ဂျကာတာ ၊ ဇွန် ၄ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဗဟိုဂျာဗားပြည်နယ်ရှိ ရဲစခန်းတစ်ခု၏ ပြင်ပ၌ ဇွန် ၃ ရက် သန်းခေါင်ယံ မတိုင်မီတွင် အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ဗုံးခွဲသူမှာ ဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း အင်ဒိုနီးရှားအမျိုးသားရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် Dedi Prasetyo က ယနေ့(ဇွန် ၄ ရက်) တွင်...
ဂျကာတာ ၊ ဇွန် ၃ ရက်(ဆင်ဟွာ) အင်ဒိုနီးရှား နိုင်ငံ အနောက်မြောက်ပိုင်း ဆူမတြား ပြည်နယ်၌ ယနေ့ဇွန် ၃ ရက်တွင် ပြင်းအား ၆.၀ အဆင့်ရှိ ငလျင် တစ်ခု လှုပ်ခတ်ခဲ့သော်လည်း ဆူနာမီ လှုတ်ခတ်နိုင်သည့် အလားအလာ မရှိကြောင်း မိုးလေဝသ နှင့် ဘူမိရူပ...
နယူးဒေလီ ၊ ဇွန် ၃ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံမိုးလေဝသဌာန(IMD) က အိန္ဒိယနိုင်ငံမြောက်ပိုင်း အထူးသဖြင့် အူထရာပရာဒတ်ရှ် ၊ ဟာယနာ ၊ ဒေလီ စသည့်ပြည်နယ်များ နှင့် ချန်ဒီဂရပ် ဒေသများတွင် အပူလှိုင်းကျရောက်သည့် အန္တရာယ်ကို သတိပေးချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အစ္စလာမ်မာဘတ် ၊ ဇွန် ၃ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် Sahiwal ခရိုင်အတွင်းရှိ အစိုးရဆေးရုံတစ်ခုတွင် မြင့်မားသောအပူချိန်အောက်တွင် လေအေးပေးစနစ် AC ချွတ်ယွင်းမှုကြောင့် ၂၄ နာရီအတွင်း မွေးကင်းစ ကလေးငယ် ၈ ဦးသေဆုံးသွားကြောင်း ဒေသတွင်းမီဒီယာ နှင့် တာဝန်ရှိသူများက ဇွန် ၂...
မော်စကို ၊ ဇွန် ၃ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ၏ Nizhny Novgorod ဒေသတွင် ထရိုင်နိုက်ထရိုထောလွှင်း(TNT) ဓါတုစက်ရုံ မီးလောင်မှုတစ်ခုဖြစ်ပွားပြီးနောက် ပေါက်ကွဲမှုများ အစဉ်လိုက်ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူပေါင်း ၈၉ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသဆိုင်ရာအစိုးရက ဇွန် ၂ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဇွန် ၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတအိမ်ဖြူတော်အနီးတွင် ဇွန် ၂ ရက် ညပိုင်းက အမျိုးသားတစ်ဦးအား အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေးသမားများက သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း အခင်းဖြစ်နေရာသို့ရောက်ရှိနေသော ဆင်ဟွာသတင်းထောက်တစ်ဦးက သတင်းပေးပို့ခဲ့သည်။
ဂါဇ်နီ ၊ အာဖဂန် ၊ ဇွန် ၂ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ဂါဇ်နီပြည်နယ်(Ghazni) ၌ ရဲစခန်းတစ်ခုအား ကားတစ်စင်းဖြင့် အသေခံဗုံးခွဲဝင်ရောက်တိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးပြီး အခြား ၇ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ဇွန် ၂ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
လီဗာပူး ၊ ဇွန် ၂ ရက် ဇွန် ၁ ရက်တွင် ယှဉ်ပြိုင်ကစားခဲ့သည့် ဥရောပချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်၌ အနိုင်ရရှိခဲ့သော လီဗာပူးဘောလုံးအသင်း၏ ဇွန် ၂ ရက် အိမ်အပြန်ခရီးစဉ်အား ပရိသတ် ၅ သိန်းကျော်ဖြင့် ကြိုဆိုဂုဏ်ပြုရန် လီဗာပူးမြို ့တော် တာဝန်ရှိသူများက စီစဉ်ထားကြောင်း သိရသည်။
ကုလသမဂ္ဂ ၊ ဇွန် ၁ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံ ၏ မြို့တော် ထရီပိုလီ တွင် တိုက်ပွဲများဖြစ်ပွားခဲ့သည့်အတွင် ပြီးခဲ့သည့် နှစ်လ အတွင်း နေအိမ်စွန့်ခွါ၍ ထွက်ပြေးသူ အယောက် ၉၀,၀၀၀ ကျော်ရှိကြောင်း ကုလသမဂ္ဂ က မေ ၃၁ ရက် တွင်...
ဘန်ကောက်၊ ဇွန် ၁ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံက ဇွန်လ ၅ ရက်တွင် ဝန်ကြီးချုပ်သစ်အား ရွေးချယ်ရန်ရှိကြောင်း အောက်လွှတ်တော် ဥက္ကဋ္ဌ ချွန်လိခ်ပိုင် (Chuan Leekpai) က မေလ ၃၁ ရက်တွင် ပြောကြားလိုက်သည်။