Connect with us

North America

အမေရိကန်တွင် အဝေးပြေးလမ်းပေါ် လေယာဉ် ပျက်ကျ၊ လူ လေးဦး သေဆုံး

Beech A36 Bonanza လေယာဉ်ငယ် တစ်စင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

လော့စ်အိန်ဂျလိစ်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ Utah ပြည်နယ်ရှိ အဝေးပြေးလမ်းမပေါ်သို့ ဇူလိုင်လ ၂၆ ရက်က လေယာဉ်ငယ် တစ်စင်း ပျက်ကျခဲ့ရာ လေယာဉ်ပေါ် လိုက်ပါလာသည့် လူ လေးဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ ရုပ်မြင်သံကြား သတင်း၌ ဖော်ပြထားသည်။

အဆိုပါ Beech A36 Bonanza လေယာဉ်မတော်တဆမှုသည် Utah ပြည်နယ် မြို့တော် Salt Lake မြို့မြောက်ဘက် ၆၀ ကီလိုမီတာအကွာရှိ လေဆိပ်မှ ထွက်ခွာပြီးနောက် မိုင်ဝက်ခန့်အရောက်တွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။

တွစ်တာပေါ်တွင် တင်ထားသည့် ဓာတ်ပုံများအရ လေယာဉ်မှာ အဝေးပြေးလမ်းကြောရှိ ကားများအား မတိုက်မိဘဲ လွဲချော်သွားခဲ့ပြီး အနီးရှိ ယာဉ်မောင်းများကလည်း ၎င်းတို့ကားများကို လမ်းဘေးသို့ ချက်ချင်း ဆွဲချကာ ကူညီရန် အပြေးအလွှားကြိုးစားခဲ့ကြကြောင်း သိရသည်။

“အဲဒီ လေယာဉ်က အဝေးပြေးလမ်းမရဲ့အလယ်ကို ဦးစိုက်ထိုးဆင်းခဲ့တယ်။ ပြီးတော့ ပေါက်ကွဲခဲ့ပြီး လမ်း တစ်ခုလုံး မီးတောက်တွေ ဖုံးလွှမ်းသွားခဲ့တယ်” April Demetropolis ၏ ယာဉ်မောင်း တစ်ဦးက KSL သတင်း ချန်နယ်သို့ ပြောကြားခဲ့သည်။ ယင်း လေယာဉ် ပျက်ကျမှုကြောင့် တုန်ခါမှုနှင့် ပေါက်ကွဲမှု အရှိန်ကြောင့် အပူရှိန် ခံစားခဲ့ရကြောင်း လေယာဉ်ပျက်ကျရာနေရာနှင့် နီးကပ်စွာ ရှိနေသည့် ထို အမျိုးသမီးက ပြောသည်။

လေယာဉ် တိုက်မှုကြောင့် ဆုံးရှုံးနစ်နာသူ စာရင်းအား ထုတ်ပြန်ထားခြင်း မရှိသေးကြောင်းနှင့် ယင်းဖြစ်စဉ်အား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့်လကလည်း လော့စ်အိန်ဂျလိစ် အနီးတွင် လေယာဉ်ငယ် တစ်စင်း ပျက်ကျခဲ့ပြီး လေယာဉ်ပေါ် လိုက်ပါလာသူ ရက်ပေါင်း ၈၂ ရက်ကြာ ကမ္ဘာပတ်ခဲ့သူ အတွေ့အကြုံရှိ လေယာဉ်မှူး တစ်ဦး အပါအဝင် လူ နှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.