Connect with us

International Organizations

ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်က လုံခြုံရေးကောင်စီတွင် အမေရိကန်နိုင်ငံ၏ ရန်ပြုတိုက်ခိုက်မှုအပေါ် ပြင်းထန်စွာ ဝေဖန်ကန့်ကွက်

ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ကျန်းကျွင်း က စက်တင်ဘာ ၂၄ ရက်၌ ကျင်းပ ပြုလုပ်သော လုံခြုံရေးကောင်စီ အစည်းအဝေး အား တက်ရောက်ခဲ့စဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ကျန်းကျွင်း က စက်တင်ဘာ ၂၄ ရက်၌ လုံခြုံရေးကောင်စီတွင် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်နိုင်ငံ ကိုယ်စားလှယ်၏ ကုလသမဂ္ဂ နှင့် တရုတ်နိုင်ငံအပေါ် ရန်ပြုတိုက်ခိုက်မှုအား ပြင်းထန်စွာ ဝေဖန်ကန့်ကွက်ခဲ့ပြီး အမေရိကန်နိုင်ငံ အနေဖြင့် ကုလသမဂ္ဂနှင့်လုံခြုံရေးကောင်စီ ပလက်ဖောင်းကို အသုံးပြု၍ နိုင်ငံရေးရောဂါပိုးကို ဖြန့်ဝေနေခြင်းဖြစ်ကြောင်း ၊ အမေရိကန်နိုင်ငံ အနေဖြင့် မဟုတ်မမှန်သော သတင်းများကိုဖြန့်ကာ ထိပ်တိုက်ရင်ဆိုင်မှု နှင့် ခွဲထွက်မှုတို့ကို ဖန်တီးပြီး ကမ္ဘာ့စည်းလုံးညီညွတ်စွာ ကပ်ရောဂါတိုက်ဖျက်ရေး ကြိုးပမ်းဆောင်ရွက်မှု ကို နှောက်ယှက်နေကြောင်း ပြောကြား ခဲ့သည်။

ကျန်းကျွင်းက လုံခြုံရေးကောင်စီ၏ အဖွဲ့ဝင်အများစုက နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုမူဝါဒကို ခိုင်မြဲစွာထိန်းသိမ်းရန် ၊ စည်းလုံးညီညွတ်စွာပူးပေါင်းဆောင်ရွက်မှုကိုတိုးမြှင့်ရန် ပြောဆိုနေကြခြင်းကို ကြည့်ခြင်းအားဖြင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ဘုံသဘောတူညီချက်ကို ပေါ်လွင်စေခဲ့ကြောင်း ၊ သို့သော်ဝမ်းနည်းဖွယ်ကောင်းသည်မှာ အမေရိကန်နိုင်ငံကိုယ်စားလှယ်၏ပြောဆိုမှုသည် လုံခြုံရေးကောင်စီ အစည်းအဝေးနှင့် မသင့်လျော်သောပြောဆိုမှုဖြစ်နေပြီး တရုတ်နိုင်ငံ အနေဖြင့် အမေရိကန်နိုင်ငံ၏ အကြောင်းမဲ့ပြစ်တင်ပြောဆိုမှုအပေါ် ခိုင်မြဲစွာဆန့်ကျင်ပြီးလုံးဝလက်မခံကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ကျန်းကျွင်း က အမေရိကန်နိုင်ငံ အနေဖြင့် အမြန်ဆုံး အခြားနိုင်ငံအပေါ် အပြန်အလှန်လေးစားသည့် ဆက်ဆံမှုပုံစံ ပြန်လည်ဆောင်ရွက်ရန်မျှော်လင့်ပြီး အပြန်အလှန်အကျိုးဖြစ်ထွန်းစေသည့် ပူးပေါင်းဆောင်ရွက်မှုလမ်းကြောင်းအပေါ် ပြန်လည်တက်လှမ်းကာ ကမ္ဘာ့တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ထမ်းဆောင်ရမည့်တာဝန်များကို တာဝန်ယူသွားစေလိုကြောင်းပြောကြားခဲ့သည်။  (Xinhua)