Connect with us

Africa & Middle East

တရုတ်နိုင်ငံတော်ကောင်စီဝင်က BRICS အဖွဲ့ဝင်နိုင်ငံများအကြား လက်တွေ့ကျကျပူးပေါင်းဆောင်ရွက်ရန် ပြောကြား

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိအားတွေ့ ရစဉ်(ဆင်ဟွာ)

ပရီတိုးရီးယား ၊ ဇွန် ၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး ဝမ်ရိက BRICS အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသော ဘရာဇီး ၊ ရုရှား ၊ အိန္ဒိယ ၊ တရုတ် နှင့် တောင်အာဖရိကနိုင်ငံများအကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်ကြရန် ဇွန်လ ၄ ရက်တွင် တိုက်တွန်းပြောကြားလိုက်သည်။

BRICS အဖွဲ့ဝင်နိုင်ငံများ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီးများ တရားဝင်အစည်းအဝေးတွင် မိန့်ခွန်းပြောကြားရာ၌ ဝမ်ရိက BRICS အဖွဲ့ဝင်နိုင်ငံများသည် စည်းလုံးညီညွတ်ရမည်ဖြစ်ကြောင်း ၊ နိုင်ငံတစ်နိုင်ငံချင်းစီတွင် ကိုယ်ပိုင်အင်အားရှိကြောင်း ၊ BRICS သည် လက်ချောင်း ငါးချောင်း နှင့် အလားသဏ္ဍာန်တူကြောင်း ကို တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က ပြောကြားထားပြီးဖြစ်ကြောင်း ၊ အဆိုပါလက်ငါးချောင်းကို စုစည်း၍ လက်သီးတစ်လုံးအဖြစ် အသုံးပြုနိုင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတကာအခင်းအကျင်းတွင် ရှုပ်ထွေးသော အပြောင်းအလဲများနှင့် ကြုံတွေ့ခဲ့ရပြီး BRICS အဖွဲ့ဝင်နိုင်ငံများအနေဖြင့် BRICS ပူးပေါင်းဆောင်ရွက်မှု၏ နိုင်ငံရေးဦးတည်ချက်ဖြင့် ရပ်တည်သွားသင့်ကြောင်း ၊ လာမည့်လတွင် ဂျိုဟန်နက်စ်ဘာ့ဂ်မြို့၌ ကျင်းပမည့် BRICS ထိပ်သီးအစည်းအဝေး၌ တရားမျှတမှု ၊ စည်းလုံးညီညွတ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှု အင်အားတစ်ခုကို ပို့လွှတ်ရမည်ဖြစ်ကြောင်း ၊ ဘုံဖွံ့ဖြိုးတိုးတက်မှုကို ရှာဖွေသွားရမည်ဖြစ်ကြောင်း ၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု နှင့် နိုင်ငံတကာ ညီမျှမှုအတွက် ခုခံကာကွယ်သွားရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်က အဖွဲ့ဝင် ငါးနိုင်ငံ၏ ဘုံဖွံ့ဖြိုးတိုးတက်မှု ရှေးဆက်တိုးတက်စေရန် လက်တွေ့ကျသည့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

၎င်းက နိုင်ငံတကာညီမျှမှု နှင့် တရားမျှတမှုကို ကာကွယ်ရန် BRICS အဖွဲ့ဝင်နိုင်ငံများအကြား နိုင်ငံရေး နှင့် လုံခြုံရေးကို ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.