ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံတွင် နိုဝင်ဘာလ ၌ ကျင်းပပြုလုပ်မည့် နိုင်ငံပေါင်း ၅ဝ ကျော်မှ အလှမယ်များဝင်ရောက်ယှဉ်ပြိုင်သည့် ငါးကြိမ်မြောက် Miss Global 2017 ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ပြီး ယခုနှစ်တွင် ကျင်းပမည့် Miss Global Myanmar...
ဝါရှင်တန် ၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က ဇူလိုင် ၂၆ ရက်နေ့၌ လူမှုကွန်ရက် စာမျက်နှာတွင် အမေရိကန် နိုင်ငံ အစိုးရ အနေဖြင့် လိင်ပြောင်းလဲထားသူများ စစ်တပ်အတွင်း တာဝန်ထမ်းဆောင်ခြင်း ကို လက်ခံခွင့်ပြုပေးမည် မဟုတ်ကြောင်း...
ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ကွပ်ကဲမှုဗဟိုဌာနသို့ ပြည်သူလူထုက အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့နိုင်သည့် မန္တလေးခရိုင်ပြင်ပမြို့နယ်များမှ ခေါ်ဆိုသည့်Hot Line (အရေးပေါ်) ဖုန်းနံပါတ်ကို ဝ၂-၄ဝ၂၇၁၉၉ သို့ စက်တင်ဘာ ၁ ရက်မှ စတင်ပြောင်းလဲအသုံးပြုမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
လော့စ်အိန်ဂျလိစ်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ Utah ပြည်နယ်ရှိ အဝေးပြေးလမ်းမပေါ်သို့ ဇူလိုင်လ ၂၆ ရက်က လေယာဉ်ငယ် တစ်စင်း ပျက်ကျခဲ့ရာ လေယာဉ်ပေါ် လိုက်ပါလာသည့် လူ လေးဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ ရုပ်မြင်သံကြား သတင်း၌ ဖော်ပြထားသည်။
ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ် အတွင်း မိုင်းပျဉ်းကျေးရွာ၏အရှေ့မြောက်ဘက် မီတာ ၁၉၀၀ အကွာ၌ တရားမဝင်အင်သစ်လုံး ၂၄၀၀ လုံး(ခန့်မှန်း၄၈၀ တန်ခန့်)အား ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။