လာဂို့စ်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်း Bauchi-Kano လမ်းမတွင် ဘတ်စ်ကားတစ်စီး နှင့် ကုန်တင်ကားတစ်စီး ခေါင်းချင်းဆိုင်တိုက်မိခဲ့ရာ ဘတ်စ်ကားပေါ်တွင်လိုက်ပါလာသော ကျောင်းသား ၂၂ဦး နှင့် ကားဒရိုင်ဘာ တစ်ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ဖေဖော်ဝါရီ ၁၃ ရက်တွင်ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာန(DoD) က ၂ဝ၁၉ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေးဘတ်ဂျက်ကို အမေရိကန်ဒေါ်လာ ၇၁၆ ဘီလီယံ ထုတ်ပေးရန် ကွန်ဂရက်က ဘက်ဂျတ်အသစ် အတည်ပြုမှု ကန့်သတ်ချက်အကြောင်း ဆွေးနွေးစဉ် ဖေဖော်ဝါရီ ၁၂ ရက်က တောင်းဆိုလိုက်ပြီး ၊ ယင်းပမာဏမှာ...
နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ကပ္ပလီကျွန်းစု၌ ဖေဖော်ဝါရီ ၁၃ ရက် နံနက်ပိုင်းတွင် အလယ်အလတ်အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဗီယင်နာ၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) သြစတီးယားနိုင်ငံ အလယ်ပိုင်း Styria ပြည်နယ် တွင် ဖေဖော်ဝါရီ ၁၂ရက်ကဖြစ်ပွားခဲ့သော ရထားချင်းတိုက်မိမှုကြောင့် လူတစ်ဦးသေဆုံးခဲ့ပြီး အခြားလူ ၂၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းသတင်းတစ်ခုက ဖော်ပြခဲ့သည်။
နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဂျာခန်းပြည်နယ်၌ မြစ်အတွင်းသို့ ခရီးသွား ကားတစ်စီး ပြုတ်ကျခဲ့ရာအနည်းဆုံး လူ ၈ ဦး သေဆုံးပြီး အခြားသူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။
လန်ဒန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ Grand Canyon တောင်ကြားတွင် ရဟတ်ယာဉ် တစ်စင်းပျက်ကျမှုကြောင့် ဗြိတိန်နိုင်ငံသား ၃ဦးသေဆုံးခဲ့ကြောင်း ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးရုံးက ဖေဖော်ဝါရီ ၁၁ ရက် ညပိုင်းတွင် အတည်ပြု ပြောကြားခဲ့သည်။
ပြုံယမ်း၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားအထူးကိုယ်စားလှယ်အဖွဲ့သည် တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပခဲ့သော ၂၀၁၈ခုနှစ် ပြုံချန်းဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၁ရက် ညပိုင်းတွင် မြောက်ကိုရီးယားနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။
နယူးယောက်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ) မြောက်ပိုင်းမာရီယာနာကျွန်းများ ရှိ ရိုတာကျွန်း အရှေ့တောင်ဘက်၏ အရှေ့ဘက် တွင် ဖေဖော်ဝါရီ ၁၁ရက် ဂရင်းနစ်စံတော်ချိန် ၂၃း၁၄း၁၈နာရီက ရစ်ချ်တာစကေး ၆.၂ပမာဏ ရှိသည့် ငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေးအဖွဲ့က ပြောကြားခဲ့သည်။
မော်စကို ၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ မော်စကိုလေဆိပ်မှ ထွက်ခွာလာသော လူ ၇၁ ဦးလိုက်ပါလာသည့် လေယာဉ်သည် ပျံတက်ပြီး မကြာမီအချိန်အတွင်း ပျက်ကျမှုဖြစ်ပွားခဲ့ကြောင်း ၊ လေယာဉ်ပေါ်လိုက်ပါသူ ခရီးသည်များ နှင့် လေယာဉ်အမှုထမ်းအားလုံး အသက်ရှင်ကျန်ရစ်သူမရှိကြောင်း အရေးပေါ်ကယ်ဆယ်ရေးဌာနမှ သတင်းအရင်းအမြစ်က Interfax သတင်းအေဂျင်စီသို့ဖေဖော်ဝါရီ ၁၁...
နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံဘက်မှ ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသတွင် သေနတ်ပစ်ခတ်မှုအတွင်း ဒဏ်ရာရရှိခဲ့သော အမျိုးသမီးတစ်ဦးသည် ဖေဖော်ဝါရီလ ၁၀ ရက်က စစ်ဆေးရုံတစ်ရုံသို့ တက်ရောက်ခဲ့ပြီးနောက် သမီးမိန်းကလေး တစ်ဦး မွေးဖွားခဲ့ကြောင်း အိန္ဒိယနိုင်ငံ ကာကွယ်ရေး သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။