Connect with us

North America

အမေရိကန် အောက်လွှတ်တော် လူနည်းစုခေါင်းဆောင်က ၈နာရီကြာမိန့်ခွန်းဖြင့် စံချိန်တင်ခဲ့

အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်တွင် အရှည်ဆုံးမိန့်ခွန်းပြောကြားခဲ့သည့် ဒီမိုကရက်တစ် ခေါင်းဆောင် Nancy Pelosi က ဝါရှင်တန်ရှိ လွှတ်တော်အဆောက်အအုံ၌ ဇန်နဝါရီလ ၁၉ ရက်က မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)

အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော် လူနည်းစုခေါင်းဆောင် ဒီမိုကရက်တစ်ဦးဖြစ်သူ အသက် ၇၇ နှစ်အရွယ် Nancy Pelosi သည် ဖေဖော်ဝါရီလ ၆ ရက်က လူဝင်မှုကြီးကြပ်ရေးနှင့်ပတ်သက်သည့် မိန့်ခွန်းအား အချိန် ၈ နာရီကြာ ဆက်တိုက် ပြောကြားခြင်းဖြင့် စံချိန်တင်ခဲ့ကြောင်း သိရသည်။

လေးလက်မ အမြင့်ရှိသောခုံမြင့်ဖိနပ်ပေါ်တွင် အချိန် ၈ နာရီ ၇ မိနစ်ကြာရပ်ကာ နေရပ်ရွှေ့ပြောင်းလာသူ လူငယ်များအကြောင်းများနှင့် နိုင်ငံအတွင်း နေထိုင်ခွင့်ရသူများ၏ အရည်အချင်းများအား ဆွေးနွေးငြင်းခုံမှုကို အောက်လွှတ်တော်၌ ၎င်းက ဖတ်ကြားခဲ့ခြင်းဖြစ်သည်။

Pelosi ၏ မိန့်ခွန်းပြောအပြီးတွင် လွှတ်တော်အခန်းအတွင်း ဒီမိုကရက်ပါတီဝင် ၅၀ ကျော်ရှိနေခဲ့သည်။ Pelosi ၏ မိန့်ခွန်းပြောကြားအပြီး၌ ၎င်းတို့က မတ်တပ်ရပ်ကာ သြဘာပေးကာ နှုတ်ဆက်ခဲ့ကြကြောင်း The Hill news က ပြောကြားခဲ့သည်။

အောက်လွှတ်တော် သမိုင်းပညာရှင်များ၏ ရုံးမှ ထုတ်ပြန်ချက်အရ Pelosi ၏ မိန့်ခွန်းသည် တစ်ဆက်တည်းပြောကြားသည့် အရှည်ဆုံး မိန့်ခွန်းဖြစ်ပြီး “အတိုချုပ် သတိပြုစရာရှာတွေ့နိုင်ကြောင်း” ဟု ဖော်ပြထားသည်။

ယခုမိန့်ခွန်းမတိုင်မီ အရှည်ဆုံးမိန့်ခွန်းအဖြစ် မှတ်တမ်းတင်ထားသည်မှာ ၁၉၀၉ ခုနှစ် ဒီမိုကရက်မှ Champ Clark က ပြောကြားခဲ့ခြင်းဖြစ်ပြီး အချိန်အားဖြင့် ၅ နာရီ ၁၅ မိနစ်ကြာမြင့်သော်လည်း ကြားဖြတ်ရပ်နားမှုများ အများအပြားရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.