Connect with us

North America

ဒေါ်နယ်ထရမ့် က အမေရိကန် အစိုးရ အနေဖြင့် လိင်ပြောင်းလဲထားသူ များ စစ်မှုထမ်းဆောင်ခြင်း ကို တားမြစ် မည် ဖြစ်ကြောင်း ပြောကြား

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က ဇူလိုင် ၂၆ ရက်နေ့၌ လူမှုကွန်ရက် စာမျက်နှာတွင် အမေရိကန် နိုင်ငံ အစိုးရ အနေဖြင့် လိင်ပြောင်းလဲထားသူများ စစ်တပ်အတွင်း တာဝန်ထမ်းဆောင်ခြင်း ကို လက်ခံခွင့်ပြုပေးမည် မဟုတ်ကြောင်း ပြောကြား ခဲ့ပြီး ယင်းပြောဆိုမှု သည် အမေရိကန် နိုင်ငံ အတွင်း အငြင်းပွားမှုကြီး တစ်ရပ် ဖြစ်ပွား စေခဲ့သည်။

ဒေါ်နယ်ထရမ့် က အမေရိကန် စစ်တပ် အနေဖြင့် တိုက်ပွဲ အောင်မြင်မှု ရရှိရန်ကိုသာ ဦးစားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ လိင်ပြောင်းလဲ ထားသူ များသည် တပ်ဖွဲ့အတွင်း ဆေးဝါးကုသရေး ပိုင်းဆိုင်ရာ အရင်းအနှီးပိုမိုများပြား လာစေမည် ဖြစ်ပြီး ဖွဲ့စည်းပုံ ကို အနှောက်အယှက် ဖြစ်စေသောကြောင့် အမေရိကန် စစ်တပ် အနေဖြင့် လက်မခံ နိုင်ကြောင်း ၊ ယင်းကိစ္စ နှင့် ပတ်သက်၍ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များ နှင့် ပညာရှင် တို့ဖြင့် ဆွေးနွေး တိုင်ပင်မှု ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန က ဒေါ်နယ်ထရမ့် ၏ ပြောဆိုမှု နှင့် ပတ်သက်၍ မထင်မှတ်ထားကြောင်း သဘောထား ထုတ်ပြန်မှု ပြုလုပ်ခဲ့ပြီး ကာကွယ်ရေး ဝန်ကြီးဌာန မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦး က ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် လက်ရှိချိန်တွင် အိမ်ဖြူတော် နှင့် အတူတကွ ဒေါ်နယ်ထရမ့် ၏ ညွှန်ကြားမှု အသစ် နှင့် ပတ်သက်၍ ညှိနှိုင်းဆောင်ရွက်မှု ပြုလုပ်နေကာ ပြန်လည်ပြုပြင်ပြီးသည့် ညွှန်ကြားမှု ကို ကာကွယ်ရေးဝန်ကြီးဌာန အရာရှိ ထံသို့ အမြန်ဆုံး သတင်းပို့ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Sarah Huckabee Sanders က ဇူလိုင်လ ၂၆ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ တွင် လိင်ပြောင်းလဲထားသူများအား စစ်မှုထမ်းခွင့် တားမြစ်ခြင်းသည် စစ်ဘက်ဆိုင်ရာ မူဝါဒ တစ်ခုဖြစ်ပြီး ဒေါ်နယ်ထရမ့် အနေဖြင့် လက်ရှိကျင့်သုံးနေသော မူဝါဒ များသည် စစ်တပ် ကာကွယ်မူပိုင်းဆိုင်ရာ နှင့် စုစည်းမှုပိုင်းဆိုင်ရာ စွမ်းရည် တို့ကို ထိခိုက်မှု ရှိမည်ကို စိုးရိမ် ခဲ့ကြောင်း ၊ အိမ်ဖြူတော် နှင့် ကာကွယ်ရေး ဝန်ကြီး ဌာန တို့က ဒေါ်နယ်ထရမ့် ၏ ညွှန်ကြားမှု ကို ဆောင်ရွက် နိုင်ရန် အတူတကွ ကြိုးပမ်း နေကြောင်း ပြောကြား ခဲ့သည်။

ဒေါ်နယ်ထရမ့် ၏ အထက်ပါ ပြောဆိုမှု သည် အမေရိကန် နိုင်ငံ နိုင်ငံရေး နယ်ပယ် နှင့် လူမှုရေး ကဏ္ဍ ပုဂ္ဂိုလ် အသီးသီး တို့၏ လက်မခံမှု ကို ဖြစ်ပွားစေခဲ့သည်။ အမေရိကန် နိုင်ငံ သမ္မတဟောင်း Jimmy Carter က ဒေါ်နယ်ထရမ့် ၏ ပြောဆိုမှု နှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာချက် တစ်ခု ပြုလုပ်ခဲ့ပြီး ထုတ်ပြန်ချက်တွင် စစ်တပ်တပ်ဖွဲ့ဝင် တစ်ယောက်အနေဖြင့် အဓိက အရေးကြီးဆုံး မှာ တာဝန် ကို ကောင်းမွန်စွာ ထမ်းဆောင် နိုင်ခြင်း ရှိမရှိဖြစ်ပြီး အခြားသတ်မှတ်ချက်များ ဖြင့် စစ်မှုထမ်းခွင့် သတ်မှတ်ခြင်းသည် စစ်တပ်အတွင်း သြဇာသက်ရောက်မှု မရှိနိုင်ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန က စစ်တပ် အတွင်း လိင်ပြောင်းလဲထားသူ မည်မျှရှိကြောင်း နှင့် ပတ်သက်၍ ငြင်းဆိုခဲ့သော်လည်း အမေရိကန် နိုင်ငံ RAND အကြံပေး အဖွဲ့အစည်း ၏ ၂၀၁၆ ခုနှစ် က ထုတ်ပြန်ခဲ့သည့် ကြေညာချက်အရ အမေရိကန် နိုင်ငံ တွင် စစ်မှုထမ်း တပ်သားပေါင်း ၁.၃ သန်းခန့်ရှိပြီး လိင်ပြောင်းလဲထားသူပေါင်း သောင်းနှင့်ချီ၍ ရှိကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.