Connect with us

Africa & Middle East

အာဖဂန်အရှေ့ပိုင်းဗုံးခွဲတိုက်ခိုက်မှုမှာ ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း IS အစွန်းရောက်များက ဆို

ကားဗုံးခွဲတိုက်ခိုက်ခံရမှုတွင် ဒဏ်ရာရသူများအား ဆေးရုံသို့ပို့ဆောင်နေသည်ကို တွေ့ရစဉ်(ဓာတ်ပုံ- ဆင်ဟွာ )

ဘဂ္ဂဒက် ၊ ဇွန် ၁၇ ရက်(ဆင်ဟွာ)

ဇွန် ၁၆ ရက် ညနေပိုင်းက Nangarharပြည်နယ် Jalalabad မြို့ဆင်ခြေဖုံးရှိ လူအစုအဝေးတစ်ခုတွင် ဖြစ်ပွားခဲ့သည့် ကားဗုံးခွဲတိုက်ခိုက်မှုမှာ ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း IS အစွန်းရောက်များက ယင်းနေ့တွင် ပြောကြားခဲ့သည်။

အာဖဂန်အစိုးရတပ်နှင့် တာလီဘန်တို့အကြား ဥပုသ်ကာလအတွင်း အပစ်အခတ်ရပ်စဲသည့် အတွက် Jalalabad၌ လူအများစုဝေးကာ ပျော်ရွှင်ပွဲကျင်းပနေချိန်တွင် ကားဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။အဆိုပါတိုက်ခိုက်မှုမှာ အသေခံကာဗုံးခွဲတိုက်ခိုက်မှုဖြစ်ကြောင်း ၊လက်ရှိ သေဆုံးသူ အနည်းဆုံး ၂၆ ဦး ရှိပြီး ၅၄ ဦး ဒဏ်ရာရရှိခဲ့ရာ သေဆုံးသူများတွင် တာလီဘန်လက်နက်ကိုင်များနှင့် အာဖန်ဂန် လုံခြုံရေးဝန်ထမ်းများပါဝင်ကြောင်း Nangarharပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဆင်ဟွာကို ပြောကြားခဲ့သည်။

ISတို့က တိုက်ခိုက်မှုဖြစ်ပွားသည့်နေ့တွင်ပင် ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အာဖဂန်အစိုးရက ဇွန် ၁၂ ရက်မှစ၍ တာလီဘန်တို့နှင့် တပတ်အကြာ အပစ်ခတ်ရပ်ဆဲမည် ဖြစ်ကြောင်း၊ အပစ်ခတ်ရပ်ဆဲရေးတွင် IS နှင့် Al-Qaeda အစွန်းရောက်အဖွဲ့အစည်းများမပါကြောင်း ဇွန် ၇ ရက်တွင် ကြေညာခဲ့သည်။ တာလီဘန်တို့ကလည်း ဥပုသ်ကာလအတွင်း အာဖဂန်အစိုးရတပ် နှင့် ၃ ရက်ကြာအပစ်အခတ်ရပ်ဆဲထားမည်ဖြစ်ကြောင်း ဇွန် ၉ ရက်တွင် ကြေညာခဲ့သည်။ (Xinhua)