Connect with us

Africa & Middle East

ဆီးရီးယား အရှေ့ပိုင်း ရှိ ဆီးရီးယားစစ်စခန်းအား အမေရိကန်ဦးဆောင်၍ လေကြောင်း တိုက်ခိုက်မှုများပြုလုပ်

ဆီးရီးယားနိုင်ငံအတွင်းရှိ မြို့တစ်မြို့အား ယခင်က အမေရိကန်နိုင်ငံမှ ဦးဆောင်၍ လေကြောင်းတိုက်ခိုက်မှုပြုလုပ်စဉ် (ဆင်ဟွာ)

ဒမတ်စကပ်စ်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း Deir al-Zour ပြည်နယ် ရှိ ဆီးရီးယားစစ်တပ်စခန်းတစ်ခုအား ပစ်မှတ်ထား၍ ဇွန် ၁၇ ရက်တွင် အမေရိကန်နိုင်ငံမှ ဦးဆောင်၍ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး လူသေဆုံးမှုများရှိခဲ့ကြောင်း ပြည်တွင်းသတင်းတစ်ခုကဖော်ပြခဲ့သည်။

အမေရိကန်ဦးဆောင်သော မဟာမိတ်တပ်ဖွဲ့၏ လေယာဉ်များသည် Deir al-Zour ပြည်နယ် အစွန်အဖျား al-Bukamal မြို့ အရှေ့တောင်ဘက် Hiry မြို့ ရှိ ဆီးရီးယားစစ်စခန်းတစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ယင်းတိုက်ခိုက်မှုကြောင်း သေဆုံးသူများရှိသော်လည်း အရေအတွက်ကို မသိရှိရကြောင်း သတင်း၌ပါရှိသည်။အမေရိကန်နိုင်ငံမှ ဦးဆောင်၍ အထူးသဖြင့် Deir al-Zour ပြည်နယ် တွင် ယခုကဲ့သို့ ဆီးရီးယားစစ်စခန်းအားတိုက်ခိုက်မှုသည် ပထဆုံးအကြိမ်မဟုတ်ကြောင်း သိရသည်။ မေလတွင်လည်း Deir al-Zour ပြည်နယ်ရှိ ဆီးရီးယား စစ်စခန်းများကို အမေရိကန်ဦးဆောင်၍ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ အစိုးရထောက်ခံသော တိုက်ခိုက်ရေးသမား ၁၂ဦးသေဆုံးခဲ့ကြောင်း လူ့အခွင့်အရေးဆိုင်ရာ ဆီးရီးယားလေ့လာစောင့်ကြည့်ရေးအဖွဲ့ကပြောကြားခဲ့သည်။ (Xinhua)