Connect with us

Asia

ကွာလာလမ်ပူမြို့တွင် ရထားတိုက်မှုကြောင့် လူ ၂၀၀ ကျော် ဒဏ်ရာရ

ကွာလာလမ်ပူ၊ မေ ၂၅ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်ရှိ ဥမင်တစ်ခုအတွင်း မေ ၂၄ ရက်က ရထားလမ်းနှစ်စင်း ခေါင်းချင်းဆိုင် တိုက်မိသဖြင့် လူပေါင်း ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး ယင်းတို့အနက် ၄၇ ဦး မှာ ဒဏ်ရာပြင်းထန်ကြောင်း မီဒီယာသတင်းများအရ သိရသည်။အဆိုပါ ရထားတိုက်မှုသည် ဒေသစံတော်ချိန် ည ၈:၃၀ နာရီခန့်က Petronas Towers အပြင်ဘက် KLCC ဘူတာရုံအနီး မြေအောက်လမ်းပိုင်းရှိ Kelana Jaya Light Rail Transit (LRT) လိုင်းပေါ်၌ ခရီးသည် ၂၃၂ ဦး တင်ဆောင်လာသော ရထားတစ်စင်းနှင့် အခြားရထားအလွတ်တစ်စင်းတို့ ခေါင်းချင်းဆိုင် တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း မလေးရှားနိုင်ငံ ပို့ဆောင်ရေးဝန်ကြီး Wee Ka Siong ၏ ပြောကြားချက်ကို ကိုးကား၍ မီဒီယာများက ဖော်ပြထားသည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ရထားတိုက်မှုကြောင့် ဒဏ်ရာရသည့် ခရီးသည်တစ်ဦးအား ကယ်ဆယ်ရေးသမားများက လွှဲပြောင်းနေကြစဉ် (ဆင်ဟွာ)

ဘူတာရုံ၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးက ရထားတိုက်မှုကြောင့် လူပေါင်း ၁၆၆ ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်းနှင့် ၄၇ ဦးမှာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူအချို့ကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ရထားတိုက်မှုကြောင့် ဒဏ်ရာရသည့် ခရီးသည်တစ်ဦးအား ကယ်ဆယ်ရေးသမားများက လွှဲပြောင်းနေကြစဉ် (ဆင်ဟွာ)

တိုက်မိခဲ့သော ရထားအလွတ်တစ်စင်းမှာ စမ်းသပ်ပြေးဆွဲနေခြင်းဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။အဆိုပါ ရထားတိုက်မှုသည် LRT ၏ ၂၃ နှစ်ကြာ သမိုင်းကြောင်းတွင် ပထမဆုံးမတော်တဆမှုဖြစ်ကြောင်း၊ ရထားတိုက်မှုကို စုံစမ်းစစ်ဆေးရန် အထူးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းထားကြောင်းလည်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် မူယီဒင် ယာဆင် (Muhyiddin Yassin) က ရထားတိုက်မှုဖြစ်စဉ်ကို သတင်းရရှိခဲ့ကြောင်းနှင့် လုံခြုံရေးနှင့် အရေးပေါ်အရာရှိများ အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိနေကြောင်း လူမှုမီဒီယာ၌ ပြောကြားထားသည်။၎င်းမတော်တဆမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် ညွှန်ကြားထားကြောင်း ဝန်ကြီးချုပ်က ဆိုသည်။ (Xinhua)

———————————————
(Chinese Version)

Over 200 injured in metro train collision in Kuala Lumpur: media

KUALA LUMPUR, May 25 (Xinhua) — Over 200 people were wounded, including 47 suffering serious injuries, as two metro light rail trains collided in a tunnel in Malaysia’s capital Kuala Lumpur on Monday, media reports said.

The accident happened around 8:30 p.m. local time as an empty train collided head-on with another one carrying 232 people on the Kelana Jaya Light Rail Transit (LRT) line at an underground section near the KLCC station outside the Petronas Towers, media reports quoted Malaysian transport minister Wee Ka Siong as saying.
The minister told a press conference at the station that 166 people suffered light injuries while 47 where seriously injured, adding that some of the injured were sent to hospital.
The empty train was on a test run, the minister said.

He said the incident was the first of its kind in the LRT’s 23-year history, adding that a special panel will be formed to probe the collision.
Meanwhile, Malaysian Prime Minister Muhyiddin Yassin said on social media that he was informed of the accident and that security and emergency officers are on the scene.
The prime minister said he has ordered an investigation into the accident. Enditem

1- Rescuers prepare to transfer passengers injured in a metro train collision in Kuala Lumpur, Malaysia, on May 24, 2021. Over 200 people were injured, including 47 suffering serious injuries, as two metro light rail trains collided in a tunnel in Kuala Lumpur on Monday, media reports said. (Xinhua)

2-3- Rescuers transfer a passenger injured in a metro train collision in Kuala Lumpur, Malaysia, on May 24, 2021. Over 200 people were injured, including 47 suffering serious injuries, as two metro light rail trains collided in a tunnel in Kuala Lumpur on Monday, media reports said. (Photo by Fan Fzy/Xinhua)

4- Rescuers help a passenger injured in a metro train collision in Kuala Lumpur, Malaysia, on May 24, 2021. Over 200 people were injured, including 47 suffering serious injuries, as two metro light rail trains collided in a tunnel in Kuala Lumpur on Monday, media reports said. (Photo by Fan Fzy/Xinhua)

5- Rescuers transfer a passenger injured in a metro train collision in Kuala Lumpur, Malaysia, on May 24, 2021. Over 200 people were injured, including 47 suffering serious injuries, as two metro light rail trains collided in a tunnel in Kuala Lumpur on Monday, media reports said. (Photo by Fan Fzy/Xinhua)

6- Rescuers help a passenger injured in a metro train collision in Kuala Lumpur, Malaysia, on May 24, 2021. Over 200 people were injured, including 47 suffering serious injuries, as two metro light rail trains collided in a tunnel in Kuala Lumpur on Monday, media reports said. (Photo by Fan Fzy/Xinhua)

7- A rescuer talks with a passenger injured in a metro train collision in Kuala Lumpur, Malaysia, on May 24, 2021. Over 200 people were injured, including 47 suffering serious injuries, as two metro light rail trains collided in a tunnel in Kuala Lumpur on Monday, media reports said. (Photo by Fan Fzy/Xinhua)