Connect with us

Asia

အိန္ဒိယ နိုင်ငံ အရှေ့မြောက်ပိုင်း ဒေသတွင် မြေပြိုမှု ဖြစ်ပွား ခဲ့ရာ လူပေါင်း အနည်းဆုံး ၁၀ ဦး သေဆုံး

အိန္ဒိယ နိုင်ငံ အရှေ့မြောက်ပိုင်း ဒေသတွင် မြေပြိုမှု ဖြစ်ပွား ခဲ့သည့် Lunglei ဒေသ အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-google maps)

နယူးဒေလီ ၊ ဇွန် ၆ ရက် (ဆင်ဟွာ)

အိန္ဒိယ နိုင်ငံ အရှေ့မြောက်ပိုင်း Mizoram ပြည်နယ် တွင် ဇွန်လ ၄ ရက်နေ့ ညပိုင်း အချိန်၌ မြေပြိုမှု ဖြစ်ပွား ခဲ့ရာ လူပေါင်း အနည်းဆုံး ၁၀ ဦး သေဆုံး ခဲ့ပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

Mizoram ပြည်နယ် Lunglei ဒေသ တွင် ဖြစ်ပွား ခဲ့သည့် မြေပြိုမှု သည် မိုး အဆက်မပြတ် ရွာသွန်းမှု ကြောင့် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး ဒေသတွင်း ရဲအရာရှိ တစ်ဦး ၏ ပြောကြားချက်အရ မြေပြိုမှုကြောင့် နှစ်ထပ် တိုက်အိမ် တစ်လုံး ပြိုကျခဲ့သည့် မြေများဖြင့် ဖုံးလွှမ်းခြင်း ခံခဲ့ရပြီး ယင်း အဆောက်အဦ အတွင်း အိမ်ထောင်စု ၂ ခု နေထိုင်နေကြကြောင်း သိရှိရသည်။

အခင်းဖြစ်ပွား ပြီးနောက် သဘာဝဘေး ထိန်းချုပ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူများ နှင့် လုပ်အားပေး ကူညီသူ တို့က အခင်းဖြစ်ပွား ရာနေရာ သို့ သွားရောက်ခဲ့ပြီး ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း ၊ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ရာတွင် လူ ၄ ဦး အား ကယ်ဆယ် နိုင်ခဲ့ပြီး ဒဏ်ရာရရှိသူ တစ်ဦး အား ဆေးရုံ သို့ ပို့ဆောင် ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

အိန္ဒိယ နိုင်ငံ မြောက်ပိုင်း နှင့် အရှေ့ပိုင်း ဒေသ က ဇွန်လ ပိုင်း တွင် မိုးရာသီ သို့ စတင် ရောက်ရှိခဲ့ပြီး မြေပြိုမှုများ မကြာခဏ ဖြစ်ပွား လေ့ရှိသည်။ ယခင် နှစ် ဇွန်လ ပိုင်း တွင် Lunglei ဒေသ ၌ ဖြစ်ပွား ခဲ့သည့် မြေပြိုမှုကြောင့် လူပေါင်း ၁၀ ဦး သေဆုံး ခဲ့ပြီး လူအနည်းငယ် ပျောက်ဆုံးမှု ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.