Connect with us

Culture & Entertainment

Miss Global World 2017 ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်မည်

Miss Global Myanmar 2017 ပြိုင်ပွဲကြော်ငြာအားတွေ့ရစဉ် (ဓာတ်ပုံ-- Miss Global Myanmar Organization)

ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံတွင် နိုဝင်ဘာလ ၌ ကျင်းပပြုလုပ်မည့် နိုင်ငံပေါင်း ၅ဝ ကျော်မှ အလှမယ်များဝင်ရောက်ယှဉ်ပြိုင်သည့် ငါးကြိမ်မြောက် Miss Global 2017 ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ပြီး ယခုနှစ်တွင် ကျင်းပမည့် Miss Global Myanmar 2017 ပြိုင်ပွဲအတွက် လျှောက်လွှာများကို သြဂုတ် ၁ ရက်မှစတင်ကာ စက်တင်ဘာ ၁ဝ ရက်အထိ ရန်ကုန်မြို့ရှိ ပွင့်ဦး Showrooms များတွင် လျှောက်လွှာများကို ဝယ်ယူနိုင်ကြောင်း Miss Global Myanmar Organization မှ သိရသည်။

လူတွေ့စစ်ဆေးမှုများကို စက်တင်ဘာ ၁၂ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး၊ စက်တင်ဘာ ၂၃ ရက်တွင် နောက်ဆုံးအဆင့် အလှမယ် ၂ဝ ကို ရွေးချယ်သွားမည်ဖြစ်ကာ ရွေးချယ်ပြီးသော နောက်ဆုံးအဆင့် အလှမယ် ၂ဝ ကို စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၁၃ ရက်အထိ ပြည်တွင်း ပြည်ပ အတွေ့အကြုံရှိ ဆရာများနှင့် Camp (စခန်းသွင်း) လေ့ကျင့် သွားမည်ဖြစ်သည်။ နောက်ဆုံး Miss Global Myanmar 2017 အလှမယ်သရဖူဆုရှင်ကို အောက်တိုဘာ ၁၄ ရက်တွင် ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့အလှနှင့် ယဉ်ကျေးမှုကို ကမ္ဘာ့နိုင်ငံများအလယ်တွင် ဖော်ထုတ်ပြလိုသည့် ရည်ရွယ်ချက်ကြောင့် Miss Global 2017 ပြိုင်ပွဲသို့ မြန်မာအလှမယ်အား ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.