Connect with us

Eastern Europe

မော်စကိုမြို့တွင် အငှားယာဉ်တစ်စီး လူသွားလူလာများကို ဝင်တိုက်မှုဖြစ်ပွားရာ လူ ၇ ဦး ဒဏ်ရာရ


မော်စကို ၊ ဇွန် ၁၇ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ မော်စကိုမြို့ မြို့လယ်ခေါင်တွင် ဇွန် ၁၆ ရက်က အငှားယာဉ်တစ်စီးသည် လူသွားလူလာ များကို ဝင်တိုက်မှုကြောင့် လူ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မော်စကိုမြို့လယ်ခေါင်တွင် အငှားယာဉ်တစ်စီးသည် လူသွားလမ်းပလက်ဖောင်းကို ဝင်တိုက်ပြီး ပလက်ဖောင်းပေါ်သွားလာနေသော လူများကို တိုက်မိမှုဖြစ်ပွားခဲ့ရာ လူ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရုရှားပြည်ထဲရေးဝန်ကြီးဌာန မော်စကို ဌာနခွဲက ယင်းနေ့တွင် ထုတ်ပြန်ခဲ့သည်။ မော်တော်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ ယခုကဲ့သို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ကနဦး စစ်ဆေးချက်များအရ သိရပြီး လက်ရှိတွင် စုံစမ်းစစ်ဆေးမှုများဆက်လက် ပြုလုပ်နေကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်ပွားသည့် အခင်းဖြစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ- ဆင်ဟွာ )

ဒဏ်ရာရသူများအနက် ၂ ဦးမှာ မက္ကစီကိုနိုင်ငံသားများဖြစ်သည်ဟု ရုရှားနိုင်ငံဆိုင်ရာ မက္ကစီကို သံရုံး၏ တွစ်တာတွင် ထုတ်ပြန်ထားသည်။ယာဉ်မောင်းမှာ ကာဂျစ္စတန်ယာဉ်မောင်းလိုင်စင်ကိုင်ဆောင်ထားသူဖြစ်ကြောင်း မော်စကိုမြို့ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ဆိုသည်။ ဇွန် ၁၄ ရက်က မော်စကိုတွင် ၂၁ ကြိမ်မြောက် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပခဲ့ကြောင်း၊ ပြိုင်ပွဲများကို ဇူလိုင် ၁၅ ရက်နေ့ အထိ ကျင်းပမည်ဖြစ်ပြီး ရုရှားနိုင်ငံ မြို့ ၁၁ မြို့တွင် ကျင်းပမည်ဖြစ် ကြောင်းသိရသည်။ (Xinhua)