ဝါဆော၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) ပိုလန်နိုင်ငံတွင် အခန်းတွင်းမှ လွတ်မြောက်ခြင်းကစားနည်း (Escape Room Game) ကစားနေစဉ် ဆယ်ကျော်သက် မိန်းကလေး ၅ ဦး မီးလောင်သေဆုံးပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပိုလန် အာဏာပိုင်များက ဇန်နဝါရီလ ၄ ရက်၌ ပြောကြားခဲ့သည်။
လန်ဒန် ၊ ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ) လန်ဒန် ရထား တစ်စီးပေါ်တွင် အသက် ၅၁ နှစ် အရွယ်ရှိ အမျိုးသား တစ်ဦးသည် ၁၄ နှစ် အရွယ် ရှိသော ၎င်း၏ သားဖြစ်သူ နှင့် အတူ ခရီးသွားနေစဉ် ရက်စက်စွာ ဓားဖြင့် အထိုးခံရခဲ့ပြီး...
ဝါရှင်တန်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယို (Mike Pompeo) သည် လာမည့် သီတင်းပတ်များအတွင်း ဆီးရီးယားနိုင်ငံ၊ အီရန်နိုင်ငံနှင့် ယီမင်နိုင်ငံ အရေးကိစ္စများဆွေးနွေးရန် အရှေ့အလယ်ပိုင်းနိုင်ငံ ၈ နိုင်ငံသို့ သွားရောက်လည်ပတ်မည် ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၄ ရက်က ပြောကြားလိုက်သည်။
ရာဘတ် ၊ ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ) မော်ရိုကို နိုင်ငံ၌ ကမ္ဘာ့လှည့် ခရီးသွားအများအပြား လာရောက်ကြသည့် Marrakech မြို့အနီးတွင် ကမ္ဘာလှည့် ခရီးသွား နှစ်ဦးအား သတ်ဖြတ်ခံရမှုအား တရားရုံးတွင် စစ်ဆေးရန် အတွက် ဆွစ်ဇာလန် လူမျိုး စပိန် နိုင်ငံသား တစ်ဦး အပါအဝင် သံသယ...
ဝါရှင်တန်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှ ဒီမိုကရက်တစ်လွှတ်တော်အမတ် နန်စီ ပီလိုစီ (Nancy Pelosi) အား ဇန်နဝါရီလ ၃ ရက် အစောပိုင်းက သဘောထားကွဲပြားနေသော ကွန်ဂရက်လွှတ်တော် ကျင်းပအပြီး ယင်းနေ့တွင်ပင် အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးကောက်ခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ) အိမ်ဖြူတော်မှ ဗီတိုအာဏာအသုံးပြုပယ်ချနိုင်သည့် အရိပ်လက္ခဏာများရှိနေသည့်ကြားမှ အစိုးရယန္တရား တစ်စိတ်တစ်ပိုင်းရပ်ဆိုင်းမှုကို အဆုံးသတ်စေမည့် ဘဏ္ဍာငွေအသုံးပြုမှု ဥပဒေကြမ်းများကို အောက်လွှတ်တော် ကိုယ်စားလှယ်များက ဇန်နဝါရီလ ၃ ရက်နှောင်းပိုင်းတွင် အတည်ပြုခဲ့ကြောင်း သိရသည်။
မနီလာ၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မာဂွင်ဒါနိုပြည်နယ်တွင် မူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်မှု စစ်ဆင်ရေးများအတွင်း မြို့တော်ဝန်ဟောင်းတစ်ဦးနှင့် ၎င်း၏ အစ်ကိုဖြစ်သူတို့ ဇန်နဝါရီလ ၄ ရက်အစောပိုင်းက သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဝါရှင်တန် ၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ ဖလော်ရီဒါ ပြည်နယ် တွင် ဇန်နဝါရီ ၃ ရက် ညနေပိုင်း အချိန်၌ ကားအများဆင့်တိုက်မှု ဖြစ်ပွား ခဲ့ပြီး လောင်စာဆီ ယိုစိမ့်မှုကြောင့် မီးလောင်မှု ဖြစ်ပွား ခဲ့ရာ လူ အနည်းဆုံး...
နယူးဒေလီ၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ရပ်ကွက်တစ်ခုတွင် ဓာတ်ငွေ့ဆလင်ဒါအိုးပေါက်ကွဲမှုပြီးနောက် အဆောက်အဦတစ်လုံး ဇန်နဝါရီလ ၃ ရက်ညပိုင်းက ပြိုကျခဲ့ရာ လူ ၇ ဦး ထက်မနည်းသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ မီဒီယာ. သတင်းမျာအးရ သိရသည်။
ဒါကာ၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဒီဇင်ဘာလ ၃၀ ရက်က လွှတ်တော်ရွေးကောက်ပွဲပြီးနောက် အတိုက်အခံများ သပိတ်မှောက်နေသည့်ကြားမှ အသစ်ရွေးကောက်ခံထားရသော လွှတ်တော်အမတ်များက ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။