Connect with us

Asia

မြောက်ကိုရီးယား နိုင်ငံ ၏ တောင်ကိုရီးယား နိုင်ငံ ၌ ပထမဦးဆုံးသော အနုပညာ ဖျော်ဖြေတင်ဆက်မှု စတင်ကျင်းပ


ကိန်းရန် ၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)

တောင်ကိုရီးယား နိုင်ငံ သို့ ရောက်ရှိနေသည့် မြောက်ကိုရီးယား နိုင်ငံ အနုပညာ ကိုယ်စားလှယ် အဖွဲ့၏ ပထမဦး ဆုံးသော ဖျော်ဖြေတင်ဆက်မှု ကို ဖေဖော်ဝါရီ ၈ ရက်နေ့ ညပိုင်း အချိန်တွင် Gangwon ပြည်နယ် ကိန်းရန် အနုပညာ စင်တာ တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ဖျော်ဖြေတင်ဆက်မှု ပြုလုပ်ခဲ့သည့် ခန်းမ သည် လူပေါင်း ၁၀၀၀ ဝင်ဆန့်နိုင်သည့် ခန်းမ တစ်ခု ဖြစ်ပြီး ဝင်ခွင့်လက်မှတ် များအတွင်း မှ လက်မှတ်ပေါင်း ၅၆၀ ကို အင်တာနက်ပေါ်တွင် မဲဖောက်ပေးသည့် စနစ်ဖြင့် ပေးဝေခဲ့သော်လည်း တောင်ကိုရီးယား နိုင်ငံ အနုပညာ ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက် အရ လူပေါင်း ၁၄၀ တွင် ၁ ဦး သာ မဲပေါက် နိုင်သောကြောင့် လက်မှတ်ရရှိရန် လွန်စွာ ခက်ခဲကြောင်း သိရှိရသည်။

မြောက်ကိုရီးယား နိုင်ငံ အနုပညာ ကိုယ်စားလှယ် အဖွဲ့ က တောင်ကိုရီးယား နိုင်ငံ တွင် ဖျော်ဖြေတင်ဆက် နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

မြောက်ကိုရီးယား နိုင်ငံ အနုပညာ ကိုယ်စားလှယ် အဖွဲ့ က တောင်ကိုရီးယား နိုင်ငံ တွင် ဖျော်ဖြေတင်ဆက် နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

မြောက်ကိုရီးယား နိုင်ငံ အနုပညာ ကိုယ်စားလှယ် အဖွဲ့ က တောင်ကိုရီးယား နိုင်ငံ တွင် ဖျော်ဖြေတင်ဆက် နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

တောင်ကိုရီးယား နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ ပထမဦးဆုံး ကျင်းပ ခဲ့သည့် အနုပညာ ဖျော်ဖြေတင်ဆက်မှု သည် လွန်စွာ စည်ကား ခဲ့ပြီး “တွေ့ရသည့် အတွက် လွန်စွာ ဝမ်းသာမိသည်” ဟူသော အဓိပ္ပါယ် ရသော မြောက်ကိုရီးယား နိုင်ငံ သီချင်း ဖြင့် ဖျော်ဖြေမှု ကို စတင်ခဲ့ရာတွင် ပရိသတ် အားလုံး ၏ တစ်ခဲနက် ထောက်ခံအားပေးမှု ကို ရရှိခဲ့ကြောင်း သိရှိရသည်။

မြောက်ကိုရီးယား နိုင်ငံ အနုပညာ ဌာန ညွှန်ကြားရေးမှူး ဦးဆောင်သည့် လူပေါင်း ၁၄၀ ကျော် ပါဝင်သော အနုပညာ ကိုယ်စားလှယ် အဖွဲ့ သည် တောင်ကိုရီးယား နိုင်ငံ တွင် ကျင်းပ မည့် PyeongChang ဆောင်းရာသီ အိုလံပစ် ပွဲတော် တွင် ဖျော်ဖြေတင်ဆက်ရန် အတွက် ဖေဖော်ဝါရီ ၅ ရက်နေ့ တွင် Man Gyong Bong 92 သင်္ဘော ဖြင့် မြောက်ကိုရီးယား နိုင်ငံ Wonsan ဆိပ်ကမ်း မှ စတင် ထွက်ခွာ ခဲ့ပြီး တောင်ကိုရီးယား နိုင်ငံ Mukhohang ဆိပ်ကမ်း သို့ ဖေဖော်ဝါရီ ၆ ရက်နေ့ ညနေပိုင်း အချိန်တွင် ရောက်ရှိ ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.