Connect with us

Europe

ရုရှားနိုင်ငံတောင်ပိုင်း၌ အကြမ်းဖက်သမား နှစ်ဦးကို သုတ်သင်ခဲ့

ရုရှားနိုင်ငံ တောင်ပိုင်း၌ ဖေဖော်ဝါရီ ၁ဝ ရက်တွင် အကြမ်းဖက်နှိမ်နင်းရေး စစ်ဆင်ရေးလုပ်ဆောင်နေသော ရုရှားတပ်ဖွဲ့ ဝင်များအားတွေ့ ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဖေဖော်ဝါရီ ၁၁ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံတောင်ပိုင်း Ingushetia ၌ အကြမ်းဖက်သမား နှစ်ဦးကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း ရုရှားနိုင်ငံ၏ အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေးကော်မတီက ဖေဖော်ဝါရီ ၁ဝ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ရုရှားလုံခြုံရေးတပ်ဖွဲ့ဝင်များက အိုင်အက်စ်အကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်မှုရှိပြီး ပြည်ထောင်စုအစိုးရ၏ အလိုရှိတရားခံ စာရင်းတွင် ပါဝင်နေသူ တစ်ဦး အပါအဝင် အကြမ်းဖက်သမား ၂ ဦးကို Nazran ခရိုင် Ali Yurt ကျေးရွာအနီးတွင် အသေ ဖမ်းဆီးရမိခဲ့ကြောင်း အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေးကော်မတီက ဆိုသည်။

အဆိုပါ အကြမ်းဖက်သမား နှစ်ဦး နှင့် အပြန်အလှန်ပစ်ခတ်ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက “ အဲဒီ အကြမ်းဖက်သမား နှစ်ဦးစလုံးကို သုတ်သင်ခဲ့တာပါ” ဟု ကော်မတီက ဆိုသည်။ ၎င်းစစ်ဆင်ရေးအတွင်း အကြမ်းဖက်သမားများထံမှ လက်နက်မျိုးစုံ ၊ ကျည်ဆံများ ၊ ဖောက်ခွဲရေးကိရိယာများ နှင့် အခြား အသုံးအဆောင်များကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းကိစ္စ နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက် ရှိကြောင်း ကော်မတီက ဆိုသည်။ (Xinhua)