ချီကာဂို၊ မတ်လ ၃ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ Mt. Pleasant မြို့ ရှိ ဗဟိုမီချီဂန်တက္ကသိုလ်၏ အဆောင်တစ်ခုတွင် မတ်လ ၂ရက် နံနက်ပိုင်းက သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၂ဦးသေဆုံးကြောင်း Detroit Free Press သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။
ဘာကူ၊ မတ် ၂ ရက် (ဆင်ဟွာ) အဇာဘိုင်ဂျန်နိုင်ငံ မြို့တော်ရှိ မူးယစ်ဆေးဝါး ပြန်လည်ထူထောင်ရေးစင်တာ တစ်ခုတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၄ ဦး သေဆုံးခဲ့ကြောင်း မတ်လ ၂ ရက်တွင် ထုတ်ပြန်လိုက်သည့် ပူးတွဲကြေညာချက်၌ အာဏာပိုင်များက ပြောကြားလိုက်သည်။
လန်ဒန်၊ မတ် ၂ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံမှ နှစ်ပေါင်း ၅,၀၀၀ သက်တမ်းရှိသော မမ်မီရုပ်အလောင်း နှစ်ခုတွင် ကမ္ဘာ့ ရှေးအကျဆုံးဟု ထင်ရသည့် တက်တူးများအား သုတေသီများက တွေ့ရှိခဲ့ကြောင်း နောက်ဆုံး လေ့လာမှုတစ်ရပ် အရ သိရသည်။
ဝါရှင်တန်၊ မတ် ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှသိပ္ပံပညာရှင်များက -70 ဒီဂရီဆဲပ်စီးယပ်စ်တွင် အသုံးပြုနိုင်သည့် လီသီယမ်ဘက်ထရီ တစ်မျိုးကို တီထွင်နေပြီဖြစ်ရာ နောင်အနာဂတ်တွင် ကမ္ဘာ့အအေးဆုံးဒေသများအပြင် အာကာသတွင်ပါ အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
ဆိုးလ် ၊ မတ် ၂ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံသမ္မတမွန်ဂျေအင်က မတ်လ ၁ ရက်တွင် အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်နှင့်ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးစဉ် ၎င်းအနေဖြင့် မြောက်ကိုရီးယားနိုင်ငံသို့အထူးကိုယ်စားလှယ်စေလွှတ်ရန် အလွန်နီးစပ်နေပြီဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ဟူစတန် ၊ မတ် ၂ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဟူစတန်မြို့၌ မတ်လ ၁ ရက် ညနေပိုင်းက အသက် ၁ဝ နှစ်အောက် အရွယ်ရှိ ကလေးငယ် နှစ်ဦး သေနတ်ပစ်ခံခဲ့ရကြောင်း သိရသည်။
ဘာလင်၊ မတ် ၁ ရက် (ဆင်ဟွာ) လကမ္ဘာပေါ်တွင် ပထမဆုံး 4G ဆဲလ်ဖုန်း ကွန်ရက်အား ၂၀၁၉ ခုနှစ်၌ ရရှိနိုင်တော့မည် ဖြစ်ကြောင်း ကွန်ရက် တည်ထောင်သူ Vadafone က ဖေဖော်ဝါရီလ ၂၇ ရက်က ပြောကြားလိုက်သည်။
အစ္စလာမ်မာဘတ်၊ မတ် ၁ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistan ပြည်နယ် Quettaမြို့တွင် ဖေဖော်ဝါရီလ ၂၈ ရက် ညပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဦးတည်တိုက်ခိုက်သည့် အသေခံဗုံးဖောက်ခွဲမှုတစ်ခုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့သည့်အပြင် အခြား လူ ၆ ဦး သေဆုံးခဲ့ကြောင်း...
မော်စကို၊ မတ် ၁ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ ဗဟိုဘဏ် (CBR) သည် လွန်ခဲ့သည့်လက ရွှေတုံးပိုင်ဆိုင်မှု ၂၀ မက်ထရစ်တန်မှ ၁၈၅၇ တန်အထိ တိုးမြှင့်ပိုင်ဆိုင်လာသည့်အတွက် ပဉ္စမမြောက် ရွှေတုံးပိုင်ဆိုင်မှုအများဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။
တီဟီရန် ၊ မတ် ၁ ရက် (ဆင်ဟွာ) အီရန် နိုင်ငံပိုင် ရုပ်သံဌာန ၏ ဖေဖော်ဝါရီ ၂၈ ရက်နေ့ သတင်းဖော်ပြချက်အရ အီရန် နိုင်ငံ အစိုးရ တပ်ဖွဲ့ အနေဖြင့် ပြည်တွင်း ကိုယ်ပိုင် တီထွင် ထုတ်လုပ်သည့် တင့်ကား ကာကွယ်ရေး ဒုံးကျည်...