Connect with us

Asia

ဗီယက်နမ်နိုင်ငံရှိ စမတ်ဖုန်း ၃၅,၀၀၀ လုံးမှ Facebook စကားဝှက်များ ခိုးယူခံရ

လူမှုကွန်ရက် တစ်ခုဖြစ်သော Facebook မျက်နှာစာအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟနွိုင်း၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံရှိ စမတ်ဖုန်း ၃၅,၀၀၀ ကျော်မှ ဖေ့စ်ဘုတ် (Facebook) အကောင့်များ၏ စကားဝှက်များကို ခိုးယူသည့် GhostTeam ဗိုင်းရပ်စ် တိုက်ခိုက်ခံရကြောင်း သိရသည်။

GhostTeam ဗိုင်းရပ်စ်သည် Google Play ပေါ်ရှိ ထင်ရှားသည့် ဗီယက်နမ် အပလီကေးရှင်းများ (Applications) မှတစ်ဆင့် ပျံ့နှံ့လာခဲ့ခြင်း ဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံ၏ ထိပ်တန်း ကွန်ပြူတာ လုံခြုံရေးလုပ်ငန်း BKAV က ဇန်နဝါရီလ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

ဟက်ကာများသည် Google Play ပေါ်ရှိ ပြက္ခဒိန်၊ ဓာတ်မီးနှင့် သံလိုက်အိမ်မြောင် စသည့် ထင်ရှားသည့် အပလီကေးရှင်းများအဖြစ် ထည့်သွင်းထားသည်။ သုံးစွဲသူများအနေဖြင့် အဆိုပါ အပလီကေးရှင်းများအား ဖုန်းအတွင်း ထည့်သွင်းချိန်၌ ဖုန်းအသုံပြုရသည်မှာ နှေးကွေးသွားခြင်းနှင့် ဗိုင်းရပ်စ်ကိုက်ခံရသည့် ပုံစံကဲ့သို့ လုံခြုံရေး သတိပေးချက်များ ပေါ်လာမည်ဖြစ်ကာ ညွှန်ကြားချက်အတိုင်း သုံးစွဲသူက လုပ်ဆောင်မိသွားမည် ဖြစ်သည်။

သုံးစွဲသူအနေဖြင့် ညွှန်ကြားချက်အတိုင်း လုပ်ဆောင်မိခဲ့ပြီဆိုပါက GhostTeam ဗိုင်းရပ်စ်သည် ၎င်းတို့၏ ဖုန်းအတွင်းသို့ ဝင်ရောက်သွားမည်ဖြစ်ပြီး ၎င်းတို့၏ ဖေ့စ်ဘုတ် အကောင့် စကားဝှက်များအား ခိုးယူသွားမည် ဖြစ်သည်။

အဆိုပါ အပလီကေးရှင်းများအား Google Play က ဖယ်ရှားလိုက်ပြီးနောက် GhostTeam ဗိုင်းရပ်စ်ကိုက်ခံရသော စမတ်ဖုန်း အရေအတွက် လျော့ကျသွားခဲ့ကြောင်း BKAV က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.