Connect with us

Europe

ရုရှား နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန က ပင်လယ်နက် ဝေဟင် တွင် အမေရိကန် နိုင်ငံ ကင်းထောက် လေယာဉ် ကို တားဆီး နိုင်ခဲ့ကြောင်း ထုတ်ပြန်

ရုရှား နိုင်ငံ လေတပ် မှ Su-27 တိုက်လေယာဉ် များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ တိုက်လေယာဉ် က ဇန်နဝါရီ ၂၉ ရက်နေ့ ၌ ပင်လယ်နက် ဝေဟင် တွင် ရုရှား နိုင်ငံ ပိုင်နက် အနီး သို့ ချဉ်းကပ် ရန် ကြိုးစားလာသည့် အမေရိကန် ထောက်လှမ်းရေး လေယာဉ် EP-3E အီလက်ထရောနစ် ကင်းထောက်လေယာဉ် ကို အောင်မြင်စွာ တားဆီး နိုင်ခဲ့ကြောင်း ရုရှား နိုင်ငံ ကာကွယ်ရေး ဝန်ကြီး ဌာန က ထုတ်ပြန်ကြေညာ ခဲ့သည်။

ထုတ်ပြန်ကြေညာချက်တွင် မော်စကို ဒေသစံတော်ချိန် ၂၉ ရက်နေ့ နေ့လယ်ပိုင်း အချိန် ခန့်တွင် ရုရှား နိုင်ငံ တပ်ဖွဲ့ အနေဖြင့် ပင်လယ်နက် အပြည်ပြည်ဆိုင်ရာ ရေပြင် အထက်တွင် သံသယရှိဖွယ် လေယာဉ် တစ်စင်း က ရုရှား နိုင်ငံ နယ်နိမိတ် သို့ ချဉ်းကပ် လာသည် ကို သိရှိခဲ့ရကြောင်း ၊ ရုရှား နိုင်ငံ လေကြောင်း ကာကွယ်ရေး တပ်ဖွဲ့ အနေဖြင့် Su-27 တိုက်လေယာဉ် တစ်စင်း အား တားဆီးရန် စေလွှတ် ခဲ့ကြောင်း ၊ တိုက်လေယာဉ် က သံသယရှိ သည့် လေယာဉ် အနီး သို့ ရောက်ရှိခဲ့ချိန်တွင် အမေရိကန် နိုင်ငံ ၏ EP-3E အီလက်ထရောနစ် ကင်းထောက်လေယာဉ် ဖြစ်ကြောင်း ကို သိရှိခဲ့ရကြောင်း ပါဝင် ခဲ့သည်။

ထို့ပြင် ကြေညာချက်တွင် ရုရှား နိုင်ငံ တိုက်လေယာဉ် အနေဖြင့် တပ်စခန်း သို့ အမေရိကန် ကင်းထောက် လေယာဉ် နှင့် ပတ်သက်၍ အခြေအနေ ကို အကြောင်းပြန် ခဲ့ကြောင်း ၊ တိုက်လေယာဉ် အနေဖြင့် ကင်းထောက်လေယာဉ် နောက်တွင် ဆက်လက်၍ လုံခြုံသည့် အကွာအဝေး မှ လိုက်လံပျံသန်း ခဲ့ကြောင်း ၊ အမေရိကန် နိုင်ငံ ကင်းထောက်လေယာဉ် အနေဖြင့် တားဆီးမှု ခံခဲ့ရပြီးနောက်တွင် လမ်းကြောင်းပြောင်း၍ ပြန်လည် ထွက်ခွာ သွားကြောင်းလည်း ပါဝင် ခဲ့သည်။

လတ်တလော နှစ်ပိုင်းတွင် ရုရှား နိုင်ငံ နှင့် နေတိုး တပ်ဖွဲ့ တို့၏ ပင်လယ်နက် ဒေသတွင်း ပြိုင်ဆိုင်မှု တို့သည် တစ်နေ့တစ်ခြား ပိုမို မြင့်တက်လာခဲ့ပြီး နှစ်ဘက် တိုက်လေယာဉ် များသည်လည်း ယင်းဒေသ ဝေဟင် တွင် မကြာခဏ တွေ့ဆုံ ခဲ့ကြကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.