စရီနာဂါ ၊ ဇူလိုင် ၂ဝ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဖက်က ထိန်းချုပ်ထားသည့် ကက်ရှ်မီးယား ဒေသ စရီနာဂါမြို့(Srinagar) ၌ ဇူလိုင်လ ၁၉ ရက်က အကြမ်းဖက် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ရာ အိန္ဒိယအစိုးရက နေဝင်မီးငြိမ်း စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန် လိုက်ကြောင်း သိရသည်။
ကွာလာလမ်ပူ၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံ နှင့် စင်ကာပူနိုင်ငံ တို့သည် အချိန်ကြာမြင့်စွာ စောင့်မျှော်ခဲ့ရသည့် နှစ်နိုင်ငံ ချိတ်ဆက် ရထားလမ်း ဖောက်လုပ်မှု ဆိုင်ရာ နားလည်မှု စာချွန်လွှာအား ဇူလိုင်လ ၁၉ ရက် က လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။
ဘရပ်ဆဲလ်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) ဘယ်လ်ဂျီယမ် ၏ လက်ထပ်နှစ် အကြာဆုံး ဇနီးမောင်နှံ စုံတွဲသည် ၎င်းတို့၏ ၇၇ နှစ်မြောက် မင်္ဂလာ နှစ်ပတ်လည် အခမ်းအနား ကျင်းပပြီး ငါးရက်အကြာ ဇူလိုင်လ ၁၇ ရက်တွင် ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်ခဲ့ကြကြောင်း ပြည်တွင်း မီဒီယာများက...
အစ္စတန်ဘူလ်၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ သမ္မတ Recep Tayyip Erdogan က သေဒဏ်ပြစ်ဒဏ်ကို ပြန်လည်ကျင့်သုံးရေး နှင့် မအောင်မမြင် ဖြစ်ခဲ့ရသည့် စစ်တပ်အာဏာသိမ်းမှု နောက်ကွယ်တွင်ကြိုးကိုင်သူအဖြစ် စွပ်စွဲခံထားရသော အမေရိကန်နိုင်ငံ၌ ခိုလှုံနေသူ ပြည်ပြေး အတိုက်အခံ ခေါင်းဆောင်အား ပြန်လည် လွှဲပြောင်းပေးရန်...
မြူနစ် ၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ တောင်ပိုင်း Bavaria ပြည်နယ် ဝဇ်ဘတ် (Wuerzburg) မြို့ ရထားတစ်စင်းပေါ်၌ ဇူလိုင်လ ၁၈ ရက် ညပိုင်းတွင် ပုဆိန်ကိုင်ထားသော လူတစ်ဦး၏ တိုက်ခိုက်မှုကြောင့် ရထားပေါ်လိုက်ပါလာသည့် အမျိုးသား ခရီးသည် လေးဦး ဒဏ်ရာရသွားကြောင်း...
ဆိုးလ်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ် ပြုံချန်း ဆောင်းရာသီ အိုလံပစ် အားကစားပြိုင်ပွဲများ အတွက် ဘာသာပြန် အပလီကေးရှင်း ရရှိနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
အန်ကာရာ ၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ၌ စစ်တပ်၏ မအောင်မြင်သော အာဏာသိမ်းမှု ဖြစ်စဉ်အတွင်း လူပေါင်း ၂၉ဝ ဦးကျော် သေဆုံးခဲ့ကြောင်း ဇူလိုင်လ ၁၇ ရက်တွင် ထုတ်ပြန်သည့် နိုင်ငံခြားရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဟူစတန် ၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ လူဝီစီးယားနား ပြည်နယ် ဘက်တန်မြို့လမ်းမပေါ်၌ ဇူလိုင်လ ၁၇ ရက်က ဖြစ်ပွားခဲ့သော ပစ်ခတ်မှုတွင် ရဲအရာရှိသုံးဦး သေဆုံးပြီး လူပေါင်းများစွာ ထိခိုက်ဒဏ်ရာ ရသွားကြောင်း သိရသည်။
ကွာလာလမ်ပူ ၊ ဇူလိုင် ၁၇ ရက်(ဆင်ဟွာ) မလေးရှားလေကြောင်းလိုင်း MH17 လေယာဉ်သည် ယူကရိန်းနယ်စပ်တွင် ပျက်ကျခဲ့သည်မှာ နှစ်နှစ် ကြာပြီဖြစ်သော်လည်း အဆိုပါလေယာဉ်ပျက်ကျရသည့် အကြောင်း နှင့်ပတ်သက်၍ အမှန်တရားပေါ်ပေါက်သည်အထိ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မလေးရှားအစိုးရက ဇူလိုင် ၁၇ ရက်တွင် ထပ်မံကတိပြုပြောကြားလိုက်သည်။
မက္ကဆီကို စီးတီး၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) လတ်ဆတ်သော စားသောက်ကုန်များ၏ သက်တမ်းအား တိုးမြှင့်ပေးနိုင်မည့် တာရှည်ခံဆေး တစ်မျိုးအား မက္ကဆီကို သုတေသီများက တီထွင်လိုက်ကြောင်း UNAM (Mexico’s National Autonomous University) က ဇူလိုင်လ ၁၅ ရက်က ပြောကြားခဲ့သည်။