ခတ္တမန္ဒူ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) နီပေါနိုင်ငံ Tara လေကြောင်းလိုင်းမှ ခရီးသည် ၂၀ဦး နှင့် လေယာဉ်ဝန်ထမ်း ၃ဦး လိုက်ပါစီးနင်းလာသော လေယာဉ်သည် Myagdi ခရိုင် ၌ ပျက်ကျခဲ့သည် ဟု ယုံကြည်ရကြောင်း သိရသည်။
စူဗား၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) ဖီဂျီနိုင်ငံသို့ အပူပိုင်း ဆိုက်ကလုန်းမုန်တိုင်း ဝင်စတန် (Winston) တိုက်ခတ်ပြီးနောက် သေဆုံးသူ အရေအ တွက်မှာ ၄၂ ဦးအထိ ရှိလာကြောင်း ပစိဖိတ်ကျွန်းနိုင်ငံ၏ အမျိုးသား ဘေးအန္တရာယ် စီမံခန့်ခွဲမှုရုံးက ဖေဖော် ဝါရီ ၂၄ ရက်၌ ပြောကြားခဲ့သည်။
ရီယာ့ဒ်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံ နှင့် အာရပ်စော်ဘွားများပြည်ထောင်စု(UAE) အစိုးရများက ၎င်းတို့၏နိုင်ငံသားများအား လက်ဘနွန်သို့ သွားရောက်ခြင်း မပြုရန် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က သတိပေးပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) တောင်တရုတ်ပင်လယ်အတွင်း လွတ်လပ်စွာ ကင်းလှည့်ခြင်းသည် ပြဿနာ တစ်ရပ်မဟုတ်ကြောင်း ဒေသ တွင်း ဆက်စပ်နေသည့် နိုင်ငံများအားလုံး လိုအပ်သည့် လုပ်ဆောင်မှုများ လုပ်ဆောင်နိုင်ကြောင်း တရုတ်နိုင်ငံ ခြားရေးဝန်ကြီး ဝမ်ရိက ဖေဖော်ဝါရီလ ၂၃ ရက်က ပြောကြားလိုက်သည်။
ခတ္တမန္ဒူ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) နီပေါနိုင်ငံတွင် Tara လေကြောင်းလိုင်းပိုင် ခရီးသည် ၁၈ ဦး လိုက်ပါ စီးနင်းလာသော Twin Otter လေယာဉ်တစ်စီးသည် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ရုတ်တရက် ပျောက်ဆုံးသွားခဲ့ပြီး ရှာဖွေရေး လုပ်ငန်းများကို စတင် ဆောင်ရွက် လုပ်ဆောင်နေပြီ...
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံတွင် ဖေဖော်ဝါရီလ ၂၇ ရက်တွင် ပြန်လည် စတင်မည့် အပစ်အခတ် ရပ်စဲရေးအတွက် အစီအစဉ် တစ်ခုအား အမေရိကန်နှင့် ရုရှားတို့က ဖေဖော်ဝါရီလ ၂၂ ရက်တွင် ကြေညာလိုက်ကြောင်း အမေရိကန် နိုင်ငံ ခြားရေး ဝန်ကြီးဋ္ဌာနက ပြောသည်။
ဂျာကာတာ၊ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံသည် ၎င်း၏ သယံဇာတ ပေါကြွယ်ဝသည့် ရေပြင်တွင် တရားမဝင် ငါးဖမ်းခြင်းအား တိုက်ဖျက် ရန် ဖမ်းဆီးထိန်းသိမ်းထားသည့် ပြည်တွင်း၊ ပြည်ပမှ ငါးခိုးဖမ်းသူများ၏ လှေအစီး ၃၀ ကို နှစ်မြုပ်ပစ်ခဲ့ကြောင်း သိရသည်။
ဒမားစကက်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ) ဆီးရီးယား အစိုးရတပ်အား နိုင်ငံ မြောက်ပိုင်းရှိ အလက်ပိုမြို့နှင့် ဆက်သွယ်သည့် တစ်ခုတည်းသော လမ်းကြောင်းအား အစ္စလာမ်မစ် စတိတ် (Islamic State) က ဖြတ်တောက်လိုက်ကြောင်း Pan-Arab al-Mayadeen TV က သတင်း တင်ပြထားသည်။
ဘာစီလိုနာ၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ) တရုတ် ဆက်သွယ်ရေး နည်းပညာ ကုမ္ပဏီများ ဖြစ်သည့် Huawei နှင့် ZTE တို့အပါအဝင် ကိုရီးယားနိုင်ငံမှ Samsung ကုမ္ပဏီတို့သည် ၎င်းတို့၏ ထုတ်ကုန် ပစ္စည်းသစ်များအား ဖေဖော်ဝါရီလ ၂၂ ရက်တွင် ကျင်းပခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ မိုဘိုင်းညီလာခံ...
ပေကျင်း၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်းရှိ ကျေးရွာတစ်ခု၌ လက်မထပ်ရသေးသည့် မိန်းမပျိုလေးများအား မိုဘိုင်းဖုန်း သုံးစွဲခွင့် တားမြစ်ထားကြောင်း ဟိန္ဒူစတန် တိုင်းမ် သတင်းစာတွင် ဖော်ပြထားသည်။