မော်စကို ၊ မတ် ၂၇ ရက် (ဆင်ဟွာ) ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က ရုရှား နိုင်ငံ စစ်ဘက်ဆိုင်ရာ ပညာရှင်များ အနေဖြင့် ဗင်နီဇွဲလား နိုင်ငံ နှင့် စစ်ဘက်ဆိုင်ရာ နည်းပညာ ပူးပေါင်းဆောင်ရွက်ရန် အတွက် ဗင်နီးဇွဲလား နိုင်ငံ သို့...
တိုကျို၊ မတ် ၂၇ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ အရှေ့တောင်ပိုင်း ကရူးရှူးကျွန်း ပေါ်ရှိ မီရာဇာကီစီရင်စု တွင် မတ် ၂၇ ရက် က အင်အား ၅.၄ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဂျပန်နိုင်ငံမိုးလေဝသဌာန ကပြောကြားခဲ့သည်။
အန်ကာရာ၊ မတ် ၂၆ ရက် (ဆင်ဟွာ) ဂရိနိုင်ငံဝန်ကြီးချုပ် ပါရှိသော ရဟတ်ယာဉ်အား Aegean ပင်လယ် တွင် နှောင့်ယှက်တိုက်ခိုက်မှု၌ တူရကီရဟတ်ယာဉ်များ ပါဝင်ခြင်းမရှိကြောင်း လုံခြုံရေးသတင်းရင်းမြစ်များ ၏ ပြောကြားကြားချက်ကို state-run Anadolu Agency ကမတ်လ ၂၅ ရက်နေ့တွင် ဖော်ပြခဲ့သည်။
ကိဗ်၊ မတ် ၂၆ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ တွင် လွန်ခဲ့သည့် ၃လအတွင်း ဝက်သက်ရောဂါပြန့်ပွားမှုကြီးတစ်ခုကြောင့် အနည်းဆုံး လူ ၁၄ဦးသေဆုံးပြီး လူ ၃၂,၀၀၀ ကျော် ကူးစက်ခံခဲ့ရကြောင်း နိုင်ငံ၏ ကျန်းမာရေးဝန်ကြီးဌာန က မတ် ၂၅ ရက် တွင်ပြောကြားခဲ့သည်။
စင်ကာပူ၊ မတ် ၂၆ ရက် (ဆင်ဟွာ) စင်ကာပူလေကြောင်းလိုင်းမှ မွမ်ဘိုင်း-စင်ကာပူ ပြေးဆွဲနေသော လေယာဉ်တစ်စင်းသည် မတ်လ ၂၆ ရက် နံနက်ပိုင်းက လေယာဉ်မှူးမှ ဗုံးသတိပေးချက်ရရှိပြီးနောက် ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ကြောင်း၊ ယင်းသတိပေးချက်မှာ နောက်ပြောင်မှုတစ်ခုဟု သိရှိခဲ့ရကြောင်း Straits Times က သတင်းဖော်ပြထားသည်။
ရာဘတ်၊ မတ် ၂၆ ရက် (ဆင်ဟွာ) မော်ရိုကိုနိုင်ငံ သည် အမေရိကန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၃.၇၈၇ ဘီလီယံ တန်ဖိုးရှိ လက်နက်များ ဝယ်ယူမည်ဖြစ်ကြောင်း မော်ရိုကိုငွေကြေးသတင်းဝက်ဘ်ဆိုက် Medias24.com က မတ် ၂၅ ရက်တွင်ဖော်ပြခဲ့သည်။
ထရီပိုလီ၊ မတ် ၂၆ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံ တောင်ပိုင်းတွင် အိုင်အက်စ်အဖွဲ့ဝင်များဖြစ်ဖွယ်ရှိသူများက မတ်လ ၂၅ ရက်တွင် အရပ်သား ၁ ဦးအား သတ်ဖြတ်ပြီး အခြား ၃ ဦးအားပြန်ပေးဆွဲခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။
ဆာနား ၊ မတ် ၂၆ ရက်(ဆင်ဟွာ) ယီမင် နိုင်ငံ အရှေ့ပိုင်း Marib ပြည်နယ်တွင် မတ် ၂၅ ရက်က ဆော်ဒီ ဦးဆောင်သော လေကြောင်း တိုက်ခိုက်မှုများကြောင့် အနည်းဆုံး ဟူသီ သူပုန် ၅၀ ဦး သေဆုံးသွားခဲ့ကြောင်း ယီမင် အစိုးရမှ ထုတ်ဝေသော...
မိုနာကို၊ မတ် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် မိုနာကိုနိုင်ငံ မင်းသားကြီး အယ်လ်ဘတ် ၂ (Albert II) တို့သည် မိုနာကိုနိုင်ငံ၌ မတ်လ ၂၆ ရက်က တွေ့ဆုံကာ တရုတ်-မိုနာကို ဆက်ဆံရေး ခိုင်မာရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
နီယာမေ ၊ မတ် ၂၆ ရက်(ဆင်ဟွာ) နိုင်ဂျာနိုင်ငံ အရှေ့တောင်ပိုင်း Diffaပြည်နယ်ရှိ ကျေးရွာ ၃ ခုကို မတ် ၂၃ရက်က ဘိုကိုဟာရမ် အစွန်းရောက်အဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ အရပ်သား ၁၄ ဦး သေဆုံးခဲ့ကြောင်း နိုင်ဂျာ လုံခြုံရေးဌာနဌာနက မတ် ၂၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။