Connect with us

Africa & Middle East

အမေရိကန် လေတပ် တပ်ဖွဲ့ ၏ တိုက်ခိုက်မှုကြောင့် ဆိုမာလီယာ နိုင်ငံ အတွင်းရှိ Al-Shabaab လက်နက်ကိုင် တပ်ဖွဲ့ဝင် ၂၇ ဦး အား ရှင်းလင်း နိုင်ခဲ့

အမေရိကန် လေတပ် တပ်ဖွဲ့ ၏ F-22 တိုက်လေယာဉ် တစ်စင်း အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

နိုင်ရိုဘီ ၊ ဇွန် ၅ ရက် (ဆင်ဟွာ)

အမေရိကန် တပ်ဖွဲ့ အာဖရိကတိုက် စစ်ရေး ဌာနချုပ် က အမေရိကန် လေတပ် အနေဖြင့် ဇွန်လ ၂ ရက်နေ့ ၌ ဆိုမာလီယာ နိုင်ငံ အတွင်းရှိ Al-Shabaab အစွန်းရောက် အဖွဲ့အစည်း အား ပစ်မှတ်ထား တိုက်ခိုက်မှု ဆောင်ရွက်ခဲ့ရာ လက်နက်ကိုင် တပ်ဖွဲ့ဝင် ၂၇ ဦး ကို ရှင်းလင်း နိုင်ခဲ့ကြောင်း ဇွန်လ ၄ ရက်နေ့ တွင် ထုတ်ပြန်ကြေညာ ခဲ့သည်။

ထုတ်ပြန်ကြေညာချက်တွင် ယခု ဆောင်ရွက် ခဲ့သည့် လေကြောင်း တိုက်ခိုက်မှု အား ဆိုမာလီယာ နိုင်ငံ အစိုးရ နှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ဆိုမာလီယာ နိုင်ငံ မြောက်ပိုင်း ကမ်းခြေမြို့တော် Boosaaso တောင်ပိုင်း ၄၂ ကီလိုမီတာ အကွာအဝေး ခန့်တွင် တည်ရှိသည့် Al-Shabaab အစွန်းရောက် အဖွဲ့အစည်း တပ်စခန်း များကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

ထို့ပြင် ထုတ်ပြန်ကြေညာချက်တွင် အမေရိကန် တပ်ဖွဲ့ အနေဖြင့် ဆက်လက်၍ ဆိုမာလီယာ နိုင်ငံ အတွင်းရှိ အခြား လုံခြုံရေး တပ်ဖွဲ့များ နှင့် ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ပြီး ဆိုမာလီယာ နိုင်ငံ အတွင်းရှိ အကြမ်းဖက် အဖွဲ့အစည်း များ၏ တပ်စခန်းများကို တိုက်ခိုက်မှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

ဆိုမာလီယာ နိုင်ငံ Al-Shabaab အဖွဲ့အစည်း သည် Al-Qaeda အဖွဲ့အစည်း နှင့် ဆက်သွယ်မှု ရှိသည့် အစွန်းရောက် အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး လတ်တလောနှစ်ပိုင်း တွင် ဆိုမာလီယာ နိုင်ငံ နှင့် အိမ်နီးချင်း နိုင်ငံ များတွင် အကြမ်းဖက် တိုက်ခိုက်မှု များစွာ ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.