ဂျေရုစလန် ၊ မေ ၁၉ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံ ရေတပ်သည် Iron Dome ဒုံးခွင်းဒုံး ပါဝင်သည့် ရေပြင်ဒုံး ခွင်းဒုံး စနစ်ကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ကြောင်း အစ္စရေး စစ်တပ်က မေလ ၁၈ ရက်တွင် သတင်း ထုတ်ပြန်သည်။
ကိုင်ရို၊ မေ ၁၉ ရက် (ဆင်ဟွာ) အီဂျစ် လေကြောင်းပိုင် လေယာဉ် တစ်စင်းသည် မေလ ၁၈ ရက် အစောပိုင်းက ပဲရစ်မှ ကိုင်ရိုသို့ ပျံသန်းနေစဉ် ရေဒါမှ ပျောက်ဆုံးသွားခဲ့ကြောင်း ယင်း ကုမ္ပဏီက အတည်ပြု ပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ်၊ မေ ၁၈ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Peshawar မြို့တွင် မေလ ၁၈ ရက် နံနက်ပိုင်းက ပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ရာ အနည်း ရဲ တစ်ဦး သေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ Urdu မီဒီယာက...
ပေကျင်း၊ မေ ၁၈ ရက် (ဆင်ဟွာ) အီကွေဒေါ နိုင်ငံ Rosa Zarate မြို့မှ အနောက် – အနောက်မြောက်ဘက် ၃၄ ကီလိုမီတာ ကို ဗဟိုပြု၍ ရစ်ချ်တာ စကေး ၆.၇ ရှိ အင်အားပြင်း ငလျင် တစ်ခုသည် မေလ ၁၈...
မော်စကို၊ မေ ၁၈ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံသည် ဆယ်စုနှစ် ခြောက်ခု အတွင်း နိုင်ငံ၏ ပထမဆုံး အဖြစ် ၂၀၁၆ ခုနှစ်တွင် အပျော်စီး ခရီးသည်တင် သင်္ဘော တစ်စီးကို စီမံကိန်းဖြင့် တည်ဆောက်သွားမည် ဖြစ်ကြောင်း ရုရှား သင်္ဘော တည်ဆောက်ရေး ကုမ္ပဏီတစ်ခု က...
ကုလသမဂ္ဂ ၊ မေ ၁၈ ရက် (ဆင်ဟွာ) ယီမင်နိုင်ငံတွင် လူပေါင်း ၇.၆ သန်းကျော် အစားအစာ မလုံလောက်မှု ပြဿနာနှင့် ကြုံတွေ့နေရပြီး အရေးပေါ် ကူညီထောက်ပံ့မှုများ လိုအပ်နေကြောင်း ကုလသမဂ္ဂ အဖွဲ့က မေလ ၁၇ ရက်တွင် ပြောကြားသည်။
ရောမ၊ မေ ၁၈ ရက် (ဆင်ဟွာ) ကမ္ဘာပေါ်တွင် စားနပ်ရိက္ခာ ထောက်ပံ့ကူညီမှုများတွင် တရုတ်နိုင်ငံက ဥပမာကောင်း တစ်ခုဖြစ်သလို ကမ္ဘာ့ တောင်ခြမ်း ဖွံ့ဖြိုးဆဲ နိုင်ငံများ အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှု (South- South coorperation) မြှင့်တင် ရာတွင် ကုလသမဂ္ဂ စားနပ် ရိက္ခာ...
ကိတ်တောင်း ၊ မေ ၁၈ ရက် (ဆင်ဟွာ) အဂတိ လိုက်စားမှုနှင့် အခြားကိစ္စရပ်များ အပေါ် သမ္မတဇူးမား၏ ဖြေရှင်းချက်ကို မကျေနပ်၍ တောင်အာဖရိကနိုင်ငံ လွှတ်တော်တွင် မေလ ၁၇ ရက်က ရုန့်ရင်း ဆန်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
လီမာ၊ မေ ၁၇ ရက် (ဆင်ဟွာ) ပီရူးနိုင်ငံ မြောက်ပိုင်းတွင် မေလ ၁၅ ရက် ညနေပိုင်းက ဘတ်စ်ကား တစ်စီး တိမ်းမှောက်ခဲ့မှုကြောင့် အနည်းဆုံး လူ ၁၆ ဦး သေဆုံးခဲ့ကြောင်း ပီရူးနိုင်ငံ၏ အမြန်လမ်း ရဲတပ်ဖွဲ့က မေလ ၁၆ ရက်တွင် ပြောကြား...
နယူးဒေလီ၊ မေ ၁၇ ရက် (ဆင်ဟွာ)အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အနောက် ဘင်္ဂလားပြည်နယ်ရှိ မြစ်တစ်စင်းတွင် ဝန်ပို သယ်ဆောင်လာသည့် လှေတစ်စင်း တိမ်းမှောက်ခဲ့ပြီး ကယ်ဆယ်ရေး ဝန်ထမ်းများက ရုပ်အလောင်း ၁၈ လောင်း ပြန်လည် ဆယ်ယူတွေ့ရှိ ခဲ့ကြောင်း တာဝန်ရှိသူများက မေလ ၁၆ တွင်ပြောကြားခဲ့သည်။