တိုကျို၊ ဇွန် ၂၅ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ အလယ်ပိုင်း နာဂါနိုစီရင်စု တွင် ကနဦးတိုင်းတာချက် အရ ရစ်ချ်တာစကေး ၅.၇အင်အားရှိသည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဂျပန်နိုင်ငံ မိုးလေဝသဋ္ဌာန က ဇွန်လ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ပေကျင်း၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ဘက် စီချွမ်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် မြေပြိုမှုကြောင့် နစ်မြုပ်သွားသူများ အားလုံးကို ဖြစ်နိုင်သည့် နည်းလမ်းများ အားလုံး အသုံးပြု၍ ကယ်ဆယ်ရန် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ညွှန်ကြားခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) မြန်မာလက်ရွေးစင်အသင်းသည် အာဆီယံထိပ်သီး ထိုင်းလက်ရွေးစင်အသင်းနှင့် မန္တလေးမြို့၌ ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ယင်းခြေစမ်းပွဲကို အောက်တိုဘာ ၅ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ပထမ ဗဟိုကော်မတီ သတ္တမအကြိမ်ပုံမှန်အစည်းအဝေးမှ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်အတွက် မဟာဗျူဟာနှင့် နည်းဗျူဟာများ ချမှတ်နိုင်မည်ဖြစ်ကြောင်း ယနေ့အစည်းအဝေး၏ သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်သည့် ဗဟိုကော်မတီဝင် ဦးအောင်ကြည်ညွှန့်က ပြောကြားသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်မွေးစားခံရခြင်းဘေး၊ခုတုံးလုပ်ခံရခြင်းဘေးနှင့် ထောင်လွှားခြင်းဘေး ဘေးသုံးဘေးကို ရှောင်လွားရန်လိုအပ်ပြီးယင်းဘေးသုံးဘေးကို ရှောင်လွှားရန် NLD၏...
ချန်ဒူ၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ စီချွမ်ပြည်နယ် အနောက်တောင်ဘက်တွင် ယနေ့ (ဇွန်လ ၂၄ ရက်) နံနက်ပိုင်းတွင် မြေပြိုမှု ဖြစ်ပွားပြီး ငါးနာရီအကြာတွင် မိသားစု တစ်စုမှ အသက်ရှင်သူ သုံးဦးအား ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။