Connect with us

Europe

အီတလီ စီးရီးအေတွင် စီရော်နာဒို ရွှေဖိနပ်ဆု ဆွတ်ခူးရရှိ ၊ ကမ္ဘာ့စံချိန်ထပ်မံတင်နိုင်ခဲ့

ရောမ ၊ မေ ၂၄ ရက် (ဆင်ဟွာ)

မေ ၂၃ ရက်တွင် ပြီးဆုံးခဲ့သော ၂၀၂၀-၂၀၂၁ ခုနှစ် အီတလီ စီးရီးအေ ဘောလုံးရာသီတွင် ဂျူဗင်တပ်ဘောလုံးအသင်း ၏ အဓိက ကစားသမား စီရော်နာဒိုသည် အကောင်းဆုံး ဂိုးသွင်းရှင်ဆုအား ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိသွားပြီး သမိုင်းတစ်လျှောက် အင်္ဂလန် ပရီးမီးယားလိဂ် ၊ စပိန် လာလီဂါ နှင့် အီတလီ စီးရီးအေ ပြိုင်ပွဲသုံးမျိုးစလုံးတွင် ရွှေဖိနပ်ဆု ရရှိသည့် ဘောလုံးသမားအဖြစ်စံချိန်တင်နိုင်ခဲ့သည်။စီရော်နာဒို သည် ဂျူဗင်တပ်ဘောလုံးအသင်းသို့ ပြောင်းရွှေ့လာခဲ့ပြီးနောက် ပထမဆုံးအကြိမ် အဖြစ် အီတလီ စီးရီးအေ ရွှေဖိနပ်ဆု ရရှိခဲ့ခြင်းဖြစ်ပြီး ဒုတိယ ဂိုသွင်းအများဆုံးကစားသမားဖြစ်သော လူကာကူထက် သွင်းဂိုး ၅ ဂိုးပိုမိုများခဲ့ကြောင်း ၊ မန်ယူအသင်း၌ ကစားခဲ့စဉ်က စီရော်နာဒိုသည် ၂၀၀၈ ခုနှစ်တွင် ပထမဆုံးအကြိမ် အင်္ဂလန် ပရီးမီးယားလိဂ်၏ ရွှေဖိနပ်ဆိုကို ဆွတ်ခူးရရှိခဲ့ကြောင်း ၊ ထို့နောက် ရီးရဲမက်ဒရစ် အသင်းသို့ပြောင်းရွှေ့ကစားခဲ့ပြီးနောက်တွင်လည်း အကောင်းဆုံး ဂိုးသွင်းဆုရှင်ကို သုံးကြိမ်တိုင်တိုင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ၊ ဂျူဗင်တပ်အသင်း သို့ ပြောင်ရွှေ့ပြီး ဘောလုံးရာသီ ၃ ရာသီ ကစားခဲ့ပြီးနောက် အသက် ၃၆ နှစ်အရွယ် ပေါ်တူဂီ လက်ရွေးင် ဘောလုံးသမား စီရော်နာဒိုသည် အသင်းအတွက်ပြိုင်ပွဲစုံတွင် ဂိုးပေါင်း ၁၀၁ ဂိုးသွင်းယူနိုင်ခဲ့ကာ အံ့အားသင့်ဖွယ်ကောင်းသော စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့သည်။

ယခုနှစ် အီတလီ စီးရီးအေ ဘောလုံးရာသီ၏ နောက်ဆုံးလက်ကျန်ကစားပွဲတွင် စီရော်နာဒို သည် ပါဝင်ကစားခဲ့ခြင်းမရှိသော်လည်း ဂျူဗင်တပ်အသင်း သည် ၄ ဂိုး – ၁ ဂိုး ဖြင့် ဘိုလော့နာ အသင်းအား ဂိုးပြတ်အနိုင်ရရှိကာ လာမည့်ဘောလုံးရာသီ UEFA ချန်ပီယံလိဂ် တွင် ပါဝင်ယှဉ်ပြိုင် ခွင့်ရရှိခဲ့ကြောင်း သိရှိရသည်။ (Xinhua)

#C.Ronaldo #Football #Winner #Record #xinhua #myanmar #xinhuamyanmar #စီရော်နာဒို #ဘောလုံး #ရွှေဖိနပ် #စံချိန် #ဆင်ဟွာ
————————————————-
(Chinese Version)

(体育•国际足球)C罗首夺意甲金靴 再创纪录

新华社罗马5月23日电 2020-2021赛季意甲足球联赛23日落下帷幕,尤文图斯当家球星克•罗纳尔多(C罗)以29球荣膺联赛最佳射手,他也成了历史上第一位同时拥有英超、西甲和意甲金靴的球员。

这是C罗加盟尤文图斯以来第一次赢得意甲金靴,比排名射手榜第二的卢卡库多出5球。2008年,还在曼联效力的C罗首次获得英超金靴。转战皇家马德里后,C罗又三次将“最佳射手”称号收入囊中。为尤文征战三个赛季,36岁的葡萄牙人已经为球队在各条战线上打入101球,效率惊人。
在本赛季意甲联赛最后一轮中,C罗并未登场,尤文4:1大胜博洛尼亚,惊险晋级下赛季欧冠联赛。(完)

Photo
图为2020年7月26日,尤文图斯队葡萄牙籍球员克•罗纳尔多在2019-2020赛季意大利足球甲级联赛第36轮对阵桑普多利亚队的比赛中。
新华社发(费德里科•塔尔迪托摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.