Connect with us

Africa & Middle East

ဆော်ဒီအာရေဗျနိုင်ငံတွင် ဆယ်စုနှစ်များကြာပြီးနောက် အမျိုးသမီးများ ယာဉ်မောင်းလိုင်စင်ခွင့်ပြု

မော်တော်ယာဉ် မောင်းနှင်နေသော ဆော်ဒီအာရေဗျနိုင်ငံသား အမျိုးသမီးတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ရီယတ်၊ ဇွန် ၅ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံတွင် အမျိုးသမီးများ ယာဉ်မောင်းခြင်းကို ဆယ်စုနှစ်များကြာ တားမြစ်ထားပြီးနောက် ဇွန်လ ၄ ရက်တွင် အမျိုးသမီးတစ်ဦးကို ယာဉ်မောင်းလိုင်စင် ခွင့်ပြုပေးလိုက်ကြောင်း Al Arabuya သတင်းစာက ဖော်ပြခဲ့သည်။

အစိုးရက အမျိုးသမီးများအား ဇွန်လ ၂၄ ရက်မှစတင်ကာ မော်တော်ယာဉ် မောင်းနှင်ရန် ခွင့်ပြုပေးဖို့ အသင့်ရှိကြောင်း လွန်ခဲ့သည့် သီတင်းပတ်က ကြေညာခဲ့သည်။

အမျိုးသမီးများလည်း မော်တော်ယာဉ် မောင်းနှင်နိုင်ပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန စစ်ဆင်ရေးပိုင်းဆိုင်ရာ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် Aseed Al-Qahtani က အတည်ပြုပြောကြားခဲ့သည်။

၎င်းက ဆက်၍ အမျိုးသမီး ယာဉ်မောင်းအသစ်များအနေဖြင့် ယာဉ်စည်းကမ်းချိုးဖောက်မှုများရှိပါက အမျိုးသားများနှင့် တန်းတူ ပြစ်ဒဏ်များနှင့် ဒဏ်ငွေများ ပေးဆောင်ရမည်ဟု သတိပေးထားသည်။

နိုင်ငံအတွင်းရှိ မြို့ငါးမြို့၌ အမျိုးသမီး ယာဉ်မောင်းသင်တန်းကျောင်းများ ဖွင့်လှစ်ထားခဲ့သည်။ အမျိုးသမီးများ ပြည်ပယာဉ်မောင်း လိုင်စင်ကို ၎င်းတို့၏ ယာဉ်မောင်းစွမ်းရည်ပေါ်မူတည်၍ နောက်ပိုင်းတွင် သီးခြားလုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.