Connect with us

Asia

အီရန်နိုင်ငံက ပြည်တွင်းဖြစ် COVID-19 ကာကွယ်ဆေး အမြောက်အမြားထုတ်လုပ်မှု စတင်

တီဟီရန်၊ မေ ၁၂ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံက COVID-19 အတွက် COV-Iran Barekat ဟု အမည်ပေးထားသော ပြည်တွင်းဖြစ် ကာကွယ်ဆေးကို မေ ၁၁ ရက်တွင် အမြောက်အမြား ထုတ်လုပ်မှု စတင်ခဲ့ကြောင်း Tasnim သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။အီရန်နိုင်ငံသည် မေ ၂၁ မတိုင်မီ COV-Iran Barekat ဆေးအလုံးရေ ၁ သန်း ထုတ်လုပ်ရန်နှင့် ဇွန်လမတိုင်မီအထိ ကာကွယ်ဆေးအလုံးရေ ၁၀ သန်းခန့် ထုတ်လုပ်ရန် စီစဉ်ထားကြောင်း ၎င်းကာကွယ်ဆေးအား အမြောက်အမြားထုတ်လုပ်မည့် Barekat Foundation ၏ ပြန်ကြားရေးဌာန ညွှန်ကြားရေးမှူး Hojjat Niki Maleki က ပြောကြားခဲ့သည်။

COV-Iran ကာကွယ်ဆေးအား လက်တွေ့စမ်းသပ်မှု အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်းနှင့် နောက်ဆုံးစမ်းသပ်မှုတွင် တီဟီရန်၊ ဘက်ရှ်ဟာ၊ ရှီရက်ဇ်၊ ကာရတ်၊ မက်ရှ်ဟတ်နှင့် အစ္စဖာဟန် စသည့်မြို့များတွင် လူပေါင်း ၂၀,၀၀၀ ပါဝင်ခဲ့ကြောင်း သတင်းက ဖော်ပြထားသည်။

အီရန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားသူ ၂.၆ သန်းကျော်ရှိပြီး သေဆုံးသူအရေအတွက်မှာ ၇၅,၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

———————————————
(English Version)

Iran starts to mass-produce domestic COVID-19 vaccine

TEHRAN, May 11 (Xinhua) — Iran on Tuesday started mass production of its domestic vaccine for COVID-19, named COV-Iran Barekat, Tasnim news agency reported.
Iran plans to produce 1 million doses of COV-Iran Barekat by May 21, and around 10 million doses of the vaccine will be supplied by June, said Hojjat Niki Maleki, director of the information department of the Barekat Foundation, which is mass-producing the vaccine.
The COV-Iran vaccine has gone through three stages of clinical trials, the last of which involved 20,000 people in the cities of Tehran, Bushehr, Shiraz, Karaj, Mashhad and Isfahan, the report said.
Iran has so far registered more than 2.6 million coronavirus cases and over 75,000 deaths. Enditem

A nurse receives the COVID-19 vaccine at a hospital in Tehran, Iran, on Feb. 9, 2021. Iran on Tuesday started the nationwide vaccination campaign against COVID-19, using Russia’s Sputnik V jabs, official news agency IRNA reported. (Photo by Ahmad Halabisaz/Xinhua)