Connect with us

International Organizations

ကမ္ဘာ့နိုင်ငံ အများအပြား က လူ့အခွင့်အရေးကောင်စီ တွင် အမေရိကန် နိုင်ငံ၏ တစ်ဖက်သတ် အရေးယူပိတ်ဆို့မှု အပေါ် ပြစ်တင်ဝေဖန်

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ တွင် အစည်းအဝေး တစ်ခု ကျင်းပ ပြုလုပ်နေစဉ် (ဆင်ဟွာ)

ဂျီနီဗာ ၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၄၅ ကြိမ်မြောက် အစည်းအဝေး ကို စက်တင်ဘာ ၂၂ ရက် တွင် ကျင်းပ ပြုလုပ် ခဲ့ပြီး တစ်ဖက်သတ် အရေးယူးပိတ်ဆို့မှု ဆောင်ရွက်ခြင်း က လူအခွင့်အရေး အတွက်  အနုတ်လက္ခဏာသက်ရောက်မှု ဖြစ်စေကြောင်း အထူးအစီရင်ခံစာ တင်သွင်းခဲ့ကြသည်။ 

ယင်းအစည်းအဝေး တွင် ကမ္ဘာ့နိုင်ငံ အများအပြား က အမေရိကန် နိုင်ငံ၏ တစ်ဖက်သတ် အရေးယူပိတ်ဆို့မှု ဆောင်ရွက်ခဲ့ခြင်းကြောင့် အပိတ်ဆို့ခံရသည့် နိုင်ငံရှိ ပြည်သူများအတွက် စားနပ်ရိက္ခာ နှင့် ဆေးဝါးကုသမှု စသည့် အခြေခံပစ္စည်း နှင့် ဝန်ဆောင်မှု ရရှိနိုင်ရန် အခက်အခဲဖြစ်ပေါ်စေကြောင်း  နှင့် ယင်းလုပ်ရပ်မှာ လူအခွင့်အရေး ကို ဆိုးရွားစွာ ဆိုးဖောက်နေသလို လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရန် အတွက် အတားအဆီး ဖြစ်စေခဲ့ကြောင်း ဝေဖန် ခဲ့ကြသည်။

ဆီးရီးယား ၊ အီရတ် ၊ ဘော့ဆွာနာ ၊ အင်ဒိုနီးရှား ၊ မလေးရှား ၊ ဇင်ဘာဘွေ ၊ ဆူဒန် နှင့် အီဂျစ် စသည့် နိုင်ငံများ က အစည်းအဝေး တွင် တစ်ဖတ်သတ် အရေးယူပိတ်ဆို့မှု ဆောင်ရွက်ခြင်း သည် အပိတ်ဆို့ခံ နိုင်ငံရှိ ပြည်သူလူထု ၏ အသက်ရှင်သန်ခွင့်ကို ထိခိုက်စေကြောင်း ၊ ထို့ပြင် ပြည်သူများ၏ ကျန်းမာရေး အခွင့်အရေး နှင့် ကောင်းမွန်စွာ ရှင်သန်နေထိုင်ရေး အခွင့်အရေး ကိုလည်း ထိခိုက်စေခဲ့ကြောင်း ၊ တစ်ဖက်သတ် အရေးယူ ပိတ်ဆို့မှု ကြောင့် သက်ဆိုင်ရာ နိုင်ငံများ မှ ဆေးဘက်ဆိုင်ရာ ပစ္စည်းများ ကို အချိန်မီ မရရှိသဖြင့် အမျိုးသမီး ၊ ကလေးငယ် နှင့် မသန်းစွမ်းသူ တို့အပေါ် များစွာ ထိခိုက်စေခဲ့ကြောင်း ပြောကြား ခဲ့သည်။ ကျူးဘား နှင့် ဘီလာရုစ် နိုင်ငံ တို့ က အစည်းအဝေး တွင် အမေရိကန် နိုင်ငံ ၏ အရေးယူပိတ်ဆို့မှု က လူ့အခွင့်အရေး ကို ထင်ရှားစွာ ချိုးဖောက်ခြင်း ဖြစ်ကြောင်း ၊ ကပ်ရောဂါ ဖြစ်ပွားစဉ် ကာလအတွင်း အမေရိကန် နိုင်ငံ က အရေးယူပိတ်ဆို့မှု ကို ပိုမိုတင်းကျပ်စွာဆောင်ရွက် ခဲ့သဖြင့် သက်ဆိုင်ရာ နိုင်ငံ အနေဖြင့် အရေးကြီး ထောက်ပံ့ရေး ပစ္စည်းများကို ဝယ်ယူနိုင်စွမ်း မရှိတော့ဘဲ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြီးမားသည့် အတားအဆီး ဖြစ်စေခဲ့ကြောင်း ပြောကြား ခဲ့သည်။  အီရန်နိုင်ငံ က အစည်းအဝေး တွင် အမေရိကန် နိုင်ငံ ၏ အီရန် နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှု ဆောင်ရွက်ခြင်း သည် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မူဝါဒ နှင့် နိုင်ငံတကာ ဥပဒေ ကို မထီမဲ့မြင် ပြုခြင်း ဖြစ်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် အမေရိကန် နိုင်ငံ အား အရေးယူ ရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ ရုရှား နိုင်ငံ နှင့် ဗင်နီဇွဲလား နိုင်ငံ တို့ က အစည်းအဝေး တွင် အချို့နိုင်ငံများ ၏ တစ်ဖက်သတ် အရေးယူ ပိတ်ဆို့မှု ဆောင်ရွက်သည့် ရည်ရွယ်ချက်က ရောင်စဉ်တော်လှန်ရေး (Colour revolution) ဖြစ်ပွားစေရန် ဖြစ်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် အမေရိကန် နိုင်ငံ၏ တစ်ဖတ်သတ် အရေးယူပိတ်ဆို့မှု အား ခုခံတွန်းလှန် ရန် တိုက်တွန်းကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ ကိုယ်စားလှယ် က အစည်းအဝေး တွင် အချို့ နိုင်ငံသည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း ၏ ရည်ရွယ်ချက် နှင့် ကျင့်ဝတ် တို့ကို ဂရုမစိုက်ဘဲ နိုင်ငံတကာဥပဒေ ကိုလည်း မလိုက်နာကြောင်း ၊ အခြားနိုင်ငံ စီးပွားရေး  နှင့် ဘဏ္ဍာရေး အပေါ် တစ်ဖတ်သတ် အရေးယူ ပိတ်ဆို့မှု ဆောင်ရွက် ခဲ့ကြောင်း ၊ တစ်ဖက်သတ် အရေးယူပိတ်ဆို့မှု က နိုင်ငံတကာ နိုင်ငံရေး နှင့် စီးပွားရေး စနစ် ကို ဆိုးရွားစွာ ထိခိုက်စေပြီး ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှု စနစ် ကို ပြင်းထန်စွာ ထိခိုက်စေ ကြောင်း ၊ အရေးယူပိတ်ဆို့ခံရသည့် နိုင်ငံ အနေဖြင့်လည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှင့် လူနေမှု ဘဝ မြှင့်တင်ရေး တို့ အတွက် ထိခိုက်မှု ဖြစ်ပွား စေခဲ့သဖြင့် စနစ်တကျ လူ့အခွင့်အရေး ကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

လူ့အခွင့်အရေးကောင်စီ နှင့် အထူးအစီရင်ခံစာတင်သွင်းသူတို့က သက်ဆိုင်ရာ နိုင်ငံများ အနေဖြင့် တစ်ဖတ်သတ် အရေးယူပိတ်ဆို့မှု ဖယ်ရှားပေးရန် တိုက်တွန်း ခဲ့ပြီး အခြား နိုင်ငံ ပြည်သူလူထု ၏ လူ့အခွင့်အရေး ထပ်မံ မချိုးဖောက်ရန် ပြောကြား ခဲ့ကြသည်။  (Xinhua)