တွင် တွစ်တာစာမျက်နှာ၌ ရေးသားခဲ့သည်။

၂၀၁၈ ဖီဖာကမ္ဘာ့ဖလားဘောလုံးပွဲ အားပေးသူများပွဲတော်အတွက် နေရာများကို ဘောလုံးပွဲကျင်းပရာ မြို့၁၁မြို့တွင် ပြုလုပ်ပေးထားပြီး ယင်းနေရာများတွင် ဘောလုံးပရိသတ်များ စုဝေးကာ ဘောလုံးပွဲတိုက်ရိုက်ထုတ်လွှင့်ပြသမှုများကို အခမဲ့ကြည့်ရှုနိုင်ကြောင်း သိရသည်။

Tass သတင်းဌာန၏ဖော်ပြချက်အရ မော်စကိုမြို့ရှိ အားပေးသူများပွဲတော် အား ဇွန် ၁၀ရက်မှစ၍ မော်စကိုတက္ကသိုလ်၏ အဓိကအဆောက်အအုံရှေ့တွင် ပြုလုပ်ပေးထားကာ ကမ္ဘာ့ဖလားပွဲစဉ် တစ်လျှောက် ကျင်းပမည့် ပွဲပေါင်း ၅၆ပွဲ ကို ထုတ်လွှင့်ပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ဖလားဘောလုံးပွဲအား ရုရှားနိုင်ငံတွင် ဇွန်၁၄ ရက်က စတင်ကျင်းပခဲ့ပြီး ဇူလိုင် ၁၅ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကာ လက်ခံကျင်းပရာမြို့များရှိ အားကစားရုံ ၁၂ခု၌ နိုင်ငံအသင်း ၃၂သင်းက စုစုပေါင်းဘောလုံးပွဲ ၆၄ပွဲကို ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)