Connect with us

Europe

အင်္ဂလန်ပရီးမီးယားလိဂ်သတင်းစုစည်းချက်- မန်ယူအသင်းရှုံးပွဲကြုံပြီး မန်စီးတီးအသင်း ယခုနှစ်ရာသီအတွက် ဖလားရရှိ

လန်ဒန် ၊ မေ ၁၂ ရက် (ဆင်ဟွာ)

မန်ယူ အသင်းသည် ပွဲထွက်ကစားသမား အခင်းအကျင်းများစွာ ပြောင်းလဲမှုဖြစ် မေ ၁၁ ရက်က အိမ်ကွင်း၌ Leicester City အသင်းအား ဧည့်ခံကစားခဲ့ရာ ၁ ဂိုး – ၂ ဂိုး ဖြင့် ရှုံးနိမ့်သွားသောကြောင့် ဒါဘီပြိုင်ဖက် မန်စီးတီးအသင်းသည် ရာသီမကုန်မီ ၃ ပွဲအလိုမှာပင် အင်္ဂလန်ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးရရှိခဲ့သည်။လက်ရှိတွင် မန်ယူအသင်းသည် ၁၀ မှတ်အကွာဖြင့် ဇယားထိပ် ဒုတိယနေရာတွင် ဆက်လက်တည်ရှိနေပြီး တစ်ပွဲပိုကစားထားသည့် Leicester City အသင်းထက် ၄ မှတ်သာနေသေးကြောင်းသိရသည်။

မန်ယူအသင်း ကစားသမား မေဆင်ဂရင်းဝုဒ်(အရှေ့ဘယ်) က ဂိုးသွင်းယူနေသည်ကို မြင်တွေ့ရစဉ်(ဓာတ်ပုံ-xinhua/ Reuters)

သူရဲနီအသင်းအနေဖြင့် မေ ၆ ရက် မှ ၁၃ ရက် အထိ ၈ ရက်တာအတွင်း ၄ ပွဲ ကစားရမည်ဖြစ်သောကြောင့် အသင်းနည်းပြဆိုးလ်ရှားသည် ပွဲထွက် ကစားသမားများကို လက်စက်စတာစီးတီးနှင့်ပွဲတွင် အနားပေးခဲ့သည်။ မေလ ၉ ရက်က အက်စတွန်ဗီလာ အသင်းအား အနိုင်ကစားခဲ့သည့် ကစားသမားအခင်းအကျင်းနှင့် နှိုင်းယှဉ်ပါက မန်ယူအသင်းအနေဖြင့် ပွဲထွက်ကစားသမား ၁၀ နေရာအထိပင် အပြောင်းအလဲလုပ်ခဲ့ကြောင်း တွေ့ရသည်။

မန်ယူအသင်း နည်းပြ ဆိုးလ်ရှား အား ပြိုင်ပွဲကျင်းပနေချိန် မြင်တွေ့ရစဉ်(ဓာတ်ပုံ-xinhua/ Reuters)

ပွဲချိန် စတင်ပြီး ၁၀ မိနစ်တွင် လုတောမက်စ်က Leicester City အတွက် လှပစွာ အဖွင့်ဂိုး ဦးဆောင်သွင်းယူသွားနိုင်ခဲ့သည်။ မန်ယူအသင်း၏ အသက် ၂၀ မပြည့်သေးသော ကစားသမားဖြစ်သည့် လူငယ်ကစားသမား မေဆင်ဂရင်းဝုဒ်က (Mason Greenwood) က ဂိုးသွင်းခံရပြီး ၅ မိနစ်အကြာတွင် ချေပဂိုးကို ပြန်လည်သွင်းယူနိုင်ခဲ့သော်လည်း လက်စက်စတာစီးတီးအသင်းက ဒုတိယပိုင်းတွင် ခေါင်းတိုက်ဂိုး တစ်ဂိုး ထပ်မံ သွင်းယူနိုင်ခဲ့သောကြောင့် ပွဲပြီးဆုံးချိန်တွင် မန်ယူအသင်းပေါ် ၂ ဂိုး – ၁ ဂိုး ဖြင့် အနိုင်ရ၍ ရမှတ် ၃ မှတ် ပိုင်ဆိုင်ခဲ့သည်။

ယင်းပွဲစဉ်ပြီးနောက်တွင် မန်ယူအသင်းသည် ယခုနှစ်ရာသီ၏ ၁၄ ပွဲဆက်ရှုံးပွဲမရှိစံချိန် ချိုးဖျက်ခံခဲ့ရပြီး ပြိုင်ဘက်မန်စီးတီး အသင်း အနေဖြင့်လည်း ၄ နှစ်အတွင်း တတိယအကြိမ်မြောက် ပရီးမီးယားလိဂ် ဖလား ရရှိသွားသည်။ အစောပိုင်းကပင် ယခုနှစ်ရာသီအတွက် မန်စီးတီးအသင်း ဗိုလ်စွဲမည်မှာ သေချာနေပြီဟု ပြောကြားခဲ့သည့် ဆိုးလ်ရှားက မိမိတို့အနေဖြင့် တောက်လျှောက် ဖိအားပေးခဲ့ကြောင်း ၊ ရာသီကုန်ရက် ၁၀ ရက်အလိုမှ မန်စီးတီးအသင်း ဆုဖလားရရှိသွားခဲ့ကြောင်း ၊ ယခုရရှိသည်အောင်မြင်မှုသည် မန်ယူအတွက် အတိုင်းအတာတစ်ခု အောင်မြင်မှုဖြစ်ပြီး မန်စီးတီးအသင်းမှာ အထူးကောင်းမွန်သည် အသင်းတစ်သင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

Leicester City အသင်းနည်းပြ (Brendan Rodgers) ဘရန်ဒန်ရော်ဂျာ က မန်စီးသီးအသင်းအနေဖြင့် ထူးချွန်သည့် ကစားသမား နှင့် အကောင်းဆုံး နည်းပြကို ပိုင်ဆိုင်ထားရပြီး ၎င်းတို့အနေဖြင့် ဖလားနှင့်ထိုက်တန်ကြောင်း ပြောကြားခဲ့သည်။

မန်စီးတီးအသင်းနည်းပြ Pep Guardiola ကလည်း ယခုနှစ် ပရီးမီးယားလိဂ်ဘောလုံးရာသီသည် အခက်ခဲ့ဆုံးရာသီတစ်ခုဖြစ်ကြောင်း ၊ မိမိတို့အနေဖြင့် ယခုနှစ်ရာသီတွင် အောင်မြင်မှုရရှိအောင် မည်ကဲ့သို့ ဖော်ဆောင်ခဲ့ရသည်ကို အစဉ်အမှတ်ရနေမည်ဖြစ်ကြောင်း ၊ မန်စီးသီး အသင်း၏ နည်းပြအဖြစ် အသင်းကစားသမားများကို ဦးဆောင်ရသည့်အတွက် များစွာဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။
မေလ ၁၁ ရက်က အိမ်ကွင်း၌ ကစားခဲ့သည့် Southampton အသင်းသည် Crystal Palace အသင်းအား ၃ ဂိုး – ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရှိရသည်။ (Xinhua)

———————————————
(Chinese Version)

(体育•国际足球)英超综合:曼联输球 曼城夺冠

新华社伦敦5月11日电(记者张薇)对首发阵容进行了大幅调整的曼联11日主场1:2败给莱斯特城,意味着同城对手曼城提前三轮拿下英超冠军。曼联以10分之差继续位居第二,领先多赛一场的莱斯特城4分。
“红魔”从6日到13日的8天时间内要踢4场比赛,使得主帅索尔斯克亚毫无选择,只得让球员轮休。与两天前战胜阿斯顿维拉的阵容相比,曼联在10个位置上的首发都换了人。
开场仅10分钟,“狐狸”小将托马斯以一脚精彩的射门打破场上均势。尽管同样未满20岁的格林伍德5分钟后即为曼联扳平比分,但莱斯特城凭借下半场的一记头球命中最终2:1带走3分。
曼联本赛季英超14场不败的纪录终止,他们的同城劲敌则就此4年内第三次登顶英超。不过,早就表示本赛季曼城夺冠无悬念的索尔斯克亚强调,他们一路追赶,直到赛季还有10多天就将结束时才让曼城的冠军到手,“这已经是不俗的成就,因为他们真的是特别棒的一支球队”。
莱斯特城主帅罗杰斯则把曼城比喻为标杆,“他们太出色了,有优秀的球员,绝佳的主帅,他们绝对配得上冠军头衔”。
曼城主帅瓜迪奥拉则把本赛季的英超冠军形容为最艰难的一个。“我们会一直牢记我们是如何实现本赛季的胜利的。我为成为这支球队的主教练,带领这些球员,感到无比骄傲。”
同日,南安普敦主场3:1力克水晶宫。(完)

Photo1: 曼联队球员马奎尔(右)因伤未能上场。新华社/路透
Photo2: 曼联队球员格林伍德(前左)射门得分。新华社/路透
Photo3:  曼联队主教练索尔斯克亚在比赛中。新华社/路透

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.