ကုလသမဂ္ဂ ၊ ဒီဇင်ဘာ ၂၈ ရက်(ဆင်ဟွာ) ၂ဝ၁၆ ခုနှစ်တွင် မြေထဲပင်လယ်ကို ဖြတ်၍ ရွှေ့ပြောင်းအခြေချသူများသည် တစ်ရက်လျှင် ပျမ်းမျှ လူပေါင်း ၁၄ ဦးခန့်အသက်သေဆုံးခဲ့ရကြောင်း ၊ ၎င်းအရေအတွက်မှာ အမြင့်ဆုံး စံချိန်တစ်ရပ်ဖြစ်ကြောင်း ကုလသမဂ္ဂပြောခွင့်ရပုဂ္ဂိုလ်ရုံးက ဒီဇင်ဘာလ ၂၇ ရက်တွင် ပြောကြားလိုက်သည်။
ချစ်ဝန်၊ နီပေါ၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ) နီပေါနိုင်ငံတွင် ၁၃ ကြိမ်မြောက် ချစ်ဝန် ဆင်ပွဲတော်အား ဒီဇင်ဘာလ ၂၆ ရက်တွင် စတင်ကျင်းပခဲ့ပြီး ဆင်ကောင်ရေ ၅၀ ကျော်ပါဝင်ခဲ့ကြောင်း သိရသည်။
ကိုလံဘို၊ ဒီဇင်ဘာ ၂၇ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Ratnasiri Wickremanayake သည် ၎င်းဆေးကုသမှုခံယူနေသော ဆေးရုံတစ်ခု၌ ဒီဇင်ဘာ ၂၇ရက်တွင် ကွယ်လွန်သွားခဲ့ကြောင်း နှင့် ၎င်းကွယ်လွန်ချိန်တွင် အသက်၈၃နှစ်ရှိပြီ ဖြစ်ကြောင်း သိရသည်။
နယူးဒေလီ၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ နယူးဒေလီ လေဆိပ်တွင် ခရီးသည်တင် လေယာဉ် လေယာဉ်နှစ်စင်း ပြေးလမ်း တစ်ခုအတွင်း မျက်နှာချင်းဆိုင်ကာ ကြောက်ခမန်းလိလိ တိုက်မိလုနီးပါး အခြေအနေမှ ရှောင်လွှဲနိုင်ခဲ့ကြောင်း အဆင့်မြင့် လေကြောင်း အရာရှိ တစ်ဦးက ပြောသည်။
နယူးဒေလီ၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ တောင်ပိုင်း တမီလ်နာဒူပြည်နယ်ရှိ မီးရှူးမီးပန်းစက်ရုံအတွင်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၅ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။
နယူးဒေလီ၊ ဒီဇင်ဘာ ၂၇ရက် (ဆင်ဟွာ)
ပေကျင်း၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ စစ်လေယာဉ် ပျက်ကျမှုအပေါ် ကြေကွဲဝမ်းနည်းကြောင်း ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင်ထံသို့ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဒီဇင်ဘာလ ၂၆ ရက်က ပေးပို့ခဲ့သည်။
ဝါရှင်တန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) အသက် ၂ နှစ်အရွယ် အမေရိကန် ကလေးငယ် တစ်ဦးသည် ၎င်း ဖခင်၏ သေနတ်ဖြင့် မိမိကိုယ်ကို မတော်တဆ ပစ်ခတ်မိပြီး သေဆုံးသွားခဲ့ကြောင်း အမေရိကန် မီဒီယာက ဒီဇင်ဘာလ ၂၅ ရက်၌ ရေးသားထားသည်။
နယူးဒေလီ၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ တောင်ပိုင်း ကယ်ရာလာပြည်နယ်တွင် ဒီဇင်ဘာလ ၂၅ ရက် ညနေပိုင်းက ဘုရားကျောင်း တစ်ကျောင်းအတွင်းသို့ လူအုပ် အများအပြား တိုးဝင်မှုကြောင့် လူအုပ်ပိကာ အနည်းဆုံး လူ ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အဆင့်မြင့် ရဲအရာရှိ တစ်ဦးက...
တူးနစ်၊ ဒီဇင်ဘာ ၂၆ရက် (ဆင်ဟွာ) တူနီးရှား ပြည်ထဲရေးဝန်ကြီးဋ္ဌာန က ဒီဇင်ဘာ ၂၅ရက်တွင် ဗုံးလန့်မှုတစ်ခုဖြစ်ပွားခဲ့ရာ စပိန်နိုင်ငံ ဘာစီလိုနာမြို့သို့ သွားရောက်မည့် တူနီးရှား လေယာဉ်တစ်စီး ထွက်ခွာရန် နှောင့်နှေးခဲ့ရကြောင်း ပြောကြားခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တူးနစ်-ကာ့တေ့ချ် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာမည်ဟု ယူဆရသည့် တူနီးရှားအမျိုးသားလေကြောင်းလိုင်းပိုင် လေယာဉ်တစ်စီးပေါ်မှ ခရီးသည်အားလုံး...