နိုင်ရိုဘီ၊ ဧပြီ ၄ ရက် (ဆင်ဟွာ) ဆိုမာလီနိုင်ငံ ကမ်းရိုးတန်းအလွန်တွင် သင်္ဘောသား ၁၁ဦးလိုက်ပါလာသည့် အိန္ဒိယကုန်တင်သင်္ဘောတစ်စင်း အား ဆိုမာလီပင်လယ်ဓါးပြများက ပြန်ပေးဆွဲခဲ့ကြောင်း ဒေသတွင်းရေကြောင်းအရာရှိတစ်ဦးက ဧပြီ ၃ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
ပါရီ ၊ ဧပြီ ၄ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ စိန့်ပီတာစဘာ့ခ်မြို့ရှိ မြေအောက်ရထားလမ်းတွင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဧပြီလ ၃ ရက်တွင် ပြင်သစ်နိုင်ငံ ပါရီမြို့၌ လုံခြုံရေးတိုးမြှင့်ထားကြောင်း ပြင်သစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးက ဆိုသည်။
စိန့်ပီတာစဘာ့ခ် ၊ ဧပြီ ၄ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်က စိန့်ပီတာစဘာ့ခ် မြေအောက်ရထားလမ်း၌ ဧပြီလ ၃ ရက်တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုဖြစ်စဉ်အတွင်း အသက်သေဆုံးသွားကြသူများအတွက် လွမ်းသူ့ပန်းခွေချခဲ့ကြောင်း သိရသည်။
မော်စကို၊ ဧပြီ ၃ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ စိန့်ပီတာစဘာ့ခ်မြို့ရှိ မြေအောက်ရထား ဘူတာရုံ နှစ်ခုတွင် ယနေ့ (ဧပြီလ ၃ ရက်) တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၀ ဦး သေဆုံးပြီး ၅၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရုရှား...
အစ္စလမ်မာဘတ် ၊ ဧပြီ ၃ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ တောင်ပိုင်း Naushahro Feroze ခရိုင်၌ ယနေ့(ဧပြီလ ၃ ရက် ) မနက်ပိုင်းတွင် စက်လှေတစ်စင်းတိမ်းမှောက်မှုဖြစ်ပွားရာ လှေပေါ်လိုက်ပါသွားသူ အနည်းဆုံး ၄ ဦးသေဆုံးပြီး ၁၆ ဦးပျောက်ဆုံးလျက် ရှိကြောင်း ဒေသတွင်း Urdu...
ဒပ်ဘလင်၊ ဧပြီ ၃ ရက် (ဆင်ဟွာ) အိုင်ယာလန်နိုင်ငံ Rosslare ဆိပ်ကမ်းတွင် ဧပြီ ၂ ရက် နေ့လည်ပိုင်း က ပြင်သစ်နိုင်ငံမှ ဆိုက်ရောက်လာသည့် အိုင်ယာလန် ဖယ်ရီသင်္ဘောတစ်စီးပေါ်တွင် ပါရှိလာသော အအေးခန်းကုန်သေတ္တာတင်ကားတစ်စီးအတွင်း၌ ပုန်းခိုလိုက်လာပါလာသော နိုင်ငံခြားသား ၁၄ဦးအား တွေ့ရှိခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးအရာရှိများက ပြောကြားခဲ့သည်။
ဘန်ကောက်၊ ဧပြီ ၃ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ တောင်ပိုင်း အစွန်အဖျားရှိ လမ်းလုံခြုံရေး ဂိတ်တစ်ခုအား ဧပြီ ၃ရက်က သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ကိုးဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
နယူးဒေလီ၊ ဧပြီ ၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဟာရာနာပြည်နယ် ရှိ တူးမြောင်းတစ်ခုတွင် ဧပြီ ၂ ရက်က လူသေအလောင်း ၁၁လောင်းထက်မနည်း ရှာဖွေတွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဘိုဂိုတာ ၊ ဧပြီ ၃ ရက် (ဆင်ဟွာ) ကိုလံဘီယာနိုင်ငံ အနောက်တောင်ပိုင်း Mocoa မြို့တွင် ဧပြီလ ၂ ရက် က ဖြစ်ပွားခဲ့သော မြေပြိုမှုအတွင်း သေဆုံးသူဦးရေမှာ ၂ဝ၇ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ကိုလံဘီယာသမ္မတ ဂျူအန်မန်နျူဆန်းတိုစ့် (Juan Manuel Santos) က...
နယူးဒေလီ ၊ ဧပြီ ၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အလယ်ပိုင်း အရန်စစ်ရဲတပ်ဖွဲ့(CRPF) မှ အနည်းဆုံး စစ်သား ၄ဝဝ ခန့်သည် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံတောင်ပိုင်း Kerala ပြည်နယ်အတွင်းရှိ ဆေးရုံများသို့ပို့ဆောင်ထားရကြောင်း အစိုးရတာဝန်ရှိသူများက ဧပြီလ ၂ ရက်တွင် ပြောကြားခဲ့သည်။